ဝိဇ္ဇာ
"ဝိဇ္ဇာ" ဟူသော ပါဠိစကားလုံး၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ [၁]
အမျိုးမျိုးသော အနက်ဖွင့်ဆိုချက်များ
ပြင်ဆင်ရန်- သိခြင်း၊ သိသည် [၂]
- သစ္စာလေးပါး စသည်တို့ကို သိသည်[၃]
- သိသည်[၄]
- သဘာဝအားဖြင့် ထင်ရှားရှိခြင်း၊ ရရှိထင်ရှားခြင်း[၅]
- ၎င်းဖြင့် သိသည် [၆]
- ၎င်းဖြင့် ထိုးထွင်း၍ သိသည်[၇]
- သိအပ်သည် [၈]
- ရရှိအပ်သည် [၉]
- ရောက်အပ်သော ဘုံကို ရရှိသည် [၁၀]
- ထိုးထွင်းသိအပ်သော အနက်ဖြင့် သိအပ်သည် [၁၁]
- သိအပ်သည်ကို သိသည် [၁၂]
- ဓမ္မတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် အများဆိုင်လက္ခဏာကို သိသည် [၁၃]
- သိသည် [၁၄]
- သိသည် သို့မဟုတ် ရသည် [၁၅]
- အမှောင်ကို ဖျောက်ဖျက်သည် [၁၆]
- မိမိ၏ ဆန့်ကျင်ဘက်ကို ပယ်ဖျက်သည် [၁၇]
- ထင်ရှားအောင် ပြုသည် [၁၈][၁၉]
ဝိဇ္ဇာ အမျိုးအစားများ
ပြင်ဆင်ရန်ယောက်ျားတို့၏ အတတ် ၁၈ ရပ်[၂၀]
- (၁) သုတိ = ဣရု၊ ယဇု၊ သာမဟူသော ဗေဒင်ကျမ်းအတတ်။
- (၂) သမ္မုတိ = မနုဓမ္မသတ် စသော ဓမ္မသတ်ကျမ်းအတတ်။
- (၃) သင်္ချာ = "သင်္ချာဒဿနကျမ်း" စသော အရေအတွက်သင်္ချာကို ပြသော သင်္ချာကျမ်းအတတ်။
- (၄) ယောဂါ = ရာဇဥပါယ်ကို ပြသော ပါတဉ္ဇလိယောဂဒဿနကျမ်း၊ လက်မှုပညာကိုပြသော ဟတ္ထဒီပကကျမ်း စသော ယောဂကျမ်းအတတ်။
- (၅) နီတိ = နီတိကျမ်းအတတ်။
- (၆) ဝိသေသိကာ = "ကာဏာဒကျမ်း" စသော ဝိသေသိကဒဿနကျမ်းအတတ်။
- (၇) ဂဏိကာ = သုဘာသုဘကို ဟောပြောကြောင်းဖြစ်သော "ဗြို့ဟစ်ကျမ်း" စသော ဂဏိကကျမ်းအတတ်။
- (၈) ဂန္ဓဗ္ဗာ = စည်၊ စောင်း၊ ကဗျာ၊ လင်္ကာစသည်ကို တီးဆိုကြောင်းဖြစ်သော "သင်္ဂီတိမူလကျမ်း" စသော ဂန္ဓဗ္ဗကျမ်းအတတ်။
- (၉) တိကိစ္ဆာ = ဆေးကျမ်းအတတ်။
- (၁၀) စတုဗ္ဗေဒ = ဗေဒင်လေးပုံအတတ်။ (ဓနုဗ္ဗေဒ = လေးကိုင်မြားပစ်ကို သိကြောင်းဖြစ်သော ဓနုဗ္ဗေဒကျမ်းအတတ်။)
- (၁၁) ပုရုဏာ = ဗြဟ္မပုရဏ် စသော ပုရဏ်ကျမ်းအတတ်။
- (၁၂) ဣတိဟာသာ = ရှေးဖြစ်ထုံးဟောင်းကို ပြတတ်သော "ဘာရတကျမ်း" စသော သမိုင်းကျမ်း-ဣတိဟာသကျမ်းအတတ်။
- (၁၃) ဇောတိသာ = ဂြိုဟ်၊ နက္ခတ်တို့၏ အသွားအလာကိုပြသော ဇောတိသကျမ်းအတတ်။
- (၁၄) မာယာ = မျက်လှည့်အတတ်ကို ပြတတ်သော "ဣန္ဒြဇာလကျမ်း" စသော မာယာကျမ်းအတတ်။
