• ဝိပဿီမြတ်စွာဘုရားသည် ဤကမ္ဘာမှ ပြန်၍ရေသည်ရှိသော် ၉၁-ခုမြောက်ကမ္ဘာ၌ ပွင့်တော်မူသည်။ []
  • ဒီပင်္ကရာစသော ဘုရား ၂၄-ဆူတို့တွင် ၁၉-ဆူမြောက်ဖြစ်၏။ []
  • ဝိပဿီမြတ်စွာဘုရားသည် မင်းမျိုး-ကောဏ္ဍညအနွယ်ဖြစ်၏။ []
  • ဝိပဿီမြတ်စွာဘုရား၏ ဖွားတော်မူရာမြို့တော်မှာ ဗန္ဓုမတီနေပြည်တော်ဖြစ်၍ ခမည်းတော်မှာ ဗန္ဓုမမင်းကြီး, မယ်တော်မှာ ဗန္ဓုမတီမိဖုရားကြီးတို့ ဖြစ်ကုန်၏။ []
  • ထီးနန်းအုပ်ချုပ် မင်းလုပ်သောနှစ်ပေါင်းမှာ (၈၀၀၀) ရှစ်ထောင်ဖြစ်၍ ရွှေနန်းတော်တို့မှာ နန္ဒရွှေနန်းဆောင်, သုနန္ဒရွှေန်းဆောင်, သိရီမာရွှေနန်းဆောင်တို့ ဖြစ်ကြကုန်၏။ []
  • အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ မောင်းမ ပေါင်း(၁၂၀၀၀၀) တစ်သိန်း နှစ်သောင်းအခြံအရံရှိသည့် သုဒဿနာဒေဝီ (သုတနုဒေဝီ) မိဖုရားကြီးဖြစ်၍ သားတော်မှာ သမဝဋ္ဋက္ခန္ဓ မင်းသားဖြစ်၏။ []
  • နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်မူသောယာဉ်မှာ အာဇာနည်းမြင်း ကသောရထားယာဉ်ဖြစ်၍၊ []
  • နှစ်လကြာ ဒုက္ကရ စရိယာ ကျင့်တော်မူရ၏။ []
  • အဂ္ဂသာဝကအစုံမှာ ခဏ္ဍမထေရ်နှင့် တိဿမထေရ်တို့ဖြစ်ကြ၏။ []
  • အလုပ်အကျွေးထေရ်မှာ အသောကထေရ်ဖြစ်၏။ [၁၀]
  • အဂ္ဂသာဝိကာအစုံမှာ စန္ဒာထေရီမနှင့် စန္ဒမိတ္တာထေရီမတို့ဖြစ်ကြ၍၊ ပွင့်တော်မူရာ ဗောဓိမှာ သခွတ်ပင်ဗောဓိ ဖြစ်လေသည်။ [၁၁]
  • မြတ်သောအလုပ်အကျွေး ဒါယကာတို့မှာ ပုနဗ္ဗသုမိတ္တသူဌေးနှင့် နာဂ သူဌေးတို့ဖြစ်ကြ၍၊ မြတ်သောအလုပ် အကျွေးဒါယိကာမတို့မှာ သိရီမာဥပါသိကာမ နှင့်ဥတ္တရာဥပါသိကာမတို့ဖြစ်ကြ၏။ [၁၂]
  • ဝိပဿီမြတ်စွာဘုရား၏ အရပ်တော်မှာ အတောင် (၈၀) နှစ်ဆယ်မြင့်၍ ကိုယ်၏-အရောင်-ရောင်ခြည်တော် (ပကတိကိုယ် တောင်ရောင်)သည် ထက်ဝန်းကျင် အခါခပ်သိမ်း (၇) ယူဇနာပြန့်နှံ့၍ တည်လေ၏။ [၁၃]
  • ဝိပဿီ မြတ်စွာဘုရားပွင့်တော်မူရာ အသက်တန်းမှာ အနှစ် (၈၀၀၀၀) ရှစ်သောင်းတန်းဖြစ်၏။ [၁၄]
  • သိမှတ်ဖွယ်အကျယ်ကို [၁၅]တို့ကြည့်။)[၁၆]

၂၂။ ဝိပဿီ -ဘုရားရှိခိုး+ဆုတောင်းဂါထာ

ပြင်ဆင်ရန်

ကျမ်းကိုး

ပြင်ဆင်ရန်
  1. အဘိ၊ဋ္ဌ၊၁၊၆၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇။
  2. (ဓမ္မ၊ဋ္ဌ၊၁၊၅၃။)
  3. (ဒီ၊၂၊၂၊၃၊၉၊ ၄၄။)။
  4. (ဒီ၊၂၊၆၊ ၁၀၊ ၄၅။ ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃)။
  5. (ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။)။
  6. (ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃)
  7. (ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇-၈၃။)
  8. (ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇။)။
  9. (ဒီ၊၂၊၄၊ ၁၀၊ ၄၄။ ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။)။
  10. (ဒီ၊၂၊၅၊ ၁၀၊ ၄၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။)။
  11. (ဒီ၊၂၊၁၀၊ ၄၄။ ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇-၈၊ ၂၈၃။)။
  12. (ဗုဒ္ဓဝံ၊၃၆၅။)။
  13. (ဗုဒ္ဓဝံ၊၃၆၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။)။
  14. ဒီ၊၂၊၉၊ ၄၄။ ဗုဒ္ဓဝံ၊၃၆၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇၊ ၂၈၃။
  15. ဒီ၊၂၊၄၊ ၁၀၊ ၁၇၊ ၂၆-၇၊ ၄၄။ ဗုဒ္ဓဝံ၊၃၆၃-၆။ ဒီ၊ဋ္ဌ၊၂၊၄၃-၅။ သံ၊ဋ္ဌ၊၂၊၁၉။ အဘိ၊၁၊၆၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇-၈၄-
  16. တိပိဋကအဘိဓာန် အတွဲ-၁၉
  17. အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)