ဝမ်းဂယ်လီဖေ့ သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ဂယ်လီဖေ့ဂရင်းအနီးတွင် ဘက်စုံပါဝင်သည့် အဆောက်အဦတစ်ခု ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတာနှင့် ထိန်းသိမ်းပူးပေါင်းဆောင်ရွက်ထားသည့် စီမံကိန်းဖြစ်သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။[၄] မိုးမျှော်တိုက်လေးခုပါဝင်ကာ ထိုအထဲမှ တစ်ခုသည် စီးပွားရေးလုပ်ငန်းများအတွက် ရုံးခန်းများ ပါဝင်မည် ဖြစ်ပြီး နှစ်ခုသည် လူနေတိုက်ခန်းများ ပါဝင်မည်ဖြစ်သည်။[၅] လေးခုမြောက်တစ်ခုကိုမူ ဟိုတယ်တစ်ခုအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ စီမံကိန်းတွင် ရှော့ပင်းမောတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ စီမံကိန်းတစ်ခုလုံး၏ ပရဝုဏ်နေရာကို ရှန်ဂရီလာမှ ပိုင်ဆိုင်သည်။

One Galle Face
ဝမ်းဂယ်လီဖေ့ သည် Central Colombo တွင် တည်ရှိသည်
ဝမ်းဂယ်လီဖေ့
Location in central Colombo
အထွေထွေ အချက်အလက်များ
အမျိုးအစားMixed-use
တည်နေရာ1 Galle Road, Colombo 02, Sri Lanka
ကိုဩဒိနိတ်06°55′40″N 79°50′41″E / 6.92778°N 79.84472°E / 6.92778; 79.84472ကိုဩဒိနိတ်: 06°55′40″N 79°50′41″E / 6.92778°N 79.84472°E / 6.92778; 79.84472
ပြီးစီး2017-2019
ဖွင့်လှစ်8 November 2019
ကုန်ကျငွေUS$၆၀၈ million[၁]
ပိုင်ဆိုင်သူShangri-La (90%)[၂]
အမြင့်
အပေါ်ဆုံးအထပ်51
အသေးစိတ် အချက်အလက်များ
အထပ် အရေအတွက်51 (two apartment towers) 3,733 (residential)
33 (58,166 Office space) (office tower)
31 (hotel)
7 (mall) (74,746 Commercial spaces) [၂]
ကြမ်းခင်း ဧရိယာ၄၉၀,၀၀၀ sq ft (၄၆,၀၀၀ m2)[၁]
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်Chao Tse Ann & Partners (hotel)
Handel Architects (hotel)
LRF Designers (hotel; interior)
DP Architects (residences, retail, offices)
Mapsdesign (residences; design)
BTR (HK) (residences, offices; interior)
DDG (retail; interior)
MICD Associates (all)
Bensley Design Studios (all; landscape)
ဖွံ့ဖြိုးအောင် ဆောင်ရွက်သူShangri-La Group - Asia
အဓိက ကန်ထရိုက်တာWoh Hup International (phase 1)
China Harbour Engineering (phase 2 & 3)
ဝဘ်ဆိုဒ်
https://www.onegalleface.com/
[၃]

အမြွှာတာဝါနှစ်ခု ပါဝင်သည့် လူနေအဆောက်အဦသည် နိုင်ငံရှိ စတုတ္ထမြောက်အမြင့်ဆုံးအဆောက်အဦ ဖြစ်လာမည် ဖြစ်သည်။ အမြင့်မှာ ၁၉၄ မီတာ (၆၃၆ ပေ) ရှိသည်။ တာဝါတစ်ခုချင်းစီတွင် အထပ် ၅၁ ထပ် ရှိကာ အခန်းတစ်ခုချင်းစီတွင် အိပ်ခန်း ၂,၃,၄ ခန်း စသဖြင့် ပါဝင်မည် ဖြစ်သည်။ အခန်းများသည် ၁၇၃၃ စတုရန်းပေ (၁၆၁.၀ စတုရန်းမီတာ)၊ ၂၇၄၅ စတုရန်းပေ (၂၅၅.၀ စတုရန်းမီတာ)၊ ၃၅၄၁ စတုရန်းပေ (၃၂၉.၀ စတုရန်းမီတာ) အသီးသီးရှိကြသည်။ ထို့အပြင် ခေါင်မိုးပေါ်၌ အနားယူရန်တဲများ ၁၆ ခု ပါဝင်သည်။ ရှန်ဂရီလာဟိုတယ်၊ ကိုလံဘိုကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် စီမံကိန်း၏ အဆောက်အဦလေးခုထဲမှ တစ်ခုအနေဖြင့် ဖွင့်လှစ်ခဲ့သည်။ ထိုဟိုတယ်တွင် အခန်း ၅၀၀နှင့် ဝန်ဆောင်မှုအခန်း ၄၁ ခန်း ပါဝင်သည်။[၆][၇]

ဝမ်းဂယ်လီဖေ့ရှိ ရှော့ပင်းမော ပြင်ဆင်ရန်

 
Construction of the Mall, November 2017

ရှော့ပင်းမောတွင် ၄၉၀၀၀၀ စတုရန်းပေ (၄၆၀၀၀ စတုရန်းမီတာ) ဝင်ဆံ့သည့် ရောင်းချနိုင်သည့် နေရာရှိသည်။[၈] အထပ် ၇ ထပ်ရှိမည်ဖြစ်ကာ ၂၀၁၉ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်မည်ဟု စီမံထားသည်။ ၎င်းတွင် ၁၇၀၀၀ စတုရန်းပေ (၁၆၀၀ စတုရန်းမီတာ) ရှိသည့် စားသောက်ခန်း၊ စူပါမားကတ်နှင့် ရောင်းချရန် အခန်း ၃၀၀ စီစဉ်ထားသည်။ ထို့အပြင် ဖျော်ဖြေရေးနှင့် ညစာရောင်းချခန်းများလည်း ပါဝင်သည်။[၈][၉][၁၀]

ဖိုင်:UG-LK Photowalk - OneGalleFace and surroundings - 2017-03-12 (8).jpg
The hotel component in March 2017
The hotel component in March 2017 
 
The residential component in February 2018
The residential component in February 2018 

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "Historic $ 608 m One Galle Face mall opens"daily ft.lk။ 2019။ 2019-11-09 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 2019-11-09 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ Shangri-La Hotels and Resorts Annual report 2019-20။ Shangri-La Hotels and Resorts Asia။
  3. The Development Team။ 10 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2021 တွင် ပြန်စစ်ပြီး။
  4. Historic $ 608 m One Galle Face mall opens | Daily FT (in en)။ 2019-11-09 တွင် ပြန်စစ်ပြီး။
  5. Shangri La Colombo hotel on stream; other plans on hold။ 10 August 2017 တွင် ပြန်စစ်ပြီး။
  6. "Shangri-La opens luxury paradise apartments for viewing"၊ Sunday Observer၊ 12 March 2017။ 
  7. "Standard Chartered introduces mortgage loans for Shangri-La’s The Residences at One Galle Face"၊ Daily FT၊ 4 August 2016။ 
  8. ၈.၀ ၈.၁ "Shangri-La Hotels Lanka’s ‘The Mall at One Galle Face’ signs mega deal with Odel"၊ dailymirror.lk၊ 27 July 2017။ 
  9. "Shangri-La’s One Galle Face ‘Best Mixed Use Development’"၊ ceylontoday.lk၊ 30 November 2017။ 3 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 10 February 2018။ 
  10. "The Mall At One Galle Face Transforms Sri Lanka’s Retail Landscape"၊ Ada Derana Biz၊ 9 February 2018။