- (၁၅) ကေတု = ကိတ်အမျိုးမျိုးတို့၏ အကျိုးအပြစ်ကို ပြသော ကေတုကျမ်းအတတ်။
- (၁၆) မန္တနာ = ဂါထာမန္တန်တို့၏ အသံအထူးကို ပြတတ်သော တန္တကျမ်းစသော မန္တန်ကျမ်းအတတ်။
- (၁၇) ယုဒ္ဓါ = သေနင်္ဂဗျူဟာစသည်ကို ပြတတ်သော ယုဒ္ဓကျမ်းအတတ်။
- (၁၈) ဆန္ဒသာ = ဝုတ္တရတနာကရ-စသော ဆန်းကျမ်းအတတ်တို့ဖြစ်သည်။ [၂၁]
ဗုဒ္ဓဘာသာဆိုင်ရာ ဝိဇ္ဇာများ
ပြင်ဆင်ရန်(က) ဝိဇ္ဇာ ၃ ပါး[၂၂]
- (၁) ပုဗ္ဗေနိဝါသာနုဿတိဉာဏ် (ရှေးဘဝဖြစ်စဉ်များကို အောက်မေ့နိုင်သောဉာဏ်)
- (၂) ဒိဗ္ဗစက္ခုဉာဏ် (နတ်မျက်စိနှင့်တူသော အမြင်ဉာဏ်၊ သတ္တဝါတို့၏ စုတိနှင့် ပဋိသန္ဓေကို မြင်သိသောဉာဏ်)
- (၃) အာသဝက္ခယဉာဏ် (ကိလေသာအာသဝေါတရားတို့ ကုန်ခန်းကြောင်းဉာဏ်၊ အရဟတ္တမဂ်ဉာဏ်)
(ခ) ဝိဇ္ဇာ ၆ ပါး[၂၃]
- (၁) ဣဒ္ဓိဝိဓဉာဏ် (တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်)
- (၂) ဒိဗ္ဗသောတဉာဏ် (နတ်နားကဲ့သို့ အသံအမျိုးမျိုးကို ကြားနိုင်သောဉာဏ်)
- (၃) စေတောပရိယဉာဏ် (သူတစ်ပါးစိတ်ကို သိနိုင်သောဉာဏ်)
- (၄) ပုဗ္ဗေနိဝါသဉာဏ် (ရှေးဘဝဖြစ်စဉ်များကို အောက်မေ့နိုင်သောဉာဏ်)
- (၅) ဒိဗ္ဗစက္ခုဉာဏ် (နတ်မျက်စိနှင့်တူသော အမြင်ဉာဏ်)
- (၆) အာသဝက္ခယဉာဏ် (ကိလေသာအာသဝေါတရားတို့ ကုန်ခန်းကြောင်းဉာဏ်)
(ဤ ၆ ပါးကိုပင် အဘိညာဉ် ၆ ပါးဟုလည်း ခေါ်သည်။ [၂၄])
(ဂ) ဝိဇ္ဇာ ၈ ပါး[၂၅]
- (၁) ဝိပဿနာဉာဏ် (ထိုးထွင်းရှုမြင်သောဉာဏ်)
- (၂) မနောမယိဒ္ဓိဉာဏ် (စိတ်ဖြင့် ဖန်ဆင်းနိုင်သော တန်ခိုးဉာဏ်)
- (၃) ဣဒ္ဓိဝိဓဉာဏ် (တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်)
- (၄) ဒိဗ္ဗသောတဉာဏ် (နတ်နားနှင့်တူသော အသံအမျိုးမျိုးကို ကြားနိုင်သောဉာဏ်)
- (၅) စေတောပရိယဉာဏ် (သူတစ်ပါးစိတ်ကို သိနိုင်သောဉာဏ်)
- (၆) ပုဗ္ဗေနိဝါသာနုဿတိဉာဏ် (ရှေးဘဝဖြစ်စဉ်များကို အောက်မေ့နိုင်သောဉာဏ်)
- (၇) ဒိဗ္ဗစက္ခုဉာဏ် (နတ်မျက်စိနှင့်တူသော အမြင်ဉာဏ်)
- (၈) အာသဝက္ခယဉာဏ် (ကိလေသာအာသဝေါတရားတို့ ကုန်ခန်းကြောင်းဉာဏ်၊ အရဟတ္တမဂ်ဉာဏ်)[၂၆]
အဘိညာဉ်နှင့် သမာပတ်ဆိုင်ရာ အနက်
ပြင်ဆင်ရန်[၂၇] ဝိဇ္ဇာသည် အဘိညာဉ် ၅ ပါးနှင့် အဋ္ဌသမာပတ် (ဈာန် ၈ ပါး) ၏ ဉာဏ်ကို ဆိုလိုသည်။
