ဝိညတ် ဆိုသည်မှာ တစ်ဦးနှင့် တစ်ဦး၊ တစ်ယောက်နှင့်တစ်ယောက် စိတ်အလိုကို သိကြစေရန်ဖြစ်သော အမူအရာမျိုး ဖြစ်သည်။ ဝိညတ် (၂) ပါး ရှိ၏။ ၎င်းတို့မှာ

(၁) ကာယဝိညတ်ရုပ် − မိမိစိတ်အလိုကို သူတစ်ပါးသိဖို့ရန် ကို်ယ်အင်္ဂါ၏ လှုပ်ရှားခြင်း အမူအရာ အထူးမျိုး ဖြစ်သည်။

(၂) ဝစီဝိညတ်ရုပ် − မိမိစိတ်အလိုကို သူတစ်ပါးသိဖို့ရန်ဖြစ်သော စကားသံ၌ပါရှိသော ထိုထိုအက္ခရာကို လှုပ်ရှားစေသော အမူအရာ ဖြစ်သည်။

သူတစ်ပါး၏ စိတ်သက်သက်ကို မသိနိုင်ကြ၊ မမြင်နိုင်ကြသူတို့မှာ ထိုထိုစိတ်အလိုကိုလည်းကောင်း၊ ထိုထိုအနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ ဤဝိညတ်ရုပ် နှစ်ပါးတို့ဖြင့် သိအောင်ပြုလုပ်၍ အချင်းချင်း၏ စိတ်အလိုကို သိကြရကုန်၏။ သိစေလိုသော အနက်အဓိပ္ပာယ်ကို သိကြရကုန်၏။ သူတစ်ပါးအား မိမိအလိုကို သိစေမှုမျိုး မဟုတ်ရာတို့၌လည်း စိတ်အလိုနှင့် ကိုယ်အင်္ဂါလှုပ်ရှားသွားလာမှု၊ စိတ်အလိုနှင့် စာပေကျမ်းဂန် ရွတ်အံမှုတို့၌ ဤဝိညတ်ရုပ်နှစ်ပါး၏ ကိစ္စဖြစ်ကြပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၂၄၊ ၂၅။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)