ဝါရိတ္တလို့ခေါ်ရတဲ့ ဝိရတီသီလဟာ သုံးမျိုးရှိသည်။
(၁) သမ္ပတ္တဝိရတီ (သမ္ပတ္တဝိရတီဆိုတာ သီလကို ခံယူဆောက်တည်းထားတာမျိုး မဟုတ်ဘူး၊ ကိစ္စကြုံပါမှ ကျင့်သုံးတဲ့ သီလမျိုးဖြစ်တယ်)
(၂) သမာဒါနဝိရတီ (သမာဒါနဝိရတီဆိုတာ သီလကို ကြိုတင်ခံယူဆောက်တည်ထားတာ)
(၃) သမုစ္ဆေဒဝိရတီ (သမုဒ္ဆေဒဝိရတီမျိုးဆိုတာ အရိယာအဖြစ်ရောက်တဲ့အတွက် မကောင်းမှုတရားတွေကို မဂ်ဖြင့် အကြွင်းမဲ့ ပယ်ခွာတာမျိုးဖြစ်တယ်။


(ဣတိဝုတ်၊ ဋ္ဌ၊ ၂၂၃)သည် ဝိရတီသုံးမျိုးအနက် သမုဒ္ဆေဒဝိရတိသီလဟာ ပုထုဇဉ်တို့ရဲ့ သီလ မဟုတ်ဘူး၊ အရိယာပုဂ္ဂိုလ်တို့ရဲ့ သီလဖြစ်တယ်၊ ပုထုဇဉ်များရဲ့ သီလနှစ်ပါးမှာ -
(၁) သမ္ပတ္တဝိရတီသီလဟာ ခံယူဆောက်တည်ခြင်းမရှိတဲ့ သီလ၊
(၂) သမာဒါနဝိရတီသီလဟာ ခံယူဆောက်တည်တဲ့ သီလ)တို့ဖြစ်ပါသည်။