မဂ်ဉာဏ်၊ မဂ်ပညာ
ပြင်ဆင်ရန်ဝိဇ္ဇာသည် အရိယသစ္စာလေးပါးကို သိခြင်းဖြင့် ကိလေသာများကို ပယ်ရှားနိုင်သော မဂ်ဉာဏ်၊ မဂ်ပညာ (အထူးသဖြင့် အရဟတ္တမဂ်ဉာဏ်) ဖြစ်သည်။[၂၈]
ဖိုလ်ဉာဏ်၊ ဖိုလ်ပညာ
ပြင်ဆင်ရန်ဝိဇ္ဇာသည် ဖိုလ်ဉာဏ်၊ ဖိုလ်ပညာကို ဆိုလိုသည်။[၂၉]
အရဟတ္တဖိုလ်၌ရှိသော ဣန္ဒြေ ၅ ပါး
ပြင်ဆင်ရန်အရဟတ္တဖိုလ်၌ရှိသော ဣန္ဒြေ ၅ ပါး (သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ) သည်လည်း ဝိဇ္ဇာ ဖြစ်သည်။ ၎င်းတို့သည် ပညာ၏ အထောက်အကူများ ဖြစ်သောကြောင့် ဝိဇ္ဇာဟု ခေါ်ဆိုသည်။[၃၀]
ကမ္မဿကတာဉာဏ် (ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဟု သိသောဉာဏ်)
ပြင်ဆင်ရန်ဝိဇ္ဇာသည် ကမ္မဿကတာဉာဏ်ကို ဆိုလိုသည်။[၃၁]
သမ္မာဒိဋ္ဌိ (ကောင်းသော အမြင်)
ပြင်ဆင်ရန်ဝိဇ္ဇာသည် သမ္မာဒိဋ္ဌိကို ဆိုလိုသည်။[၃၂]
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ
ပြင်ဆင်ရန်ဝိဇ္ဇာသည် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပကို ဆိုလိုသည်။[၃၃]
အတတ်ပညာ၊ ကျမ်းဂန်
ပြင်ဆင်ရန်(က) မန္တန်အတတ်ပညာ[၃၄]ကို ဆိုလိုသည်။
(ခ) မန္တန်ကျမ်း[၃၅]စသည်ကို ဝိဇ္ဇာဟု ခေါ်သည်။
(ဂ) ဝေဒကျမ်း ၃ ကျမ်း[၃၆] (ဣရု၊ ယဇု၊ သာမ) ကိုလည်း ဆိုလိုသည်။
(ဃ) မြွေဆိပ်ဆေးကုအတတ် စသည်[၃၇]တို့ကဲ့သို့ အမျိုးမျိုးသော အတတ်ပညာများကိုလည်း ဆိုလိုသည်။
(င) ဆင်အတတ်၊ မြင်းအတတ် စသည်[၃၈] အမျိုးမျိုးသော အတတ်ပညာများကိုလည်း ဆိုလိုသည်။
ဝိဇ္ဇာသုတ် ၄ သုတ်
ပြင်ဆင်ရန်ဝိဇ္ဇာသည် ဝိဇ္ဇာသုတ် ၄ သုတ်ကိုလည်း ဆိုလိုသည်။[၃၉]
ဝိဇ္ဇာမဂ္ဂဒီပနီကျမ်း ကောက်နှုတ်ချက်
ပြင်ဆင်ရန်ဝိဇ္ဇာဆိုသည်မှာ အတတ်ပညာ သို့မဟုတ် ဉာဏ်ပညာကို ဆိုလိုပြီး ဝေဒဝိဇ္ဇာ (ဗေဒင်ပညာ)၊ မန္တဝိဇ္ဇာ (လောကီပညာရပ်များ)၊ ဂန္ဓာရီဝိဇ္ဇာ (တန်ခိုးသိဒ္ဓိပညာများ)၊ လောကီယဝိဇ္ဇာ (ဈာန်အဘိညာဉ်ပညာများ)၊ နှင့် အရိယဝိဇ္ဇာ (မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းပညာ) ဟူ၍ ငါးမျိုးခွဲခြားနိုင်သည်။ ဤငါးမျိုးထဲတွင် အရိယဝိဇ္ဇာသည် ဗုဒ္ဓသာသနာတော်၌သာ ရနိုင်သော အမြင့်ဆုံးသော ပညာရပ်ဖြစ်သည်။
