ဝိသာခါနက္ခတ်
ရာဇမတ္တဏ်ကျမ်းတွင် “ဣန္ဒနီ၊ သက္ကာနီ၊ ဝိသာခါ” ဟူ၍ ဝိသာခါနက္ခတ် ပရိယာယ် (၃)ပုဒ် ပြပါသည်။ သိကြားမင်း မယား သုဇိတာ၏ အမည်ဟော ပရိယာယ်များ ဟူ၍ မှတ်ပါလေ။ အဘိဓာန်ဋီကာ၌မူ “ဝိသဒိတံ၊ မတူသော။ ဖလံ၊ အကျိုးကို။ ခနတိ၊ တူးဖြိုတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဝိသာခါ၊ ဝိသာခါမည်၏” ဟူ၍ တွေ့ရပေသည်။ လုံးရေသင်္ချာ အဆင်းသဏ္ဌာန်ကို ကျမ်းအချို့ က အောက်ပါအတိုင်း ပြဆိုပါသည်။
- သေနင်္ဂဗျူဟာကျမ်း (၈) လုံး၊ သဏ္ဌာန်မပါ
- ပေါတ္တရသာဒိကျမ်း (၄) လုံး၊ ပန်းကုံး သဏ္ဌာန်
- ဂြဟသျှန္တီကျမ်း (၄) လုံး၊ မင်းကောဝန်း သဏ္ဌာန်
- လဃုသင်္ဂြဟကျမ်း (၄) လုံး၊ တုရိုင်တိုင် သဏ္ဌာန်
- အာကာသသျှတ္တရကျမ်း(၁၄) လုံး၊ တွင်းဝန်းသဏ္ဌာန်
- သိင်္ဃဗောဓကျမ်း (၄) လုံး၊ အဆင်း သဏ္ဌာန်မပါ
- ကပ္ပဝဏ္ဏနာကျမ်း (၁၂) လုံး၊ ပတ်ဆိုင်းဝန်း သဏ္ဌာန်
- ပုရပိုက်ဖြူတော် (၁၄) လုံး၊ ကျွဲဦးခေါင်း သဏ္ဌာန်
ဝိသာခါနက္ခတ်ကို သက္ကာနီမည်သော သိကြားမင်းမယား သုဇိတာ အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ဆိုပါသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)