သစ္စာ တော်လှန်ရေး စာပေက ၂ဝဝ၅ အောက်တိုဘာ လမှာ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဝင်းတင့်ထွန်းရဲ့ ‘(၆) တိုက်မှာ လောက်ကိုက်တာ ခံဖူးသလားနှင့် အခြား ထောင်ဝတ္ထုတိုများ’ စာအုပ်ကနေ စာရေးသူ “ဝင်းတင့်ထွန်း ကိုယ်ရေး အကျဉ်း” ကို ပြန်လည် ကူးယူ လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။

- ၁၉၅၄ ဇန်နဝါရီ ဖွား။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တောရွာ တရွာမှာ မွေးဖွားတယ်။

  • ၁၉၇၃ ခုနှစ်မှာ မိုးဝေ မဂ္ဂဇင်းကနေ ကဗျာဖြင့် စာပေလောက အတွင်း တရားဝင် ရောက်ရှိတယ်။
  • ၁၉၇၃ မှ ၁၉၈၈ အတွင်း မိုးဝေ၊ သောင်းပြောင်း ထွေလာ၊ မြတ်လေး မဂ္ဂဇင်းတို့မှာ ကဗျာ၊ ဝတ္ထုတို သရော်စာတွေ ရေးခဲ့တယ်။
  • ပထမဆုံး လုံးချင်း စာအုပ်ဟာ ကဗျာစာအုပ်ဖြစ်။ ဆရာ တင်မိုးနဲ့ ညွန့်ကြူး တို့ အမှာ ရေးသား ပေးကြတဲ့ လုံးချင်း ကဗျာရှည် စာအုပ်။ “နိုးနေသော လင်္ကာသည်” (၁၉၈ဝ ပြည့်နှစ်ထုတ်) ဖြစ်တယ်။
  • ၁၉၈၂ မှ ၁၉၈၆ အထိ နိုင်ငံရေး အကျဉ်းသာ းအဖြစ် ပုဒ်မ - ၅/ညနဲ့ အင်းစိန်ထောင်၊ သာယာဝတီထောင် တို့မှာ နေခဲ့ရတယ်။
  • ရှစ်လေးလုံး အရေးတော်ပုံ အတွင်း စစ်အစိုးရကို ဆန့်ကျင် ကန့်ကွက် ခဲ့ကြတဲ့ စာပေ အနုပညာရှင်များ လက်မှတ် ရေးထိုး ကန့်ကွက်လွှာ တင်ရာမှာ ပါဝင် လက် မှတ် ရေးထိုးခဲ့တယ်။ အရေးတော်ပုံကြီး အတွင်း စာနယ်ဇင်း သမဂ္ဂ (ယာယီ) မှာ သာမန် အဖွဲ့ဝင် အဖြစ် ပါဝင်တယ်။
  • နိုင်ငံရေး ပါတီတွေ ပေါ်ပေါက်လာတဲ့ အခါ ပြည်သူ့ တိုးတက်ရေး ပါတီ၊ ဗဟိုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် (၁)၊ ပါတီ ဖျက်သိမ်းခံရပြီး ဝရမ်းပြေးတဲ့ အခါ မန္ဈလေးမှာ ရေးသား ထုတ်ဝေ ဖြစ်ခဲ့တဲ့ စာအုပ် ကတော့ “၁၃၅ဝ ပြည့် အရေးတော်ပုံ” (လုံးချင်း ကဗျာစာအုပ်) နဲ့ “နဝတ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ (၁၉၉ဝ)” တို့ ဖြစ်တယ်။
  • ပြည်ပကို ရောက်လာပြီးနောက် ရေးသား ထုတ်ဝေ ဖြစ်ခဲ့တဲ့ စာအုပ်တွေ ကတော့ -
  1. ခွပ်ဒေါင်းတို့ရဲ့ တွန်ကျူးသံ ( ကဗျာစာအုပ်၊ တက္ကသိုလ် စိန်ရတု အထိမ်းအမှတ် ဗကသ ကထုတ်၊ ၁၉၉၅)၊
  2. ရွှေလီမှာ သိက္ခာ နှစ်ထပ်နဲ့လူ (ကဗျာ၊ ၁၉၉၆)၊
  3. ထောင်စုဟောင်းကို နုတ်ဆက် ထောင်စုသစ် အတွက် အကြို (ကဗျာစာအုပ်၊ နိုဝင်ဘာ၊ ၂ဝဝဝ ပြည့်နှစ်)၊
  4. သံတိုင်ကြား ကြွေသွားရတဲ့ ကြယ်စင်တွေ (ရုပ်ပုံလွှာ စကားပြေ၊ ဩဂုတ်လ၊ ၂ဝဝ၁)၊
  5. (၆) တိုက်မှာ လောက်ကိုက်တာ ခံဖူးသလားနှင့် အခြား ထောင်ဝတ္ထုတိုများ (သစ္စာ တော်လှန်ရေး စာပေ၊ ၂ဝဝ၅ အောက်တိုဘာ)၊

မိုးကြိး၊ ခေတ်ပြိင်၊ ဒေါင်းအိုးဝေ၊ သစ္စာ စတဲ့ စာစောင် မဂ္ဂဇင်း ဂျာနယ်တွေမှာလဲ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးလေးတွေ ရေးနေတယ်။ ရေးခဲ့တယ်။