ဝိကာရရုပ်
ဝိကာရရုပ် ဆိုသည်မှာ ဇတရုပ် တို့၏ အမူထူး၊ အရာထူးတို့ကို ဆိုလိုသည်။ ဝိကာရရုပ် (၃) ပါးရှိသည်။ ၎င်းတို့မှာ
(၁) လဟုတာ − ပေါ့ပါးမှု၊
(၂) မုဒုတာ − နူးညံ့မှု၊
(၃) ကမ္မညတာ − ကိုယ်အမှု၊ နှုတ်အမှုတို့၌ အသုံးပြု၍ ကောင်းခြင်းတို့ ဖြစ်ကြသည်။
ကိုယ်အင်္ဂါတို့၌ ဓာတ်ကြီးလေးပါးတွင် တစ်ပါးပါး ဖောက်ပြန်မှုနှင့် မညီမညွတ် ရှိနေသောအခါ ထိုအင်္ဂါသည် အလိုရှိရာပြုပြင်ခြင်းအမှု၌ ပကတိအခါမှာကဲ့သို့ ပေါ့ပါးခြင်း မရှိ။ လေး၏။ ဒုက္ခ ဖြစ်၏။ ပကတိအခါမှာကဲ့သို့ နူးညံ့ခြင်း မရှိ၊ တောင့်တင်း၏။ ဒုက္ခ ဖြစ်၏။ ပကတိအခါမှာကဲ့သို့ လိုတိုင်းမရ၊ လှုပ်တိုင်းနာကျင်၏။ စကားပြောဆိုကြရာ နှုတ်၊ လျှာလှုပ်ရှားမှုတို့၌လည်း ဓာတ်မညီမညွတ်ရှိသည့်အခါတို့၌ နှုတ်၊ လျှာလေးမှု၊ တောင့်တင်းမှု၊ လိုတိုင်းမရမှု ရှိကြကုန်၏။ ဓာတ်လေးပါး ညီညွတ်၍ ကိုယ်အင်္ဂါ၊ နှုတ်အင်္ဂါ ကျန်းမာပကတိရှိသောအခါတို့မှာကား ဤလဟုတာ၊ မုဒုတာ၊ ကမ္မညတာဟူသော ဂုဏ်သုံးပါးနှင့် ပြည့်စုံကြ၏။ ဤဂုဏ်သုံးပါးကို ဝိကာရရုပ် (၃) ပါးဟု ခေါ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |