ဝိဘင်း

အဘိဓမ္မာပိဋကတ်ဝင်ကျမ်း

ပါဠိလိုဝိဘင်္ဂကို မြန်မာလို ဝိဘင်း (ဝိဘင်းကျမ်း)ဟု ခေါ်သည်။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပြသော ကျမ်းဟု အဓိပ္ပာယ်ရသည်။ ဓမ္မသင်္ဂဏီကျမ်း၌ ရေတွက်ပြထားသည့် မာတိကာ ခေါင်းစဉ် အတိုင်း တိက် ၂၂-တိုက်နှင့် ဒုက် ၁ဝဝ ဒုက်တို့ကိုပင် ခန္ဓဝိဘင်း, အာယ တနဝိဘင်း, ဓာတုဝိဘင်း, ဣန္ဒြိယဝိဘင်း, ပဋိစ္စသမုပ္ပါဒ်ဝိဘင်းစသည်ဖြင့် ခေါင်းစဉ်ကြီး ၁၈-ခုထားကာ သုတ္တန်နည်း, အဘိဓမ္မာနည်း အ‌မေးအ‌ဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် ခွဲခြမ်း စိတ်ဖြာ၍ အသေးစိတ် ဟောတော်မူသည်။

ဥပမာ-ဓမ္မသင်္ဂဏီကျမ်း၌ ဝေဒနာစေတသိက်ကို ၅-ပါး၊ ၆-ပါး၊ ၁၂ ပါးစသည်လောက်သာ ဝေဖန်ဟောထားသော်လည်း ဝိဘင်းကျမ်း၌မူ ဝေဒနာမျိုးပေါင်း (၁၀၇ဝ၇၆)ပါးအထိ ခွဲခြမ်းစိတ်ဖြာ၍ အသေးစိတ် ဟောကြားထားသည်။ သညာစေတသိက်ကိုလည်း သညာပေါင်း (၁၂၂၉၆၄)ပါးအထိ ဝေဖန်ဟောကြားထားသည်။ [၁]

နည်း ၃-နည်း မှာ

ပြင်ဆင်ရန်
  1. တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တန္တဘာဇနီယနယ)
  2. အထက်တန်း တရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ)
  3. တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဉှာပုစ္ဆကနယ) …

တို့ဖြစ်သည်။

ဘာသာပြန်ခြင်းများ

ပြင်ဆင်ရန်

အဘိဓမ္မာပိဋကတ်၏ ဒုတိယကျမ်းဖြစ်သော ဝဘင်္ဂ (သို့) ဝိဘင်းကျမ်းကို အင်္ဂလိပ်ဘာသာသို့ အရှင်သေဋ္ဌိလက The Book Of Analysis အမည်ဖြင့် ပထမဆုံး စတင်ပြန်ဆိုခဲ့သည်။ ထိုစာအုပ်တွင် စာမျက်နှာ (၅၆၀) ပါရှိပြီး (၁၈) ခန်းခွဲ၍ ရေးသားထားကာ လန်ဒန်ရှိ ပါဠိစာပေအသင်းက ၁၉၆၉ တွင် ပထမအကြိမ်အနေဖြင့် ထုတ်ဝေခဲ့သည်။[၂]

  1. ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်
  2. tr U Thittila, 1969/1988, Pali Text Society[၁], Bristol