ဝီကီပီးဒီးယား ဆောင်းပါးကူညီကိရိယာ
COI တည်းဖြတ်ခြင်း
အကြောင်းအရာနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းတစ်ခုနှင့် ဖြစ်စေ ပုဂ္ဂိုလ်ရေးရာဖြစ်စေ ဆက်ဆံရေးရှိထားလျှင် အောက်ပါအချက်အချို့ကို မှတ်သားထားပါ။
  • ဆောင်းပါးတစ်ခု ရေးပေးရန် သင်တောင်းဆိုနိုင်သည်
အကြောင်းအရာတစ်ခုနှင့် ကိုယ်ကျိုးစီးပွား ပဋိပက္ခ (conflict of interest) ရှိထားပါက အကြောင်းအရာအား ဘက်လိုက်ထောက်ခံမှုမရှိဘဲ ရေးသားရန်မှာ ဖြစ်နိုင်ခြေအလွန်နည်းသည်။ သို့သော်လည်း တစ်စုံတစ်ဦးအား ဆောင်းပါးရေးသားပေးရန် သင့်အနေဖြင့် တောင်းဆိုနိုင်သည်။ ကြားနေတစ်ဦးဦးမှ ဆောင်းပါးအား ရေးသားခြင်း ဖြစ်သည့်အတွက် ဆောင်းပါးတွင်းတွင် ဘက်လိုက်မှုများ ပါဝင်ခြင်းမှ ကင်းဝေးစေနိုင်သည်။
  • တည်းဖြတ်ပေးရန် သင်တောင်းဆိုနိုင်သည်
သင့်အတွက် ဆောင်းပါးရေးပေးရန် တောင်းဆိုခြင်းသကဲ့သို့ အခြားတည်းဖြတ်သူ တစ်ဦးဦးအားလည်း သင့်ကိုယ်စား တည်းဖြတ်ပေးရန်အတွက် တောင်းဆိုနိုင်သည်။ ထိုသို့ပြုလုပ်ရန်အတွက် လမ်းညွှန်အချက်အလက်များကို ဤနေရာတွင် ကြည့်နိုင်သည်။
  • ပွင့်လင်းမြင်သာပါစေ
အကြောင်းအရာနှင့် သင့်ဆက်သွယ်ရေးအား ပွင့်လင်းမြင်သာပါစေ။ ဝီကီပီးဒီးယားတွင် တည်းဖြတ်သူများစွာရှိပြီး ထိုတည်းဖြတ်သူများအား တစ်နည်းနည်းဖြင့် သင်ထိတွေ့ဆက်ဆံရမည် ဖြစ်သည်။ သင်နှင့် သင့်ဆောင်းပါးအား အခြားတည်းဖြတ်သူများမှ ကူညီပေးရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်းသည် ပြီးပြည့်စုံစေသည်။