ဝီကီပီးဒီးယား:ဆက်သွယ်ရန်/ဆောင်းပါး အကြောင်းအရာများ


ဖတ်ရှုသူများ
ဆောင်းပါးတစ်ပုဒ်နှင့် ပတ်သက်၍ ပြဿနာကို တင်ပြရန်၊ သို့မဟုတ် နောက်ထပ် အချက်အလက်များ ရှာဖွေရန်

ဆောင်းပါး အကြောင်းအရာများ
သင်၊ သင့်ကုမ္ပဏီ သို့မဟုတ် သင်ကိုယ်စားပြုသော တစ်စုံတစ်ဦးအကြောင်း ဆောင်းပါးများနှင့် ပတ်သက်သော ပြဿနာများ

လိုင်စင်
ဝီကီပီးဒီးယား၏ အချက်အလက်များ ကူးယူရန်၊ သင်ပိုင်သင်များ လှူဒါန်းရန်၊ သို့မဟုတ် သင့်အချက်အလက်များအား လိုင်စင်မဲ့ အသုံးပြုထားခြင်းအား တင်ပြရန်

အလှူရှင်များ
လုပ်ငန်းစဉ်များ၊ လှူဒါန်းရန် နည်းလမ်း၊ သင့်ငွေကြေးအား မည်သို့ အသုံးပြုပုံ စသည့် အချက်အလက်များအား လေ့လာရန်

Press and partnerships
If you're a member of the press looking to contact Wikipedia, or have a business proposal for us.



သင့်အကြောင်း သို့မဟုတ် သင့်အဖွဲ့အစည်းအကြောင်း ဆောင်းပါးတစ်ခုသည် ပြည့်စုံမှုမရှိခြင်း၊ မတိကျခြင်း သို့မဟုတ် ဘက်လိုက်ခြင်းများရှိသည်ဟု သင်ယုံကြည်ပါက ထိုကိစ္စရပ်များကို ဝီကီပီးဒီးယား တည်းဖြတ်သူ အသိုင်းအဝိုင်းနှင့် ဆွေးနွေးရန်အတွက် လမ်းကြောင်းများစွာ ရှိပါသည်။

ဆွေးနွေးချက် စာမျက်နှာ ခလုတ်

ဝီကီပီးဒီးယားတွင် ဗဟို တည်းဖြတ်သူ သို့မဟုတ် အကြောင်းအရာ သုံးသပ်သူများ မရှိဘဲ ကျွန်ုပ်တို့ရှိ အကြောင်းအရာများကို စေတနာ့ဝန်ထမ်းများက ကိုင်တွယ်ထိန်းသိမ်းပါသည်။ သင့်ဆောင်းပါးအား တည်းဖြတ်သူ သို့မဟုတ် စောင့်ကြည့်သူများအား ပထမဆုံး ဆက်သွယ်သင့်ပါသည်။

ဆောင်းပါး၏ "ဆွေးနွေးချက်" စာမျက်နှာတွင် ကိစ္စရပ်အကြောင်း အသေးစိတ် ရေးသားပြီး သင့်ဆောင်းပါးအား တည်းဖြတ်သူ သို့မဟုတ် စောင့်ကြည့်သူများနှင့် ဆက်သွယ်နိုင်ပါသည်။ သင့်ဆောင်းပါး၏ ထိပ်ဆုံးရှိ "ဆွေးနွေးချက်" လင့်အား နှိပ်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။ ထိုနေရာတွင် "အပိုင်းသစ် စတင်ရန်" ခလုတ်ကိုနှိပ်ခြင်းဖြင့် အပိုင်းသစ်တစ်ခု ဖန်တီးပေးပါလိမ့်မည်ဖြစ်ပြီး သင့် မှတ်ချက်များကို ရေးသားဖော်ပြနိုင်ပါသည်။

ဆွေးနွေးချက် စာမျက်နှာတွင် စာလွှာချန်ခြင်းက အကူအညီမဖြစ်ပါက အကူအညီ စာမျက်နှာတွင် စာလွှာချန်ရစ်ခြင်း ကို ပြုလုပ်နိုင်ပါသည်။

အခြားနည်းလမ်းအနေဖြင့် အတွေ့အကြုံရှိသော အခြား စေတနာ့ဝန်ထမ်းများထံသို့ info@wikimedia.org မှတဆင့် ဆက်သွယ်နိုင်ပါသည်။ သင်ကြုံတွေ့ရသော ပြဿနာ အကြောင်းနှင့် သင့်ဆောင်းပါး၏ ခေါင်းစဉ်တို့နှင့်တကွ ရေးသားဆက်သွယ်နိုင်ပါသည်။ သင့်အီးမေးလ်သည် လုံခြုံစွာ ရှိနေမည်ဖြစ်သော်လည်း လုံခြုံရေးကျိုးပေါက်ခြင်းများအပါအဝင် ကြိုမသိနိုင်သော အခြေအနေများကြောင့် ထိန်းသိမ်းရမည့် အကြောင်းအရာများ ပေါက်ကြားခြင်းရှိလာနိုင်ပါသည်။ မကောင်းသော အချက်အလက်များဖယ်ရှားရာတွင် စေတနာ့ဝန်ထမ်းများက ကူညီပေးမည် ဖြစ်သော်လည်း သင့်အတွက် အချက်အလက် အသစ်များအား ပေါင်းထည့်ပေးလိမ့်မည် မဟုတ်ကြောင်း သတိပြုပါ။ ထိုသို့အတွက် အထက်တွင် ဖော်ပြထားသော ဆွေးနွေးချက် စာမျက်နှာကို အသုံးပြုရန် လိုအပ်ပါသည်။

သင့်ဆောင်းပါးတွင် ဖော်ပြရန် အတွက် ဓာတ်ပုံများ လှူဒါန်းရန် ဆန္ဒရှိပါက သင်ကိုယ်တိုင် upload တင်နိုင်ပြီး ဆောင်းပါးထဲတွင် ထည့်သွင်းနိုင်ပါသည်။ ထို့အပြင် photosubmission@wikimedia.org သို့လည်း အီးမေးလ်ပေးပို့နိုင်ပါသည်။ ဓာတ်ပုံ၏ မူပိုင်ခွင့်အား သင်ပိုင်ဆိုင်ကြောင်း၊ ယင်းအား အခမဲ့လိုင်စင်ဖြင့် ဖြန့်ချိရန် သဘောတူကြောင်း သက်သေဖော်ပြချက်များ ပါဝင်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့ အကြံပြုထားသော လိုင်စင်မှာ Creative Commons Attribution-ShareAlike 4.0 license ဖြစ်ပါသည်။ မူပိုင်ခွင့်အား သင်မပိုင်ဆိုင်ပါက ဓာတ်ပုံဆရာ သို့မဟုတ် မူပိုင်ခွင့် ပိုင်ဆိုင်သူအား မေးမြန်းပါ။