သာသနာတော်အတွင်း၌ အရိယဝိဇ္ဇာကို ရရှိရန်အတွက် အင်္ဂါ (၅) ပါးနှင့် ပြည့်စုံရန် လိုအပ်သည်ဟု မြတ်စွာဘုရား ဟောကြားတော်မူပါသည်။ ၎င်းအင်္ဂါများမှာ-
၁။ ဘုရား၌ ယုံကြည်ခြင်း= မြတ်စွာဘုရား၏ ထိုးထွင်းသိမြင်သောဉာဏ်တော်ကို လုံးဝယုံကြည်မှုရှိရမည်။
၂။ ကိုယ်လက်အင်္ဂါ ကျန်းမာခိုင်ခံ့ခြင်း (အနာရောဂါ ကင်းခြင်း) =ကျန်းမာသော ကိုယ်ခန္ဓာရှိရမည်။ အစာအာဟာရကို ကောင်းစွာကြေညက်စေနိုင်သော မျှတသည့် ပါစကဓာတ်မီး (အစာကြေအင်အား) ရှိရမည်။ ရောဂါကင်းရှင်းခြင်းသည် ဝိပဿနာတရားအားထုတ်ရန် အရေးကြီးသော အထောက်အပံ့ဖြစ်သည်။ မြတ်စွာဘုရား၏ "အဘိဝါဒန သီလိဿ" အစရှိသည့် တရားတော်အရ ရှိခိုးထိုက်သူကို ရိုသေသူသည် အသက်ရှည်၊ အဆင်းလှ၊ ချမ်းသာ၊ ခွန်အား တိုးပွားစေနိုင်သည်။
၃။ စိတ်နှလုံး ဖြောင့်မတ်စင်ကြယ်ခြင်း= မစဉ်းလဲဘဲ၊ မလှည့်ပတ်ဘဲ မိမိ၏အခြေအနေမှန်ကို ဆရာသမား သို့မဟုတ် တရားသိသူများအား ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုနိုင်ရမည်။ စိတ်ထားဖြောင့်စင်း ဖြူစင်မှုရှိရမည်။
၄။ ဝီရိယ ထက်သန်ခြင်း အကုသိုလ်တရားများကို ပယ်ရှားရန်နှင့် ကုသိုလ်တရားများကို ပြည့်စုံစေရန် မလျှော့သော လုံ့လ၊ ဝီရိယဖြင့် ထက်ထက်သန်သန် ကြိုးစားအားထုတ်ရမည်။ ကိလေသာအဆိပ်များ မကုန်မချင်း မရပ်မနား ကြိုးစားရမည်ဟု ဆိုလိုသည်။
၅။ ဝိပဿနာပညာရှိခြင်း = မိမိခန္ဓာနှင့် သူတစ်ပါးခန္ဓာတို့၏ ဖြစ်ပျက်နေမှုများကို ထိုးထွင်းသိမြင်နိုင်သော ဉာဏ်ပညာရှိရမည်။ ဤပညာသည် ပုထုဇဉ်တို့နှင့် မတူဘဲ မွန်မြတ်ပြီး၊ ဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ရာနိဗ္ဗာန်သို့ တည့်တည့်မတ်မတ်ရောက်စေနိုင်သော အစွမ်းရှိသည်။ ဤအင်္ဂါသည် တိဟိတ်ပုဂ္ဂိုလ် (မွေးရာပါ အကြောင်း ၃ ပါးနှင့် ပြည့်စုံသူ) တို့အတွက်သာ ထိုက်တန်သည်။[၄၀]
ဝိဇ္ဇာမျိုးစေ့ နှင့် စရဏမျိုးစေ့
ပြင်ဆင်ရန်လယ်တီဆရာတော်ဘုရားကြီး၏ ပါရမီဒီပနီကျမ်းတွင် မဂ်ဖိုလ်နိဗ္ဗာန်ရရှိရေးအတွက် အဓိကာရကောင်းမှုဖြစ်သော "မျိုးစေ့" နှစ်မျိုးကို ရှင်းပြထားပါသည်-
စရဏမျိုးစေ့ (ခြေထောက်နှင့်တူ): သီလ၊ သမာဓိ စသော အကျင့်ကောင်းများ။ ဤမျိုးစေ့ရှိသူသည် ဘုရားသာသနာ၊ ဆရာကောင်းသမားကောင်းတို့နှင့် တွေ့ဆုံခွင့်ရသည်။
