ဘောဂဗေဒ ဘာသာရပ်တွင် ဝယ်လိုအားဆိုသည်မှာ တစ်စုံတစ်ခုကို ရရှိရန်အတွက် ဆန္ဒရှိပြီး ထိုအရာကို ရရှိရန်အတွက် တန်ရာတန်ကြေး ပေးနိုင်ခြင်းနှင့် ပေးရန် ဆန္ဒရှိခြင်းကို ခေါ်ဆိုသည်။ ဝယ်လိုအားဆိုသော ဝေါဟာရသည် ကုန်ပစ္စည်းတစ်ခုခုကို အချိန်တစ်ချိန်ချိန်၌ ဝယ်ယူသုံးစွဲနိုင်ခြင်းနှင့် ဝယ်ရန် ဆန္ဒရှိခြင်းကို ညွှန်းဆို ဖော်ပြသည်။

ဝယ်လိုအား၏ အဆုံးအဖြတ်များ ပြင်ဆင်ရန်

ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု၏ ဈေးနှုန်းသည် ဝယ်လိုအားအပေါ်တွင် သက်ရောက်သည့် အဓိကအချက်ပင်ဖြစ်သော်လည်း ဝယ်လိုအားကို သတ်မှတ်ပေးသည် အခြားအချက်များစွာလည်း ရှိသေးသည်။ ၎င်းတို့မှာ ဝယ်ယူသူများ၏ ဝင်ငွေ၊ အမျိုးအစားတူကုန်ပစ္စည်းများ၏ ဈေးနှုန်း၊ ဝယ်ယူသူများ၏ အကြိုက်၊ လူဦးရေဆိုင်ရာအချက်အလက်များနှင့် ကြော်ငြာ၊ ဈေးကွက်မြှင့်တင်ရေး စသည်တို့ဖြစ်သည်။