ဝင်းဖေ (ဒါရိုက်တာ)
ဦးဝင်းဖေသည် မြန်မာနိုင်ငံမှ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာ တစ်ဦးဖြစ်သည်။ သူနှင့်ခေတ်ပြိုင် ပန်းချီဆရာ သူငယ်ချင်းများမှာ နိုင်ငံကျော် ပန်းချီဆရာများ ဖြစ်ကြသော ပေါ်ဦးသက်၊ ခင်မောင်ရင်တို့ ဖြစ်သည်။
ဦး ဝင်းဖေ | |
---|---|
မွေးဖွား | ၁၉၃၆ မန္တလေးမြို့ |
နိုင်ငံလူမျိုး | ဗမာ |
နိုင်ငံသား | မြန်မာနိုင်ငံသား |
အလုပ်အကိုင် | ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊စာရေးဆရာ၊ ပန်းချီဆရာ၊ |
ကျော်ကြားမှုအရင်းခံ | စွယ်စုံရ အနုပညာရှင် |
ထင်ရှားသည့် လုပ်ဆောင်မှု | နှင်းဆီနီအိပ်မက် (ရုပ်ရှင်)၊
ပန်းသီတဲ့ကြိုး (ရုပ်ရှင်)၊ ဝင်းဖေ၏ ဝတ္ထုတိုများ (စာပေ)၊ လွယ်အိတ် (စာပေ) |
သားသမီး | မီမီဝင်းဖေ (တေးသံရှင်) |
မိဘ(များ) | ရွှေပြည်ဦးဘတင် |
ရရှိသည့်ဆုများ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု)၊ Star Awards Honorary Awards |
ငယ်ဘဝ
ပြင်ဆင်ရန်ဦးဝင်းဖေသည် ၁၉၃၆-ခုနှစ်၊ မန္တလေးမြို့၌ မွေးဖွားသည်။ ဖခင်မှာ ရွှေပြည်ဦးဘတင် ဖြစ်သည်။
မိသားစုထုံးတမ်းအရ ငယ်စဉ်ကတည်းက ဂီတနှင့် ပန်းချီ မသင်မဖြစ်သင်ကြားခဲ့ရသည်။ ၁၉၅၁-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ မန္တလေးတက္ကသိုလ် နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့ပြီး ဘွဲ့မရခဲ့ပါ။ ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာခေတ်ပေါ် ပန်းချီ စတင်လိုက်စားသူ (၆)ဦး အနက် တစ်ဦးဖြစ်ခဲ့သည်။ ပန်းချီပြပွဲ များစွာတွင် ပါဝင်ခဲ့သည်။ ၁၉၅၉-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ မန္တလေးအခြေစိုက်၊ လူထုသတင်းစာနှင့် စာပေတိုက်တွင် လက်သင်နိုင်ငံခြားရေး အယ်ဒီတာ၊ သရုပ်ဖော် ပန်းချီဆရာ၊ ကာတွန်းဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။
၁၉၆၂-ခုနှစ်မှ ၁၉၆၄-ခုနှစ်အထိ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်တွင် ကျောက်စိမ်း သွားတူးခဲ့သေးသည်။ ၁၉၆၄-ခုနှစ်မှ ၁၉၆၆-ခုနှစ်အထိ ရတနာ ကုန်သည် လုပ်ကိုင်သည်။ ၁၉၆၆-ခုနှစ်မှ ၁၉၇၃-ခုနှစ်အထိ မန္တလေးရှိ အနုပညာ ဦးစီးဌာန၊ ပန်တျာနှင့် အကကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၇၃ - ၁၉၉၄ ဝတ္ထုတို၊ ရုပ်ရှင်ဇာတ်လမ်းနှင့် ဇာတ်ညွှန်းများ ရေးသား၊ ရုပ်ရှင် ဒါရိုက်တာလုပ်၊ နောက်ပိုင်းတွင် ဗီဒီယို ထုတ်လုပ်ရေးပါ လုပ်ကိုင်သည်။ ၁၉၈၁ အကောင်းဆုံး ဒါရိုက်တာအဖြစ် အကယ်ဒမီဆု ရရှိခဲ့သည်။ အခြားသော အကယ်ဒမီဆုများကိုလည်း ၎င်းရိုက်ကူးသည့် ရုပ်ရှင်များမှ ဆွတ်ခူးခဲ့သည်။ ပန်းချီလည်း ဆွဲသည်။
