ဝင်းဒိုး ၁၁ သည် ၂၀၂၁ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ဝင်းတိုးအန်တီလည်ပတ်စနစ်တစ်ခုဖြစ်ပြီး မိုက်ခရိုဆော့ဖ်မှ ထွင်သည်။

Windows 11
Windows NT စက်မောင်းစနစ်၏ ဗားရှင်းတစ်ခု
Windows 11 Logo
Screenshot showing the new Start menu and centered taskbar, with the Search box[၁]
ဖန်တီးသူMicrosoft
ပရိုဂရမ်းမင်းဘာသာစကား
အိုအက်စ်အဖွဲ့ဝင်Microsoft Windows
ရင်းမြစ်အမျိုးအစား
ရရှိနိုင်မှုအောက်တိုဘာ ၅၊ ၂၀၂၁; ၂ နှစ် အကြာက (၂၀၂၁-၁၀-05)[၈]
ဈေးကွက်ပစ်မှတ်Personal computing
ရရှိနိုင်မည့်
ဘာသာစကားများ
Afrikaans, Albanian, Amharic, Arabic, Armenian, Assamese, Azerbaijani, Bangla (Bangladesh), Bangla (India), Basque, Belarusian, Bosnian, Bulgarian, Catalan, Central Kurdish, Cherokee, Chinese (Simplified), Chinese (Traditional), Croatian, Czech, Danish, Dari – Persian (Afghanistan), Dutch, German, Greek, English (United Kingdom), English (United States), Estonian, Finnish, Filipino, French (Canada), French (France), Galician, Georgian, Gujarati, Hausa, Hebrew, Hindi, Hungarian, Icelandic, Igbo, Indonesian, Irish, Italian, Japanese, Kannada, Kazakh, Khmer, K'iche', Kinyarwanda, Konkani, Korean, Kyrgyz, Lao, Latvian, Lithuanian, Luxembourgish, Macedonian, Malay, Malayalam, Maltese, Maori, Marathi, Mongolian, Nepali, Northern Sotho, Norwegian Bokmål, Norwegian Nynorsk, Odia, Persian (Iran), Punjabi (Gurmukhi), Punjabi (Shahmukhi), Polish, Portuguese (Brazil), Portuguese (Portugal), Quechua, Romanian, Russian, Scottish Gaelic, Serbian (Cyrillic, Bosnia & Herzegovina), Serbian (Cyrillic, Serbia), Serbian (Latin), Sindhi (Arabic), Sinhala, Slovak, Slovenian, Spanish (Argentina, Bolivia, Chile, Colombia, Costa Rica, Ecuador, Dominican Republic, El Salvador, Guatemala, Honduras, Latin American, Mexico, Panamá, Paraguay, Peru, Puerto Rico, Spain, Uruguay, Venezuela), Swahili, Swedish, Tajik, Tamil, Tatar, Telugu, Thai, Tigrinya, Tswana, Turkish, Turkmen, Ukrainian, Urdu, Uyghur, Uzbek, Valencian, Vietnamese, Welsh, Wolof, Xhosa, Yoruba, Zulu
အဆင့်မြှင့်တင်မှုနည်းလမ်း
Package manager.exe, APPX, appxbundle and APK-based
ပလက်ဖောင်းများx86-64, ARMv8.1[၉]
ကာနဲလ် အမျိုးအစားHybrid (Windows NT kernel)
UserlandNative API
Windows API
.NET Framework
Universal Windows Platform
Windows Subsystem for Android
Windows Subsystem for Linux
Default user interfaceWindows shell (graphical)
ယခင်အမျိုးအစားWindows 10 (2015)
ဝက်ဘ်ဆိုဒ်microsoft.com/windows/windows-11
အထောက်အပံ့ပေးမှု အခြေအနေ
See § Versions for more details.

