ဝတီးမြို့ဟောင်းသည် နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာတွင် တည်ရှိသည်။ အုတ်တွင်း၊ ကျီးကန်၊ ဘုရားကြီးရွာ (၃)ရွာအကြား၌ တည်ရှိပြီး ဘုရားကြီးကျေးရွာနှင့် ပို၍ နီးစပ်ပါသည်။ မြေပုံအညွှန်း အကွက်အမှတ် (၈၄ အို ၁၁)တွင် တည်ရှိပြီး အရှေ့လောင်ဂျီတွဒ် ၅၉ ဒီဂရီ၊ ၄၂ မိနစ်နှင့် မြောက်လက်တီတွဒ် ၂၂ ဒီဂရီ၊ ၂၂ ဒသမ ၅ မိနစ်တွင် တည်ရှိသည်။
ဝတီးဟု ခေါ်တွင်ခြင်းမှာ ဘုရားကြီးကျေးရွာ ရွာရွှေမုဌောဘုရားအတွင်းရှိ ကျောက်စာ အပိုဒ် ၆ အရ ခေါ်ခြင်းဖြစ်သည်။ ဦးစိန်ရည်၏ ပျူတပ်မြို့များအကြောင်း ဆောင်းပါးအရ စတီးမြို့ဟု ဖော်ပြထားပြီး သရေခေတ္တရာ ပျူခေတ်၏ ပျူတပ်မြို့ ၉ မြို့တွင် ပါဝင်ခဲ့သော မြို့ဖြစ်ကြောင်းသိရသည်။ ပျူတပ်မြို့များနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ဟန်မင်းဆက် သမိုင်းမှတ်တမ်းတွင် ဝတီးမြို့ကို မိနော့တောက်လိ (Mi_Ni_Tao_Li) ဟု ဖော်ပြထားသည်။ ဗိဿနိုးဟန်လင်းမိုင်းမောမြို့များနှင့် ခေတ်ပြိုင်ဖြစ်ကြောင်း သိရသည်။ ဝတီးမြို့သည် အဝိုင်းပုံသဏ္ဌာန်ရှိပြီး အနောက်ဘက်မြို့ရိုးသည် ၀ ဒသမ ၇၅ မိုင်ခန့်ရှည်ပြီး၊ မြောက်ဘက်မြို့ရိုးသည်လည်း ၀ ဒသမ ၇၅ မိုင်ခန့်ရှည်ပါသည်။ အရှေ့ဘက်မြို့ရိုးမှာ ၀ ဒသမ ၆၃ မိုင်ခန့် (၁၆၅၀ ပေ) ခန့်ရှည်၍ တောင်ဘက်မြို့ရိုးသည် မိုင်ဝက်သာသာရှိသည်။ ယဉ်ကျေးမှု အဆင့်အတန်း မြင့်သော ရှေးပျူမြို့ဟောင်းဖြစ်ကြောင်း သိရသည်။

ကိုးကား ပြင်ဆင်ရန်