၁၉၉၄ - အမေရိကန်အစိုးရ၏ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်ဖြင့် ယူစီအယ်လ်အေနှင့် ဟောလိဝုဒ်တွင် တစ်လတာ လေ့လာရေး ခရီးထွက်ခဲ့သည်။ နောက်ပိုင်းတွင် အိုင်အိုဝါတက္ကသိုလ်၊ နိုင်ငံတကာ စာရေးဆရာများ အစီအစဉ်သို့ တက်ရောက်ကာ ဂုဏ်ထူးဆောင်ပညာရှင်အဖြစ် ချီးမြှင့်ခြင်း ခံရသည်။
၁၉၉၅ - ၁၉၉၆ အလွတ်တန်း စာရေးဆရာ၊ ပန်းချီဆရာအဖြစ် နယူးယောက်မြို့တွင် ရပ်တည်သည်။
၁၉၉၇ - ၂ဝဝ၅ လွတ်လပ်သော အာရှအသံ ရေဒီယိုဌာနတွင် အကြီးတန်း အသံလွှင့်သူ၊ အကြီးတန်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရေဒီယို အစီအစဉ်များနှင့် ဆောင်းပါးများစွာ ရေးသား ထုတ်လွှင့်ခဲ့သည်။
၂ဝဝ၅ မှ ယနေ့ အထိ - ရေဒီယိုဌာနမှ အနားယူ၊ အချိန်ပြည့် ပန်းချီဆရာ စာရေးဆရာအဖြစ် ရပ်တည်၊ Open Society Institute (OSI) - Burma Project ၏ မြန်မာ့ရုပ်သံမော်ကွန်း အစီအစဉ်များကို မိုးမခ စာနယ်ဇင်းအဖွဲ့နှင့်အတူ ဆောင်ရွက်လျက်ရှိသည်။ မိုးမခ၏ အကြံပေး အမှုဆောင်လူကြီးအဖြစ် ကူညီပေးသည်။ လောလောဆယ် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။
အနုပညာဖန်တီးမှုများ
ပြင်ဆင်ရန်ထင်ရှားသည့် ရုပ်ရှင်လက်ရာများ
ပြင်ဆင်ရန်- နှင်းဆီနီအိပ်မက်
- မဟူရာ
- ပန်းသီတဲ့ကြိုး
- ပန်းစကား
စာအုပ်များ
ပြင်ဆင်ရန်- ဝင်းဖေ၏ ဝတ္ထုတိုများ
- လွယ်အိတ် (ရေဒီယိုအသံလွှင့်ချက်များ)
- ဝင်းဖေ၏ ရုပ်ရှင်ဝတ္ထုနှင့် ဇာတ်ညွှန်းများ
- ဝင်းဖေ၏ ရေဆေးပန်းချီများ
ကာတွန်း
ပြင်ဆင်ရန်- လွန်ခဲ့သော ၅၅ နှစ်က ဝင်းဖေ၏ ကာတွန်းများ
ရရှိခဲ့သော ဆုများ
ပြင်ဆင်ရန်ဆုအမည် | ဆုအမျိုးအစား | ခုနှစ် | ဇာတ်ကား | မှတ်ချက် |
---|---|---|---|---|
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | ရုပ်ရှင်ဒါရိုက်တာဆု | ၁၉၈၁ | နှင်းဆီနီအိပ်မက် | ဆုရရှိ |
Star Awards | ဂုဏ်ထူးဆောင်ဆု | ၂၀၁၉ | ဆုရရှိ |
ကိုးကား
ပြင်ဆင်ရန်- ↑ ၂ဝဝ၇-ခုနှစ်၊ ဇူလိုင်လ၊ (ပထမအကြိမ်) ဖန်မီးအိမ် စာပေချစ်သူများ (ဆန်ဖရန်စစ္စကို) မှ ထုတ်ဝေ ဖြန့်ချိ ခဲ့သော ကဗျာဆရာ ဦးတင်မိုး[၁၉၃၃-၂ဝဝ၇] ကွယ်လွန်ခြင်း (၆)လပြည့် အမှတ်တရ စာစုမှ ရုပ်ရှင် ဒါရိုက်တာ စာရေးဆရာ "ဦးဝင်းဖေ အတ္ထုပ္ပတ္တိ"