ဝသီဘော် ငါးပါးရှိ၏။ ၎င်းတို့မှာ −

(၁) သမာပဇ္ဇနဝသီ၊

(၂) အဓိဋ္ဌာနဝသီ၊

(၃) ဝုဋ္ဌာနဝသီ၊

(၄) အာဝဇ္ဇနဝသီ၊

(၅) ပစ္စဝေက္ခဏဝသီ တို့ ဖြစ်ကြည်။

ဝသီဘော် ငါးပါး ပြင်ဆင်ရန်

သမာပဇ္ဇနဝသီ ပြင်ဆင်ရန်

ဈာန်ကို အလိုရှိသောခဏ၌ အလျင်အမြန် ဝင်စားနိုင်မှုကို သမာပဇ္ဇနဝသီ ဟု ခေါ်သည်။

အဓိဋ္ဌာနဝသီ ပြင်ဆင်ရန်

တစ်ခဏ၊ တစ်နာရီ၊ တစ်နံနက်၊ တစ်ရက် စသည်ဖြင့် မိမိအလိုရှိသမျှ ကာလပတ်လုံး ပိုလည်းမပိုရ လိုလည်း မလိုရအောင် ဈာန်ဇောကို ဖြစ်စေနိုင်မှု၊ ထားနိုင်မှုကို အဓိဋ္ဌာနဝသီဟု ခေါ်သည်။

ဝုဋ္ဌာနဝသီ ပြင်ဆင်ရန်

အချိန်ကာလကို ပိုလည်းမပိုရ၊ လိုလည်းမလိုရ၊ မိမိမှန်းထားသော အချိန်၌ ဈာန်ဇောမှ ထနိုင်မှုကို ဝုဋ္ဌာနဝသီ ဟု ခေါ်သည်။

အာဝဇ္ဇနဝသီ ပြင်ဆင်ရန်

ဈာန်မှထ၍ ဈာန်အင်္ဂါတို့ကို ဆင်ခြင်ပြီးလျှင် တစ်ဖန်ဈာန်ကို အလျင်အမြန်ဝင်စားရန်ဖို့ ဈာန်အင်္ဂါတို့ကို ဆင်ခြင်သော အဝဇ္ဇန်း လျင်မြန်စွာ ဖြစ်စေနိုင်မှုကို အာဝဇ္ဇနဝသီ ဟု ခေါ်သည်။

ပစ္စဝေက္ခဏဝသီ ပြင်ဆင်ရန်

ဈာန်အင်္ဂါကို ဆင်ခြင်ပြီးလျှင် တစ်ဖန်ဈာန်ကို အလျင်အမြန်ဝင်စားရန်ဖို့ ဈာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဇောတွေကို (၇) ကြိမ်လောက် များစွာ မဖြစ်စေဘဲ (၄) ကြိမ် (၅) ကြိမ်မျှလောက်သာ ကျစေနိုင်မှုကို ပစ္စဝေက္ခဏဝသီ ဟု ခေါ်သည်။

ကိုးကား ပြင်ဆင်ရန်