ဝိဇယဂူ သည် သိရိလင်္ကာနိုင်ငံ၊ Panduwasnuwara DS ရှိ Medagama Kanda တောင်ကုန်းထက်တွင် တည်ရှိသည့် ရှေးဟောင်းနေရာတစ်ခု ဖြစ်သည်။ ၎င်းတွင် စေတီပုံသသဏ္ဌာန် အဝိုင်းနေရာတစ်ခု ရှိသည်။ ၎င်းနေရာကို ဘုရင်ဝိဇယ (543–505 BCE) ၏ ဂူဟု ယုံကြည်ကြသည်။ ဘုရင်ဝိဇယသည် သီရိလင်္ကာနိုင်ငံ၏ ပထမဆုံး မှတ်တမ်းတွင်ပါရှိသည့် အုပ်ချုပ်သူ ဖြစ်သည်။ Medagama Kanda တောင်ကုန်းသည် ရှေးဟောင်းမြို့တော် Panduwasnuwara မှ အရှေ့တောင်ဘက် ၆ ကီလိုမီတာခန့် (၃.၇ မိုင်) အကွာတွင် တည်ရှိပြီး ထိုနေရာကို အခြားသော သမိုင်းဝင်ကျောင်းတော်နှစ်ခုက ဝန်းရံလျက် တည်ရှိသည်။ ထိုကျောင်းတော်နှစ်ခုမှာ Nikasala Aranya Senasanaya and Kande Medagama Raja Maha Vihara တို့ ဖြစ်ကြသည်။ ၂၀၀၇ ခုနှစ်တွင် အစိုးရသည် ဝိဇယဂူကို သီရိလင်္ကာနိုင်ငံရှိ ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းသုတေသနနေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။[၁]

ဝိဇယဂူ
විජය සොහොන
Map
အထွေထွေ အချက်အလက်များ
အခြေအနေPreserved
ဗိသုကာစတိုင်Tomb
တည်နေရာMedagama Kanda
လိပ်စာKanduboda, Moragane
မြို့Panduwasnuwara
နိုင်ငံSri Lanka
ကိုဩဒိနိတ်07°34′27.3″N 80°07′38.5″E / 7.574250°N 80.127361°E / 7.574250; 80.127361ကိုဩဒိနိတ်: 07°34′27.3″N 80°07′38.5″E / 7.574250°N 80.127361°E / 7.574250; 80.127361
ဂုဏ်အင်များArchaeological protected monument (6 July 2007)

သီရိလင်္ကာရှေးဟောင်းသုတေသနဌာနက မတွေ့ရှိမီက ထိုနေရာသည် ပျက်စီးနေသည့် အခြေအနေ ဖြစ်သည်။ တူးဖော်စဉ်အတွင်း သုတေသနပညာရှင်များသည် အတွင်းထဲတွင် ပြာများကို တွေ့ရှိခဲ့ကြသည်။ ရေဒီကာဗွန်ဖြင့် ထိုပြာများ၏ သက်တမ်းကို ရှာဖွေခဲ့ကြသည်။ ထိုပြာများကို လေ့လာသည့်ရလဒ်များအရ ၎င်းတို့သည် နှစ်ပေါင်း ၂၅၀၀ - ၂၆၀၀ ကြာမြင့်နေပြီ ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနက ထိုဂူကို ထိန်းသိမ်းစောင့်ရှောင့်ရမည့်နေရာအဖြစ် ထားရှိခဲ့သည်။ ထို့နောက်တွင် သူတို့၏ လေ့လာမှုများကို ရပ်နားခဲ့သည်။ ယခုလက်ရှိအချိန်တွင် တည်ရှိနေသည့် ဂူသည် ၁၀ ရာစုက ဂူဖြစ်သည်။ ထိုဂူရှိ kot-karalla ရှိ အုတ်များတွင် သီရိလင်္ကာဘာသာစကားဖြင့် ၁၀ ရာစုကဟု ရေးသားထားသည်ကို တွေ့ရသည်။[၂]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Gazette 1505 & 6 July 2007, p. 8.
  2. Wijesekera၊ Nandadeva (1990)။ Archaeological Department Centenary (1890-1990): History of the Department of Archaeology (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Commissioner of Archaeology, 1990။ p. 178။