ဝိဇ္ဇာမျိုးစေ့ (မျက်စိနှင့်တူ): ဉာဏ်ပညာပါရမီ။ ဤမျိုးစေ့ရှိသူသည် တရားတော်ကို ကြားနာရသောအခါ အမှန်တရားကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိသည်။
မဂ်ဖိုလ်ရရန် ဤမျိုးစေ့နှစ်မျိုးလုံး ညီညွတ်အောင်မြင်ရန် လိုအပ်သည်။ မဟာဓနသူဌေးသားဇနီးမောင်နှံသည် ဝိဇ္ဇာမျိုးစေ့ရှိသော်လည်း စရဏမျိုးစေ့ ချို့တဲ့ခဲ့၍ တရားမရခဲ့ပေ။ သစ္စကပရိဗိုဇ်သည် စရဏမျိုးစေ့ရှိသော်လည်း ဝိဇ္ဇာမျိုးစေ့ အားနည်းခဲ့၍ ထိုဘဝတွင် တရားမရခဲ့ပေ။[၄၁]
သာဝကများအတွက် အဓိကကျသော ဝိဇ္ဇာ
ပြင်ဆင်ရန်ဤဝိဇ္ဇာ (၈) ပါးတို့တွင် သာဝကတစ်ဦးအနေဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ရရှိရန်အတွက် အဓိကအကျဆုံးနှင့် မရှိမဖြစ်လိုအပ်သော ဝိဇ္ဇာမျိုးစေ့မှာ အမှတ် (၁) ဖြစ်သော ဝိပဿနာဉာဏ် ပင် ဖြစ်သည်။ အခြားသော အဘိညာဉ်နှင့်စပ်သည့် ဝိဇ္ဇာများ မရရှိသော်လည်း ဝိပဿနာဉာဏ် ရင့်သန်ပါက သာဝကတို့၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ ရောက်ရှိနိုင်သည်။ ဝိပဿနာဉာဏ်သည် ပဋိသမ္ဘိဒါဉာဏ်ရရန် အကြောင်းရင်းဖြစ်သော ပုဗ္ဗယောဂ အကျင့်နှင့် သာဝကတို့အတွက် လိုအပ်သော အဓိကာရကောင်းမှုကုသိုလ် လည်း ဖြစ်သည်။[၄၁]
ကိုးကား
ပြင်ဆင်ရန်ဆက်စပ်ဖတ်ရှုရန်
ကိုးကား
ပြင်ဆင်ရန်- ↑ ဓာတ်ရင်းနှင့် ပုံစံများ
- ဝိဒ + ဏျ + အာ (ကစ္စည်း ၅၄၁၊ ရူ ၅၅၂၊ နီတိ၊ ဓာတု ၁၀၃၊ ၂၁၅၊ ၂၂၇၊ ၃၆၇)
- ဝိဒိ + ဏျ + အာ (ကစ္စည်း ၅၄၁၊ ရူ ၅၅၂၊ နီတိ၊ ဓာတု ၁၀၅၊ ၃၆၇)
- ဝိဓ + ဏျ + အာ
- ↑ ဝိဇာနနံ, ဝိဒတီတိ ဝါ ဝိဇ္ဇာ(ရူ ၆၆၀)
- ↑ စတုသစ္စာဒိကံ ဝိဇာနာတီတိ ဝိဇ္ဇာ (မဏိမဉ္ဇူ ၂၊ ၃၃၅)
- ↑ ဝိဒတိ ဇာနာတီတိ ဝိဇ္ဇာ (ဓာန်၊ဋီ ၁၅၃)
- ↑ သဘာဝတော ဝိဇ္ဇတိ အတ္ထိ ဥပလဗ္ဘတီတိ ဝိဇ္ဇာ (ပဋိသံ၊ဋ္ဌ ၂၊ ၃၁၉)
- ↑ ဝိဇာနာတိ ဧတာယာတိ ဝိဇ္ဇာ (ခုဒ္ဒက၊ဋ္ဌ ၁၉၅)
- ↑ ဝိနိဝိဇ္ဈိတွာ ဧတာယ ဇာနာတီတိ ဝိဇ္ဇာ (မ၊ဋ္ဌ ၃၊ ၂၃)
- ↑ ဝေဒီယတိ ဇာနီယတီတိ ဝိဇ္ဇာ (ပဋိသံ၊ဋ္ဌ ၂၊ ၃၁၉)
- ↑ ဝေဒီယတိ ပဋိလာဘီယတီတိ ဝိဇ္ဇာ (ပဋိသံ၊ဋ္ဌ ၂၊ ၃၁၉) (ဒီ၊ဋီ ၃၊ ၁၁၂)
- ↑ ဝိဋ္ဌိတဗ္ဗ ဘူမိ ဝိန္ဒတိ လဘတီတိ ဝိဇ္ဇာ (ပဋိသံ၊ဋ္ဌ ၂၊ ၃၁၉)
- ↑ ဝိဇ္ဇိတဗ္ဗဋ္ဌေန ဝိဇ္ဇာ (ဗုဒ္ဓဝံ၊ဋ္ဌ ၁၇)
