ဝန်းဝမ်ဘင်း (တရုတ်: 汪文斌 ၊ ၁၉၇၁ ဧပြီဖွား) သည် တရုတ်လူမျိုး နိုင်ငံရေးတမန်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီဝင်၊ နိုင်ငံခြားရေးရာအချက်အလက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်။ ၁၉၈၃ ခု၌ ဝန်ကြီးဌာနစတင်ထူထောင်ချိန်မှ တွက်လျှင် ၃၂ ယောက်မြောက် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်။ ၂၀၁၈ ခုကစ၍ တူနီးရှားနိုင်ငံဆိုင်ရာတရုတ်သံအမတ်အဖြစ် ဆောင်ရွက်သည်။ မော်ရစ်ရှနှင့် ဆီနီဂေါနိုင်ငံတို့ရှိ တရုတ်သံရုံးများကိုလည်း တူနီးရှား၌ရုံးထိုင်ကာ ကြီးကြပ်သည်။

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

ဝန်းကို ၁၉၇၁ ခု၊ ဧပြီလ၌ အန်ဟွေ၌ မွေးသည်။ အထက်တန်းပညာကို နန်ကျင်းဂျင်လင်းအထက်တန်းကျောင်း၌ တက်သည်။ ၁၉၈၉ ခု၌ တရုတ်နိုင်ငံခြားရေးရာတက္ကသိုလ်သို့ တက်ရောက်ကာ ပြင်သစ်စကားကို အဓိကယူသည်။

သက်မွေးဝမ်းကြောင်း ပြင်ဆင်ရန်

ဘွဲ့ရသည်နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၌ အလုပ်ဝင်သည်။ ဆောင်ရွက်ခဲ့သော ရာထူးအဆင့်ဆင့်မှာ ရဲသုတေသနရုံး လက်ထောက်ညွှန်ကြားရေးမှူး၊ ရာထူးတိုးသည်နောက် ညွှန်ကြားရေးမှူး၊ မော်ရစ်ရှသမ္မတနိုင်ငံရှိ တရုတ်သံရုံးတွင် နိုင်ငံရေးဆိုင်ရာကြီးကြပ်ရေးမှူး၊ ၎င်းနောက် တရုတ်နိုင်ငံပြန်ကာ မူဝါဒစီမံရေးဦးစီးဌာန၌ ကြီးကြပ်ရေးမှူး၊ ရာထူးတက်သော် ဒုတိယညွှန်ကြားရေးမှူးဖြစ်လာသည်။

၂၀၁၈ ခု၊ မေလတွင် ၁၃ ကြိမ်မြောက် ပြည်သူ့အမျိုးသားညီလာခံ ကိုယ်စားပြုကော်မတီမှ တူနီးရှားနိုင်ငံရှိ တရုတ်သံအမတ် ပင့်ရန်ဟွာ (Bian Yanhua) နေရာ၌ အစားခန့်သည်။

၂၀၂၀ ခု၊ ဇူလိုင်လ ၁၇ ရက်တွင် ဂန်းရွှောင် (Geng Shuang) နေရာကို ဆက်ခံကာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်လာသည်။

မိသားစုဘဝ ပြင်ဆင်ရန်

အိမ်ထောင်ကျပြီး သမီး ၁ ဦး ရှိသည်။