ဝိုင်းစုခိုင်သိန်းသည် မြန်မာ အမျိုးသမီး အဆိုတော်၊ ကြော်ငြာ၊ ဗီဒီယို သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ ဒီဇင်ဘာ ၂၄၊ ၁၉၈၆ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဝိုင်းစုခိုင်သိန်း ပင်ဖြစ်သည်။ အ.ထ.က(၁)ဒဂုံ တွင် သူငယ်တန်းကမှ တက္ကသိုလ်ဝင်တန်းထိ နေခဲ့သည်။ ၂၀၀၃-ခုနှစ်တွင် ဆယ်တန်းအောင်မြင်၍ အင်္ဂလိပ်စာအဓိကနှင့် ဘွဲ့ရသည်။ ၂၀၀၄−ခုနှစ်တွင် သရုပ်ဆောင်အဖြစ်ဖြင့် အနုပညာလုပ်ငန်းကို စတင်ခဲ့သည်။ ပထမဆုံး တေးစီးရီးအဖြစ် မက်လောက်စရာ ကို ထုတ်ဝေခဲ့သည်။ ထိုစီးရီးဖြင့် အောင်မြင်မှုရလာပြီးနောက် မျက်လှည့်အာဘွားခါချနေရတယ် အမည်ရှိ စီးရီးများ ထပ်မံထွက်ရှိခဲ့သည်။

ဝိုင်းစုခိုင်သိန်း
မွေးဖွား (1986-12-24) ဒီဇင်ဘာ ၂၄၊ ၁၉၈၆ (အသက် ၃၇)
ရန်ကုန်မြို့မြန်မာနိုင်ငံ
အခြား အမည်များဝိုင်းစုခိုင်သိန်း
အိမ်ထောင်ဖက်(များ)ဥက္ကာမြင့်ကြူ (၂၀၁၄–၂၀၁၆)
မိဘ(များ)ဦးသိန်းဌေး+ဒေါ်မေရီအောင်

တေးသံရှင် ဝိုင်းစုခိုင်သိန်းသည် ကိုဥက္ကာမြင့်ကြူ နှင့် ၂၀၁၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ မင်္ဂလာဆောင်ခဲ့ပြီး ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့သည့်အတွက် တရားဝင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့သည်။ လက်ရှိတွင် အဆိုတော် အောင်လ နှင့်လက်တွဲလျက်ရှိသည်။

ဝိုင်းစုခိုင်သိန်း၏ တစ်ကိုယ်တော်စီးရီးသစ် ဂါ ကို ၂၀၁၆-ခု၊ အောက်တိုဘာ ၂၁-ရက်နေ့တွင် ထွက်ရှိသည်။ Mini albumမယ်သီတာ ကို၂၀၁၇-ခု၊ ဂျူလိုင် ၁၆တွင်ဖြန်ချီခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