- ↑ ဝိန္ဒိယံ ဝိန္ဒတီတိ ဝိဇ္ဇာ (နေတ္တိ၊ဋ္ဌ ၁၃၂)
- ↑ ဝိန္ဒိယံ ဓမ္မာနံ သလက္ခဏံ, သာမညလက္ခဏဉ္စ ဝိန္ဒတီတိ ဝိဇ္ဇာ (နေတ္တိ၊ဋီ ၈၊ ၉)
- ↑ ဝိန္ဒတီတိ ဝိဇ္ဇာ (သာရတ္ထ ၁၊ ၂၃၅၊ ဝိသုဒ္ဓိ၊ဋီ ၁၊ ၂၃၂၊ မဏိမဉ္ဇူ ၂၊ ၃၃၆)
- ↑ ဝိဒတိ, ဝိန္ဒတီတိ ဝါ ဝိဇ္ဇာ (သံ၊ဋီ ၂၊ ၃၉၄)
- ↑ တမံ ဝိဇ္ဇတီတိ ဝိဇ္ဇာ (အဘိ၊ဋ္ဌ ၁၊ ၄၃၅) (ဒီ၊ဋ္ဌ ၃၊ ၁၈၈၊ သာရတ္ထ ၁၊ ၂၃၅၊ ဝိသုဒ္ဓိ၊ဋီ ၁၊ ၂၃၂၊ နေတ္တိ၊ဋီ ၉)
- ↑ အတ္တနော ပဋိပက္ခ ဝိဇ္ဇတီတိ ဝိဇ္ဇာ (နီတိ၊ ဓာတု ၃၆၇)
- ↑ ဝိဒိတ + ကရ + အ။ ဝိဒိတံ ကရောတီတိ ဝိဇ္ဇာ (ဒီ၊ဋ္ဌ ၃၊ ၁၈၈၊ အဘိ၊ဋ္ဌ ၁၊ ၄၃၅၊ ပဋိသံ၊ဋ္ဌ ၂၊ ၃၁၉၊ ဝိမတိ ၁၊ ၅၀၊ နီတိ၊ ဓာတု ၃၆၇၊ မဏိမဉ္ဇူ ၂၊ ၃၃၆) (သာရတ္ထ ၁၊ ၂၃၅၊ ဝိသုဒ္ဓိ၊ဋီ ၁၊ ၂၃၂၊ နေတ္တိ၊ဋီ ၉)
- ↑
- ဝိဇ္ဇမာန + ဇဝါ။ ဝိဘာဝိနီ ၂၃၅။ "ဝိဇ္ဇမာနဇဝါ" ဟု ဆိုလိုလျက် နိရုတ္တိနည်းဖြင့် စီရင်သည် (မဏိမဉ္ဇူ ၂၊ ၃၃၆)
- ဝိဒျာ (သံ)၊ ဝိဇ္ဇာ (ပြာ၊ အဒ္ဓမာဂဓီ) (သက္ကတ၊ ပါကတိ၊ အဒ္ဓမာဂဓီ ဘာသာတို့မှ ဆင်းသက်လာပုံ)
- ↑
- "တမ္မာက ဝိဇ္ဇဉ္စ သုတဉ္စ အာဒိယ။" (ဇာ ၁၊ ၆၄)
- "ဝိဇ္ဇန္တိ အဋ္ဌာရသသု ဝိဇ္ဇာဋ္ဌာနေသု ယံကိဉ္စိ။" (ဇာ၊ဋ္ဌ ၂၊ ၂၀၄-၅)
- ↑ (မိလိန္ဒ ၄)
- ↑
- "အယံ ခေါ မေ ဗြာဟ္မဏ ရတ္တိယာ ပဌမေ ယာမေ ပဌမာ ဝိဇ္ဇာ အဓိဂတာ။ ... အယံ ခေါ် မေ ဗြာဟ္မဏ ရတ္တိယာ မဇ္ဈိမေ ယာမေ ဒုတိယာ ဝိဇ္ဇာ အဓိဂတာ... အယံ ခေါ မေ ဗြာဟ္မဏ ရတ္တိယာ ပစ္ဆိမေ ယာမေ တတိယာ ဝိဇ္ဇာ အဓိဂတာ။" (ဝိ ၁၊ ၅-၆၊ မ ၁၊ ၂၇-၈)
- "ဝိဇ္ဇာတိ တိဿာ ဝိဇ္ဇာ။ ပုဗ္ဗေနိဝါသာနုဿတိဉာဏံ ဝိဇ္ဇာ၊ သတ္တာနံ စုတူပပါတေ ဉာဏံ ဝိဇ္ဇာ၊ အာသဝါနံ ခယေ ဉာဏံ ဝိဇ္ဇာ။" (ဒီ ၃၊ ၁၈၄၊ အဘိ၊ဓ ၂၆၅)
- "ဝိဇ္ဇာတိ ဝိဒိတကရဏဋ္ဌေန ဝိဇ္ဇာ။ ကိံ ဝိဒိတံ ကရောတိ ? ပုဗ္ဗေနိဝါသံ... ဝိဇ္ဇာတိ ဒိဗ္ဗစက္ခုဉာဏဝိဇ္ဇာ ...ဝိဇ္ဇာတိ အရဟတ္တမဂ္ဂဉာဏဝိဇ္ဇာ။" (ဝိ၊ဋ္ဌ ၁၊ ၁၃၁-၈၊ မ၊ဋ္ဌ ၁၊ ၁၃၀-၂၊ အံ၊ဋ္ဌ ၂၊ ၁၄၆-၈၊ ဣတိဝုတ်၊ဋ္ဌ ၂၉၉၊ ၃၀၁)
- "ဝိဇ္ဇာ (ဒီ၊၃၊၁၈၀။ ပဋိသံ၊၃၄)တိ တိဿာ ဝိဇ္ဇာ။" (ဒီ၊ဋ္ဌ ၃၊ ၁၆၇၊ ပဋိသံ၊ဋ္ဌ ၁၊ ၂၆၊ အံ၊ဋ္ဌ ၂၊ ၁၄၆-၈၊ အံ၊ဋ္ဌ ၃၊ ၂၀၆-၇၊ အဘိ၊ဋ္ဌ ၁၊ ၄၃၅၊ ဝိသုဒ္ဓိ ၁၊ ၁၉၆၊ ဣတိဝုတ်၊ဋ္ဌ ၂၉၉-၃၀၁၊ သုတ္တနိ၊ဋ္ဌ ၁၊ ၂၀၃၊ ထေရ၊ဋ္ဌ ၂၊ ၁၄-၅၊ ၅၂၅၊ ဝိမတိ ၁၊ ၅၊ ဒီ၊ဋီ ၃၊ ၂၈၁၊ အံ၊ဋီ ၂၊ ၃၅၁၊ နေတ္တိ၊ဋီ ၉)