ဖန်တီးခြင်း ပြင်ဆင်ရန်

ဝင်းဒိုး ၁၀ ထွက်ပြီးနောက် မိုက်ခရိုဆော့ဖ်က ဝင်းဒိုး၏ နောက်ဆုံးစနစ်ဖြစ်မည်ဟု ကြေညာသည်။ ဆိုလိုသည်မှာ ၎င်းအပေါ်တွင် ဘေ့လ်ဒ် (build) သစ်များ၊ ဖြည့်စွက်ချက် (update) များထည့်ကာ ပြင်သွားမည်ဟူ၏။ သို့သော် မိုက်ခရိုဆော့ဖ်က သွေးသစ်လောင်းသည်ဆိုကာ အလုပ်ကြော်ငြာစာ ထွက်လာသည်နောက် ဝင်းဒိုးအား ဒီဇိုင်းသစ်ပြင်မည်ဟူသော ခန့်မှန်းချက်များ ပေါ်လာသည်။ နောက် လူသုံးမျက်နှာစာကို ဆန်းသစ်ထားသော ကုတ်အမည် ဆန်းပေသည် (Sun Valley) ဟု အမည်ရသည့် ဝင်းဒိုးသစ်ကို ထွင်တော့သည်။

ဝင်းတိုး အလဲဗန်း၏ အစမ်းတည်ဆောက်ထားသောပုံမှာ ၂၀၂၁ ခု၊ ဇွန်လ ၁၅ ရက်တွင် ပေါက်ကြားသည်။ ဝင်းတိုးသစ်ထွင်နေသည့်သတင်းနှင့် တစ်နေ့တည်းပေါက်ကြားခြင်း ဖြစ်သည်။ ဝင်းတိုးသစ်မှာ တီပီအမ်ခေါ် ပရိုဆက်ဆာဝှက်စာသွင်းထိန်းချုပ်စနစ် တင်ပြီးမှသာ သုံးနိုင်မည်ဖြစ်၍ လက်ရှိသုံးနေသော ဟာ့ဝဲလ်အများစုနှင့် ကိုက်မည်မဟုတ်။

မိုက်ခရိုဆော့ဖ်ဘေ့လ်ဒ် ၂၀၂၁ ဖန်တီးသူများကွန်ဖရင့်၌ အမှုဆောင်အရာရှိချုပ်နှင့်ဥက္ကဋ္ဌ ဆတ်ယ နာဒီလာက သူ့မိန့်ခွန်းတွင် နောက်လာမည့်ဝင်းတိုးအကြောင်းကို တစွန်းတစပြောဖူးသည်။ နောက်တစ်ပတ်ကြာသည့် ၂၀၂၁ ခု၊ ဇွန်လ ၂၄ ရက် ကျင်းပမည့် ဝင်းတိုးသစ်မိတ်ဆက်ပွဲအတွက် ဖိတ်စာပို့တော့သည်။ ၁၁-မိနစ်ကြာသည့် ဝင်းတိုး အဖွင့်သံစဉ်ကို ယူကျု့ဘ်တွင် ဇွန်လ ၁၀ ရက်နေ့က တင်သည်တွင် ဝင်းတိုး အလဲဗန်းအတွက် အမြွက်ပေးခြင်းဟု လူအများစုက မှန်းချက်ထုတ်ကြသည်။

၂၀၂၁ ခု၊ ဇွန်လ ၂၀ ရက်၌ မိုက်ခရိုဆော့ဖ်က ဝင်းတိုး အလဲဗန်းအတွက် အထောက်အကူပြုစာတန်းများလုပ်နေကြောင်း ရှောင်တခင်ကြေညာသည်။

ကိုးကား ပြင်ဆင်ရန်

  1. Warren၊ Tom (June 15, 2021)။ Windows 11 leak reveals new UI, Start menu, and more (in en)။ June 18, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 12, 2021 တွင် ပြန်စစ်ပြီး။
  2. Rust is now up and running in Windows 11 kernel (May 11, 2023)။ July 5, 2023 တွင် ပြန်စစ်ပြီး။
  3. "Microsoft is busy rewriting core Windows code in memory-safe Rust"၊ The Register၊ April 27, 2023။ 
  4. Tung၊ Liam။ "Programming language tools: Windows gets versatile new open-source terminal"၊ ZDNet 
  5. Microsoft is open-sourcing Windows Calculator on GitHubZDNet။ July 3, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 31, 2020 တွင် ပြန်စစ်ပြီး။
  6. GitHub – microsoft/Windows-Driver-FrameworksGitHub။ January 14, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 31, 2020 တွင် ပြန်စစ်ပြီး။
  7. windows formsMicrosoft။ September 13, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 31, 2020 တွင် ပြန်စစ်ပြီး။
  8. Panay၊ Panos (October 4, 2021)။ Windows 11: A new era for the PC begins today။ October 4, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 4, 2021 တွင် ပြန်စစ်ပြီး။
  9. Windows 11 Minimum Hardware Requirements (June 2021)။ November 17, 2022 တွင် ပြန်စစ်ပြီး။