ဝယ်ဒီမာ ဟက်ဖ်ကင် (Ukrainian: Володимир Мордехай-Вольф Хавкін; Russian: Мордехай-Вольф Хавкин; 15 March 1860 – 26 October 1930) သည် ရုရှားအင်ပါယာမှ ဗက်တီးရီးယားဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံသားခံခဲ့သည်။ ပြင်သစ်နိုင်ငံသို့ ခိုလှုံခဲ့ပြီး ပါရီမြို့ရှိ ပတ်စ်တူးဝါး အင်စတီကျုတွင် အလုပ် လုပ်ကိုင်ခဲ့သည်။ ထိုကျောင်းတွင် ကာလဝမ်းရောဂါကာကွယ်ဆေးအား ဖန်တီးနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း၌ အောင်မြင်စွာ ကုသပေးနိုင်ခဲ့လေသည်။ သူအား ပလိပ်ရောဂါနှင့် ကာလဝမ်းရောအား ကာကွယ်ဆေး အသုံးပြု၍ ကုသပေးသည့် ပထမဆုံးသော အဏုဇီဝပညာရှင်တဦးအဖြစ်အသိအမှတ်ပြုကြလေသည်။ ကာကွယ်ဆေးအား သူ့ကိုယ်ပေါ်တွင် ကိုယ်တိုင် ထိုးသွင်းစမ်းသပ်ခဲ့သည်။ လော့ဒ် ဂျိုးဆက် လစ်စတာက သူ့အား "လူသားများ၏ ကယ်တင်ရှင်"အဖြစ် အမည်ပေးခဲ့သည်။[]

Waldemar Mordechai Haffkine
မွေးဖွား15 March 1860 (1860-03-15)
Odessa, Kherson Governorate, Russian Empire (now Ukraine]])
ဆုံးပါးDid not recognize date. Try slightly modifying the date in the first parameter. (အသက် ၇၀)
Lausanne, Switzerland
နိုင်ငံသားRussian Empire
France (later)
British
နယ်ပယ်en:Bacteriology, en:protozoology
အဖွဲ့အစည်းဌာနOdessa University, University of Geneva, Pasteur Institute, Haffkine Institute
မိခင်ကျောင်းOdessa University
ကျော်ကြားမှုအရင်းခံVaccines against cholera and bubonic plague
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များCameron Prize for Therapeutics of the University of Edinburgh (1900)
Author abbrev. (botany)Khawkine

ဟက်ဖ်ကင်ည် ၁၈၈၄ ခုနှစ်တွင် ရုရှားအင်ပါယာ နယ်နိမိတ်ဖြစ်ပြီး ယခု ယူကရိန်း နယ်နိမိတ်အတွင်းတွင်ရှိသည့် အိုဒက်ဆာ တက္ကသိုလ်မှ သတ္တဗေဒဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။ သူသည် ဂျူးလူမျိုး ဖြစ်သ့အတွက် ထိုအချိန်က ဂျူးမုန်းတီးရေး အယူအဆများရှိသည့် ရုရှားအင်ပါယာအတွင်းတွင် ကျောင်းဆရာအဖြစ် အသက်မွေးခွင့် မရရှိပဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့နှင့် နောင်းပိုင်းတွင် ပြင်သစ်နိုင်ငံ ပါရီမြို့တို့တွင် ကျောင်းဆရာအလုပ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပါရီမြို့ရှိ ဗက်တီးရီးယား သုတေသနပိုင်းဌာနတွင် ကမ္ဘာ့ရှေ့ဆောင် လူဝီပက်စ်တော အင်စတီကျုကျောင်းတွင် လက်ထောက် စာကြည့်တိုက်မှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကာလဝမ်းရောဂါနှင့် ပက်သက်သည့် လေ့လာမှုများအား စတင်ခဲ့သည်။

ထိုအချိန်က ကာလဝမ်းရောဂါသည် မသန့်ရှင်းသော လေထဲမှတဆင့် ကူးစက်တတ်သည်ဟု ယူဆမှုများ ရှိသော်လည်း ဟက်ဖ်ကင်က ဤသို့ မဟုတ်ကြောင်းကို စမ်းသပ်ကြည့်နိုင်ခဲ့သည့်အပြင် ကာကွယ်ဆေးကိုလည်း စမ်းသပ်ဖော်ထုတ်သည့် အဆင့်ထိ ရောက်လာခဲ့သည်။ သူသည် ပထမတွင် ပူးသတ္တဝါများ၏ ဝမ်းဗိုက်သား၌ ကာလဝမ်းရောဂါပိုးများကို ထိုးသွင်းပြီး ပွားများအောင် အလျင် ပြုကြည့်သည်။ ထို့နောက် ထိုပူးဝမ်းဗိုက်သားထဲရှိ ပိုးများ အားလျော့နည်းသွားစေရန် အပူပေး စမ်းသပ်ကြည့်ခဲ့သည်။ ထိုပိုးများကို ကာကွယ်ဆေးအဖြစ် စမ်းသပ်ပုံမှာ ကာလဝမ်းရောဂါပိုး မထိုးရသေးသော ပူးများကို အားနည်းအောင် ပြုလုပ်ထားသည့် ကာလဝမ်းရောဂါပိုး အလျင်ထိုးစေပြီး အချိန်အတန်ခြားပြီးမှ ယခင် ဗိုက်သား၌ ရှင်သန်ကြီးပွားအောင် လုပ်ထားသည့် ကာလဝမ်းရောဂါပိုးကို ပြန်လည်ထိုးသွင်းခြင်းအားဖြင့် ထိုသို့ နှစ်ခါအထိုးခံရသည် ပူးများသည် ကာလဝမ်း‌ရောဂါ ပြင်းထန်မှု မရှိကြောင်းကို လေ့လာတွေ့ရှိရလေသည်။ ထိုနော့ ပူးများတွင်သာမက ခိုနှင့် ယုန်သတ္တဝါများတွင်လည်း အလားတူ ထိရောက်မှုရှိသည်ကို တွေ့ရှိရပြီးနောက် ပထမအဆင့်အနေဖြင့် သူကိုယ်တိုင် အသက်‌နှင့် ရင်း၍ စတင်အထိုးခံကြည့်လေသည်။ ထိုသို့ ထိုးကြည့်ပြီးနောက် ရက်အတန်ကြာ နေမကောင်းဖြစ်ခဲ့သော်လည်း နောက်ပိုင်းပြန်လည်သက်သာလာခဲ့သည့်အတွက် အစမ်းသပ်ခံလိုသည့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်နှင့် အပေါင်းအသင်းများအား ထိုးကြည့်ရာ အောင်မြင်သည်။ ၁၈၉၄ ခုနှစ်တွင် မစ္စတာ ဟက်ဖ်ကင်သည် အိန္ဒိယနိုင်ငံ ဘန်ဂေါပြည်နယ်အတွင်း ကာလကတ္တားမြို့ကို ကာလဝမ်းရောဂါကာကွယ်ဆေး အသုံးပြုရမရ လေ့လာရန် လာရောက်ခဲ့သည်။ သို့သော် အုပ်ချုပ်သူ ဗြိတိသျှအစိုးရလက်အောက်ခံ အသိုင်းအဝိုင်းနှင့် အိန္ဒိယပြည်သူများက သူ့၏အယူအဆအား သံသယရှိခဲ့သည်၊

  1. ကမ္ဘာကြီးက မေ့နေတဲ့ ရှေးဦး ကာကွယ်ဆေးဖော်သူ[၁]