- ↑
- "ဆပိ ဝိဇ္ဇာ ဆဠဘိညဝသေန။" (ဣတိဝုတ်၊ဋ္ဌ ၂၅၁)
- ↑ ဣတိဝုတ်၊ဋ္ဌ ၂၅၁
- ↑
- "ဝိဇ္ဇာ (ဝိ၊၁၊၁)တိ...အဋ္ဌပိ ဝိဇ္ဇာ ... အဋ္ဌ ဝိဇ္ဇာ အမ္ဗဋ္ဌသုတ္တေ။ တတြ ဟိ ဝိပဿနာဉာဏေန မနောမယိဒ္ဓိယာ စ သဟ ဆ အဘိညာ ပရိဂ္ဂဟေတွာ အဋ္ဌ ဝိဇ္ဇာ ဝုတ္တာ။" (ဝိ၊ဋ္ဌ ၁၊ ၈၈၊ ဝိသုဒ္ဓိ ၁၊ ၁၉၆) (အံ၊ဋီ ၂၊ ၃၅၁)
- "ဝိပဿနာဉာဏတော ပန ပဋ္ဌာယ အဋ္ဌဝိဓာပိ ပညာ “ဝိဇ္ဇာ” တိ နိယျာတိတာ။" (ဒီ၊ဋ္ဌ ၁၊ ၂၄၀)
- ↑ (ဒီ ၁၊ ၇၂-၈၀၊ ၉၄၊ ဝိ၊ဋ္ဌ ၁၊ ၈၈၊ ဒီ၊ဋ္ဌ ၁၊ ၂၄၀၊ အံ၊ဋ္ဌ ၁၊ ၄၁၀ စသည်တို့ကြည့်)
- ↑ "ဝိဇ္ဇ (ဇာ၊၂၊၁၇၁)န္တိ ပဉ္စအဘိညအဋ္ဌသမာပတ္တိဉာဏံ။" (ဇာ၊ဋ္ဌ ၆၊ ၇၃)
- ↑
- "ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊...အာလောကော ဥဒပါဒိ။" (ဝိ ၃၊ ၁၅၊ သံ ၁၊ ၂၅၀)
- "စက္ခုန္တိအာဒီနိ ဉာဏဝေဝစနာနေဝ။" (သံ၊ဋ္ဌ ၂၊ ၂၀၊ သာရတ္ထ ၃၊ ၁၇၉) (ဝိ ၃၊ ၁၅၊ ပဋိသံ ၃၃၂၊ ပဋိသံ၊ဋ္ဌ ၂၂၁၉၊ နေတ္တိ၊ဋ္ဌ ၁၂၃၊ ဝဇိရ ၄၀၄၊ နေတ္တိ၊ဝိ ၁၉၁)
- "ဝိဇ္ဇာ (မ၊၃၊၃၀၆)တိ မဂ္ဂပညာ။" (မ၊ဋ္ဌ ၄၊ ၂၃၁)
- "စတုန္နံ အရိယသစ္စာနံ ဝိဒိတကရဏဋ္ဌေန ကိလေသာနံ ဝိက္ခမ္ဘနဋ္ဌေန စ ဝိဇ္ဇာ၊ မဂ္ဂသမ္မာဒိဋ္ဌီတိ အာဟ “ဝိဇ္ဇာတိ မဂ္ဂပညာ” တိ။" (မ၊ဋီ ၃၊ ၄၁၈)
- "ဝိဇ္ဇာ (သံ၊၁၊၃၁၀)တိ အရဟတ္တမဂ္ဂဉာဏံ။" (သံ၊ဋ္ဌ ၂၊ ၇၂)
- "ဝိဇ္ဇာတိ အရဟတ္တမဂ္ဂဉာဏံ ဥက္ကဋ္ဌနိဒ္ဒေသေန။" (သံ၊ဋီ ၂၊ ၉၃)
- "ဝိဇ္ဇာဝိမုတ္တိပါရိပူရိယာ မူလဘာဝေနာပိ စဿာ မဟာနိသံသတာ ဝေဒိတဗ္ဗာ။" (ဝိသုဒ္ဓိ ၁၊ ၂၈၃)
- "ဝိဇ္ဇာ နာမ မဂ္ဂေါ။ ဝိမုတ္တိ ဖလံ။" (ဝိသုဒ္ဓိ၊ဋီ ၁၊ ၃၄၅)
- (ဒီ ၂၊ ၁၇၄၊ မ ၁၊ ၅၈၊ သံ ၁၊ ၃၉၊ ၂၀၀၊ သံ ၂၊ ၃၉၊ ၂၅၉၊ အံ ၁၊ ၇၊ ၄၄-၅၊ ၁၃၅၊ ၅၇၀၊ သုတ္တနိ ၃၉၂၊ ပဋိသံ ၃၉၃၊ ထေရ ၂၈၄၊ နေတ္တိ ၁၂၇၊ ဒီ၊ဋ္ဌ ၂၊ ၂၃၇၊ မ၊ဋ္ဌ ၁၊ ၂၁၀၊ မ၊ဋ္ဌ ၂၊ ၂၆၈၊ မ၊ဋ္ဌ ၃၊ ၂၇၆၊ မ၊ဋ္ဌ ၄၊ ၂၃၁၊ သံ၊ဋ္ဌ ၁၊ ၈၄၊ ၉၂၊ ၂၆၄၊ သံ၊ဋ္ဌ ၂၊ ၇၂၊ ၂၄၉၊ သံ၊ဋ္ဌ ၃၊ ၁၂၊ အံ၊ဋ္ဌ ၁၊ ၄၂၊ ၄၁၀-၁၊ အံ၊ဋ္ဌ ၂၊ ၁၁၅၊ ၃၉၆၊ ပဋိသံ၊ဋ္ဌ ၂၊ ၃၀၄၊ သုတ္တနိ၊ဋ္ဌ ၂၊ ၂၂၂၊ ၃၀၀)
- ↑
- "ဝိဇ္ဇာ (အံ၊၁၊၂၂)တိ ဖလေ ဉာဏံ။" (အံ၊ဋ္ဌ ၁၊ ၉၃၊ အံ၊ဋီ ၁၊ ၁၄၁)
- (အံ ၁၊ ၈၂၊ အံ ၃၊ ၃၄၇၊ အံ၊ဋ္ဌ ၂၊ ၅၅၊ အံ၊ဋ္ဌ ၃၊ ၃၁၇)
- ↑
- "တာနိယေဝ အသေက္ခာနိ ပဋိန္ဒိယာနိ ဝိဇ္ဇာ။" (နေတ္တိ ၅၄)
