ဝင်းမာလေး (၁၉၄၅ ဖွား) [၁]သည် အဆိုတော် တစ်ဦးဖြစ်သည်။ သူသည် ရေဒီယိုဓါတ်ပြားခေတ် အတွင်း ထင်ရှားသူ ဖြစ်ခဲ့သည်။ အဆိုတော် နွဲ့ယဉ်ဝင်း၊သန်းထွန်းလေး၊တင်ဦးလေး တို့နှင့် ခေတ်ပြိုင် ကျော်ကြားသည်။[၂]

ဝင်းမာလေး
မွေးဖွားဒေါ်ရင်စိန်
(1945-10-23) ၂၃ အောက်တိုဘာ၊ ၁၉၄၅ (အသက် ၇၈)
ဥက္ကံဗြိတိသျှဘားမား
အလုပ်အကိုင်ယဉ်ကျေးမှုကဇာတ်ဌာန
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၂-၁၉၈၀
မိဘ(များ)ဦးစောမောင်၊ ဒေါ်အေးကြည်

ငယ်ဘဝ ပြင်ဆင်ရန်

တိုက်ကြီးမြို့နယ် ၊ ဥက္ကံမြို့တွင် မွေးဖွားသည်။ငယ်ရွယ်စဉ် ပညာရေး ကို မွေးရပ် မှာပင် သင်ကြားသည်။ယင်းနောက် ၁၉၅၈ ခုနှစ် တွင် ရန်ကုန်မြို့ ရှိ ပန်တျာကျောင်း တက်ကာ ၁၉၆၁ ခုနှစ် တွင် ကျောင်းပြီးသည်။ ၁၉၆၂ ခုနှစ် တွင် ယဉ်ကျေးမှု ကဇာတ်ဌာန တွင် အလုပ်ဝင်သည်။

အဆိုတော်ဘဝ ပြင်ဆင်ရန်

ပန်တျာကျောင်းတက်နေစဉ် ၁၉၆၀ ခုနှစ် သူ၏ ပထမဆုံးသီချင်းဖြစ်သည့် “ ငယ်ကျွမ်းကိုလွမ်းသည်” ဆိုသည့် သီချင်းကို သီဆိုအသံသွင်းခဲ့သည်။တစ်ကြိမ်ထဲနှင့် ပထမဆုံး မြန်မာ့အသံ ဓါတ်ပြားရသည်။ယင်းနောက် တေးသီချင်းများ ဆက်လက် သီဆိုသည်။အဆိုတော်သက်တမ်းတစ်လျှောက် တေးသီချင်း ၅၀ ကျော် သီဆိုခဲ့သည်။မြန်မာသံတေးသီချင်း နှင့် ရေဒီယိုတေးသီချင်း နှစ်သက်သူများကြား ရေပန်းစားခဲ့သည်။ သူမသည် အောင်မြင်နေဆဲ ကာလ ၁၉၈၀ ခုနှစ် အရောက်တွင် တေးသီချင်းသီဆိုမှုအား ရပ်နားခဲ့သည်။

မိသားစုဘဝ ပြင်ဆင်ရန်

သူသည် အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး သားသမီး ၄ဦး ရှိသည်။

ထင်ရှားသည့် တေးသီချင်းများ ပြင်ဆင်ရန်

  • မြန်မာ့ရွှေဗဟိုရ်စည်
  • ပန်းကောက်တေး
  • ရွှင်လန်းချမ်းမြေ့ပါစေ
  • စာမေးပွဲအောင်သောနေ့( ဝင်းမာလေး+ချိုမာလေး)
  • မေတ္တာနဲ့ သစ္စာလဲမယ်
  • မောင့်ထာဝရ
  • အမှတ်မထင်သံယောဇဉ်
  • ဆယ်နှစ်လောက်က သူငယ်ချင်း
  • မောင်လာမယ်ဆိုလို့

ကိုးကား ပြင်ဆင်ရန်

  1. ဝင်းမာလေး ရေဒီယိုသီချင်း (စီးရီး)YouTube channel။ 4 December 2023 တွင် ပြန်စစ်ပြီး။
  2. ဂုဏ်ယူမဆုံးပြန် မြန်မာ့အသံMWD Webportal (ဖေဖော်ဝါရီ ၂၀၂၁)။ ၄ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။