ဝယ်လ်ကွန်(အင်္ဂလိပ်အမည်-Wellcom, ထိုင်းအမည်-เวลคอม) ကုမ္ပဏီသည် ထိုင်းနိုင်ငံရှိ မိုလ်ဘိုင်းဖုန်းနှင့် စမတ်ဖုန်းများ ပြုလုပ်သည့် နယူးတယ်(NewTel Corporation) ကော်ပိုးရေးရှင်းမှ ထုတ်လုပ်သော စမတ်ဖုန်းအမျိုးအစားတစ်မျိုးဖြစ်သည်။ ၎င်းကုမ္ပဏီကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တည်ထောင်ထားသည်။ ယခုအခါ ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံများသို့ ဈေးကွက် ချဲ့ထွင်နေသည်။ ၎င်းစမတ်ဖုန်းသည် အန်ဒရွိုင့် စနစ်ပေါ်တွင် အခြေပြုပြီး တိုးတက်လာခဲ့သော ဆော့ဝဲအမျိုးအစားကို အသုံးပြုထားသည်။