ဝိသုဒ္ဓိ ၏ အဓိပ္ပာယ်မှာ စင်ကြယ်ခြင်းဖြစ်သည်။ ဝိသုဒ္ဓိသည် (၇)ပါး ရှိ၏။ ၎င်းတို့မှာ -

  1. သီလဝိသုဒ္ဓိ - အကျင့်သီလ၌ စင်ကြယ်ခြင်း။
  2. စိတ္တဝိသုဒ္ဓိ - စိတ်၏ စင်ကြယ်ခြင်း။
  3. ဒိဋ္ဌိဝိသုဒ္ဓိ - အယူမှားတို့မှ စင်ကြယ်ခြင်း။
  4. ကင်္ခါဝိတရဏ ဝိသုဒ္ဓိ - ဝိစိကိစ္စာ (ယုံမှားသံသယဖြစ်ခြင်း)တို့မှ စင်ကြယ်ခြင်း။
  5. မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ - မဂ်ဟုတ်သည်၊ မဟုတ်သည်ကို ပိုင်းခြားသိမြင်ခြင်း။
  6. ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ - မဂ်ဖိုရကြောင်းအကျင့် ဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာ သိမြင်ခြင်း။
  7. လောကုတ္တရာဉာဏဒဿနဝိသုဒ္ဓိ - ရှေ့တွင်ဖော်ပြခဲ့ပြီးသော ဝိသုဒ္ဓိ(၆)ပါးကို အစဉ်ဖြင့် အဆင့်ဆင့်တက်၍ ရသောမဂ်။[၁][၂]

ဝိသုဒ္ဓိ (၇) ပါး ပြင်ဆင်ရန်

သီလဝိသုဒ္ဓိ- သီလ၏ စင်ကြယ်ခြင်း။ ပြင်ဆင်ရန်

စိတ္တဝိသုဒ္ဓိ - သမာဓိ၏ စင်ကြယ်ခြင်း။ ပြင်ဆင်ရန်

မာနကိုချ ရှက်ကာ ကျဉ်ဖယ် ဂုဏ်ဝယ်ဦးခိုက် မုသားမိုက်ကို သိမ်းပိုက်မပြု ဟောမူဦးတင် မြတ်ရှင်သဒ္ဓါ ဤ ၆ဖြား မှတ်ပါ စိတ္တဝိသုဒ္ဓိ

ဒိဋ္ဌိဝိသုဒ္ဓိ - ဉာဏ် အမြင် စင်ကြယ်ခြင်း။ ပြင်ဆင်ရန်

ဒိဋ္ဌိဝိသုဒ္ဓိဆိုသည်မှာ "အမြင်စင်ကြယ်" ခြင်း ဖြစ်သည်။ နာမ်ရုပ်တို့ကို ခွဲခြမ်းဝေဖန်၍ မဖောက်မပြန် ဟုတ်မှန်တိုင်းသော သဘောကို မြင်ခြင်းသည် "ဒိဋ္ဌိဝိသုဒ္ဓိ" မည်၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိ - ယုံမှားခြင်း (၁၆) ပါးကို လွန်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း။ ပြင်ဆင်ရန်

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ - မဂ် ဟုတ်သည် မဟုတ်သည်ကို သိမြင်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း။ ပြင်ဆင်ရန်

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ - မဂ်တည်းဟူသော ဉာဏ်အမြင် စင်ကြယ်ခြင်း။ ပြင်ဆင်ရန်

လောကုတ္တရာဉာဏဒဿနဝိသုဒ္ဓိ - နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ်၏ စင်ကြယ်ခြင်း။ ပြင်ဆင်ရန်

တစ်နည်း ပြင်ဆင်ရန်

၁။ သီလဝိသုဒ္ဓိ - လူတို့၌လည်း လူတို့၏ (၅) ပါး၊ (၈) ပါး၊ (၁၀) ပါးသော သီလ၊ ရဟန်းတို့၌လည်း ဝိနည်းသိက္ခာပုဒ်ပေါင်း (၂၂၇) သွယ်သော သီလတို့ဖြင့် စင်ကြယ်ခြင်း၊

၂။ စိတ္တဝိသုဒ္ဓိ - ကမ္မဋ္ဌာန်း အားထုတ်သဖြင့် အာရုံထင်မြင်၍ ဥပစာရဈာန်စိတ်၏ စင်ကြယ်ခြင်း၊

၃။ ဒိဋ္ဌိဝိသုဒ္ဓိ - ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးသာ ရှိသည်ဟု ဧကန်အမှန်မြင်သော နာမရူပ ပရိစ္ဆေဒဉာဏ်၏ စင်ကြယ်ခြင်း၊

၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ - ယုံမှားခြင်းဝိစိကိစ္ဆာကို လွန်မြောက်နိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်၏ စင်ကြယ်ခြင်း၊

၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ - မဂ်ဟုတ်သည် မဟုတ်သည်ကို ဧကန်အမှန်သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း၊

၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ - ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ် တိုင်အောင် အားထုတ်၍ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ဧကန် အမှန်သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း၊

၇။ ဉာဏဒဿနဝိသုဒ္ဓိ - နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို အားထုတ်၍ နိဗ္ဗာန်ကို ဧကန်အမှန်သိသော မဂ်ဉာဏ်အမြင်၏ စင်ကြယ်ခြင်း

ကိုးကား ပြင်ဆင်ရန်

  1. ဦးသက်စိန်(ဖြူး) (ဩဂုတ် ၁၉၉၁)။ မြတ်ဗုဒ္ဓ သာသနာ့အခြေခံ (ပထမအကြိမ် ed.)။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: မိခင်ဧရာဝတီ စာအုပ်တိုက်။ pp. ၂၆၅။
  2. ဦးသော်ဇင် (ဒီဇင်ဘာ ၁၉၇၂)။ ဝိသုဒ္ဓိမဂ် (ဒုတိယအကြိမ်)။ အမှတ် ၁၀၅၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပ၊ ရန်ကုန်။: ဦးသော်ဇင်၊ ဥယျာဉ်မှူးစာပေ။CS1 maint: location (link)

၃။ https://www.facebook.com/264537333669501/posts/348753728581194/