မိတ်ဆက် ဘယ်လို
တည်းဖြတ်မလဲ
 ပုံစံချခြင်း အချိတ်အဆက်များ ရင်းမြစ်များကို
ကိုးကားခြင်း
 ဆွေးနွေးချက်
စာမျက်နှာများ
 မှတ်သားရန် မှတ်ပုံတင်ခြင်း အပြီးသတ်  

အသုံးပြုအမည်တစ်ခုကို မှတ်ပုံတင်ခြင်း ဟာ ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ မှတ်ပုံတင်ရာမှာ သင့်အမည်ရင်းနဲ့ ကိုယ်ရေးအချက်အလက်တွေ ပေးဖို့ မလိုအပ်ပါဘူး။

မှတ်ပုံမတင်ထားဘူးဆိုရင်တောင်မှ မည်သူမဆို ဝီကီပီးဒီးယားမှာ ဝင်ရောက်ရေးသားနိုင်ပါတယ်။ ဒါပေမယ့် အကောင့်တစ်ခု ပြုလုပ်ထားခြင်းက အောက်ပါ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်:

သင့်လိုမျိုး ဝီကီပီးဒီးယားမှာ ဝင်ရောက်ရေးသားသူတွေ အကြောင်း ပြောပြထားတဲ့ ဗီဒီယိုတို (၁:၂၆ မိနစ်)
  • ဆောင်းပါးသစ်များကို ဖန်တီးနိုင်ခြင်း။
  • အကောင့်တစ်ခု ပြုလုပ်ထားခြင်းက သင့်ကို ပြင်ဆင်ခွင့် ရွေးချယ်စရာတွေနဲ့ အသုံးပြုသူအတွက် ရွေးချယ်စရာတွေ အပါအဝင် အပို လုပ်ဆောင်ချက်တွေ ရရှိမှာ ဖြစ်ပါတယ်။ အသုံးတည့်တဲ့ လုပ်ဆောင်ချက်တစ်ခုက စောင့်ကြည့်စာရင်း ပဲ ဖြစ်ပါတယ်။ သူက သင်စိတ်ဝင်စားတဲ့ စာမျက်နှာတွေရဲ့ အပြောင်းအလဲကို ထောက်လှမ်းပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ စာမျက်နှာကို အမည်ပြောင်းခြင်း ဒါမှမဟုတ် ရွေ့ပြောင်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။
  • မှတ်ပုံမတင်ထားတဲ့ အသုံးပြုသူကို သူ့ရဲ့ ကွန်ပျူတာ အိုင်ပီလိပ်စာကနေ တစ်ဆင့် သိရှိနိုင်ပါတယ်။ နောက်တစ်ခုက အိုင်ပီလိပ်စာဟာ ပြောင်းလဲနေတတ်တဲ့အတွက် မှတ်ပုံမတင်ဘဲ အသုံးပြုသူတွေအတွက် လေးစားသမှုရနိုင်ဖို့ ခက်ခဲသလို အခြားတည်းဖြတ်သူတွေအနေနဲ့ မှတ်တမ်းကောင်းကြည့်နိုင်ဖို့ ခက်ခဲပါတယ်။ အလားတူ သူတို့မှာ ကိုယ်ပိုင်အသုံးပြုသူ စာမျက်နှာ မရှိတဲ့အတွက် ဆွေးနွေးပြောဆိုချက်တွေအတွက်လဲ အခက်အခဲရှိနိုင်ပါတယ်။
  • အချို့စာမျက်နှာတွေမှာ တည်းဖြတ်ပြင်ဆင်နိုင်ဖို့ အလိုအလျောက် အတည်ပြုထားသူတွေ ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်ဖို့ မှတ်ပုံတင်ထားသူဟာ ဝီကီပီးဒီးယားမှာ အနည်းဆုံး လေးရက်သက်တမ်းရှိရမှာ ဖြစ်ပြီး တည်းဖြတ်မှု ဆယ်ကြိမ် အနည်းဆုံး ရှိရမှာ ဖြစ်ပါတယ်။
  • မှတ်ပုံတင်ထားတဲ့ အသုံးပြုသူတွေကပဲ အက်ဒမင် ခေါ် စီမံခန့်ခွဲသူ အဖြစ် လုပ်ပိုင်ခွင့်ရှိပါတယ်။

သင်မှတ်ပုံတင်တဲ့အခါ အသုံးပြုသူအမည်နဲ့ စကားဝှက်ကို မမေ့ပါစေနဲ့။ သင်က ဒီလိုမေ့တတ်တဲ့သူဆိုရင် မှတ်ပုံတင်အကောင့်ပြုလုပ်ချိန်မှာ အီးမေးလ်လိပ်စာကို သေချာ ထည့်သွင်းမိပါစေ။ ဒါမှ စကားဝှက်အသစ်ကို ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။

ပိုပြီး သိရှိနိုင်ဖို့ ဘာ့ကြောင့် အကောင့်ပြုလုပ်ဖို့လိုအပ်သလဲ ကို ဖတ်ပါ။

ဘယ်လိုမှတ်ပုံတင်မလဲ

မှတ်ပုံတင်အကောင့်တစ်ခု ပြုလုပ်ဖို့ အပေါ်က စာကြောင်း ဒါမှမဟုတ် စာမျက်နှာရဲ့ ညာဖက်အပေါ်နားက အကောင့် ဖန်တီးရန် ကို နှိပ်ပါ။

အသုံးပြုအမည်ကို ရွေးချယ်ပြီးတာနဲ့ အမည်ကို လွယ်လွယ်နဲ့ ပြန်ပြောင်းခွင့်မရှိပါဘူး။ အဲဒါကြောင့် အသုံးပြုအမည် မရွေးချယ်မီ အသုံးပြုအမည် မူဝါဒ ကို ဖတ်ရှုဖို့ အကြံပြုပါရစေ။


အပြီးသတ် သင်ခန်းစာကို ဆက်သွားမယ်