- "ပဋိန္ဒြိယာနိ ဝိဇ္ဇာတိ သမ္မာသင်္ကပ္ပေါ ဝိယ သမ္မာဒိဋ္ဌိယာ ဥပကာရကတ္တာ ပညာက္ခန္ဓေ သဒ္ဓါဒီနိ စတ္တာရိ ဣန္ဒြိယာနိ ဝိဇ္ဇာယ ဥပကာရကတ္တာ သင်္ဂဏှနဝသေန ဝုတ္တာနိ။" (နေတ္တိ၊ဋ္ဌ ၁၂၆)
- (နေတ္တိ-နေတ္တိ ၈၈၊ နေတ္တိ ၁၉၇၊ ၂၅၂)
- ↑
- "ဝိဇ္ဇာ (သံ၊၃၊၂)တိ ကမ္မဿကတာဉာဏံ။" (သံ၊ဋ္ဌ ၃၊ ၁၅၄)
- ↑
- "ဝိဇ္ဇာ (ပဋိသံ၊၃၂၇)တိ သမ္မာဒိဋ္ဌိ။" (ထိုပဋိသံ၊ဋ္ဌ ၂၊ ၂၁၃)
- (ဝိသုဒ္ဓိ ၁၊ ၃၊ ဝိသုဒ္ဓိ၊ဋီ ၁၊ ၁၁)
- ↑
- "အထ ဝါ ဝိဇ္ဇာ (မ၊၃၊၃၀၆။ သံ၊၁၊၃၁။ နေတ္တိ၊၁၂၃)တိ ဒိဋ္ဌိသင်္ကပ္ပါ။" (မ၊ဋ္ဌ ၄၊ ၂၃၁၊ ဋ္ဌ ၁၊ ၈၄၊ နေတ္တိ၊ဋ္ဌ ၂၃၉)
- (ဝိသုဒ္ဓိ ၁၊ ၃၊ ဝိသုဒ္ဓိ၊ဋီ ၁၊ ၁၂၊ မ၊ဋီ ၃၊ ၄၁၈၊ သံ၊ဋီ ၁၊ ၁၂၄)
- ↑
- "ဝိဇ္ဇံ ပရိဝတ္တေတွာ (ဝိ၊ဋ္ဌ ၂၊ ၄၀။ ဝိသုဒ္ဓိ၊၂၊၁၂) တိ ဂန္ဓာရ (ရိ)-ဝိဇ္ဇာဒိကံ အတ္တနော ဝိဇ္ဇံ ကတုပစာရံ ပရိဇပ္ပိတွာ မန္တပဌနက္ကမေန ပဋိတွာ။" (သာရတ္ထ ၂၊ ၂၅၇၊ ဝိသုဒ္ဓိ၊ဋီ ၂၊ ၁၅)
- (သံ၊ဋ္ဌ ၁၊ ၂၆၇၊ ဒီ၊ဋီ ၁၊ ၃၀၄၊ သီ၊ဋီ၊သစ် ၂၊ ၂၆၂၊ သံ၊ဋီ ၁၊ ၂၉၅)
- ဝိဇ္ဇာသည် မန္တန်အတတ်ပညာ
- ↑
- "ဇီဝိကတ္ထံ, သတ္တာနံ ဥပကာရတ္ထဉ္စ ဝေဒိတဗ္ဗဋ္ဌေန ဝိဇ္ဇာ၊ မန္တသတ္ထာဒိ။" (ဒီ၊ဋီ ၃၊ ၁၁၂)
- အသက်မွေးဝမ်းကျောင်းမှုအတွက်၊ သတ္တဝါတို့အား အကျိုးပြုရန်အတွက် သိအပ်သော မန္တန်ကျမ်း
- ↑
- "ဝိဇ္ဇာ (သံ၊၁၊၁၆၇)တိ တယော ဝေဒါ။" (သံ၊ဋ္ဌ ၁၊ ၂၁၁၊ သံ၊ဋီ ၁၊ ၂၅၈)
- "ဝိဇ္ဇ (ဇာ၊၁၊၂၂၂)န္တိ ဝေဒံ။" (ဇာ၊ဋ္ဌ ၄၊ ၇၅)
- "ဝိဇ္ဇာစရဏေနာ (ဇာ၊၂၊၁၀၅)တိ ဝေဒတ္တယ-သင်္ခါတာယ ဝိဇ္ဇာယ စေဝ သီလေန စ။" (ဇာ၊ဋ္ဌ ၅၊ ၄၂၅) (ဒီ၊ဋ္ဌ ၁၊ ၂၃၉)
- ဝိဇ္ဇာသည် ဝေဒကျမ်း ၃ ကျမ်း
- ↑
- "ဝိဇ္ဇာ(ဒီ၊၃၊၁၂၇)တိ အဟိဝိဇ္ဇာဒိအနေကဝိဓာ။" (ဒီ၊ဋ္ဌ ၃၊ ၁၁၂)
- ဝိဇ္ဇာသည် မြွေဆိပ်ဆေးကုအတတ် စသည်
- ↑
- "ဝိဇ္ဇ (ဇာ၊၁၊၆၆)န္တိ နာနပ္ပကာရကံ ဟတ္ထိသိပ္ပါဒိကံ သိပ္ပံ။" (ဇာ၊ဋ္ဌ ၃၊ ၄၄၄)
- ဝိဇ္ဇာသည် ဆင်အတတ်၊ မြင်းအတတ်စသည့်
- ↑
- "ဝိဇ္ဇာ သင်္ကာသနာ တထာ။" (သံ ၃၊ ၃၇၇)
- (၂၆၇၊ အံ ၃၊ ၂၆၇၊ ၄၂၉၊ ၄၃၆)
- ↑ ဝိဇ္ဇာမဂ္ဂဒီပနီ(လယ်တီဆရာတော်ဘုရား)
- ↑ ၄၁.၀ ၄၁.၁ သာသနာ့အမွေကို_ခံယူခြင်း - ဖားအောက်တောရဆရာတော်
ပြင်ပလင့်များ
- ဝီကီရင်းမြစ်ရှိ ဝိဇ္ဇာမျိုးစေ့နှင့် စရဏမျိုးစေ့ နှင့်ပတ်သက်သမျှများ