ဝီကီပီးဒီးယား:အခြားရင်းမြစ်များမှ စာသားများ ကူးယူခြင်း

(ဝီကီပီးဒီးယား:COPYPASTE မှ ပြန်ညွှန်းထားသည်)
"WP:COPYPASTE"ကို ဤနေရာသို့ ညွှန်းသည်။ ဖြတ်ယူကူးထည့်ခြင်းဖြင့် စာမျက်နှာရွှေ့ပြောင်းခြင်းအတွက် WP:CUTPASTEကို ကြည့်ပါ။

ကိစ္စရပ်အများစုတွင် အခြားရင်းမြစ်များမှ စာသားများကို ဝီကီပီးဒီးယားသို့ ကူးယူခြင်း မပြုလုပ်ရပါ။ ထိုသို့ပြုလုပ်ခြင်းသည် မူပိုင်ခွင့် ချိုးဖောက်ခြင်း ဖြစ်ပြီး ခိုးယူခြင်း ဖြစ်စေနိုင်သည်။ ဆောင်းပါးများကို သင့်ကိုယ်ပိုင်စကားလုံးများဖြင့် အမြဲတစေ ရေးသားပြီး ဆောင်းပါး၏ရင်းမြစ်များကို ကိုးကားပါ။ မူပိုင်ခွင့် ချိုးဖောက်ခြင်းမှုများသည် မကြာခဏ ဖျက်ပစ်ခြင်း ခံရသည်

တစ်နေရာရာမှ ရရှိခဲ့သည့် စာသားများကို ဝီကီပီးဒီးယားသို့ ကူးယူနိုင်ပါသလား? ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - Wikipedia:Copyrights
နောက်ထပ် အချက်အလက်များ။ Wikipedia:FAQ/မူပိုင်ခွင့်

ယေဘုယျ ဥပဒေသအနေဖြင့် အခြားရင်းမြစ်များမှ စာသားများကို မကူးယူပါနှင့်။ ထိုသို့ ကူးယူခြင်းသည် (အောက်တွင် ဆွေးနွေးထားသည်များမှ လွဲ၍) မူပိုင်ခွင့် ချိုးဖောက်ခြင်း နှင့် ခိုးချခြင်း နှစ်မျိုးစလုံးနှင့် ကိုက်ညီနေလေ့ရှိသည်။ ဤယေဘုယျ ဥပဒေသတွင် ပရဟိတ အသင်းအဖွဲ့ သို့မဟုတ် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာများ၊ ပညာရှင်များ စသည်တို့၏ ဝက်ဘ်ဆိုဒ်များနှင့်၊ အသစ်ထုတ်ဝေဖြန့်ချီမှုများနှင့်၊ မူပိုင်ခွင့် သတိပေးချက်မပါသော ရင်းမြစ်များအားလုံးမှ စာသားအကြောင်းအရာများကို ကူးယူခြင်းများ ပါဝင်သည်။ အကယ်၍ ဖန်တီးမှုတစ်ခုတွင် မူပိုင်ခွင့် သတိပေးချက် မပါဝင်ပါက ယင်းဖန်တီးမှုသည် မူပိုင်ခွင့်ကာကွယ်မှုအောက်တွင် ရှိသည်ဟု ယူဆသည်။[၁]

လွတ်လပ်လိုင်စင် သို့မဟုတ် public domain ရင်းမြစ်များမှ ကူးယူနိုင်သလား? ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - :en:Wikipedia:Adding open license text to Wikipedia

It is acceptable to copy text from public domain ရင်းမြစ်များ သို့မဟုတ် လိုက်ဖက်သော လိုင်စင်စနစ်အောက်တွင် တိကျစွာ ဖော်ပြထားသော စာသားများကို ကူးယူခြင်းအား ခွင့်ပြုသည်။ (နောက်ပိုင်းကိစ္စများတွင် မူလဖန်တီးသူ၏ ထင်မြင်ယူဆချက် လိုကောင်းလိုနိုင်သည်။ PLAGIARISM တွင် ကြည့်ပါ။) သို့သော်လည်း အခြားရင်းမြစ်များမှ အကြောင်းအရာများ အားလုံး ကူးယူခြင်းသည် အထက်တွင် ဖော်ပြထားသည်တွင် အကျုံးဝင်သည်။ အခမဲ့လွတ်လပ်လိုင်စင်ဖြင့် သတ်မှတ်ထားသော အကြောင်းအရာများ (public domain သို့မဟုတ် ဝီကီပီးဒီးယားနှင့် ဆီလျော်သော လိုင်စင်များ) ထည့်သွင်းခြင်းအတွက် လမ်းညွှန်ချက်ကို Wikipedia:Adding open license text to Wikipedia တွင် ကြည့်ပါ။

မသေချာသော ကိစ္စများအတွက် ကျေးဇူးပြု၍ Wikipedia:အကူအညီစားပွဲ တွင် မေးမြန်းများ အခြားတည်းဖြတ်သူများ၏ အကြံဉာဏ်များ ရယူပါ။

ကျွန်ုပ်သည် ရင်းမြစ်ပိုင်ရှင် သို့မဟုတ် ရင်းမြစ်ပိုင်ဆိုင်သူထံတွင် လုပ်ကိုင်နေသူဖြစ်ပါက ယင်းတို့ကို ဝီကီပီးဒီးယားသို့ ကူးယူနိုင်ပါသလား? ပြင်ဆင်ရန်

နောက်ထပ် အချက်အလက်များ။ en:Wikipedia:Donating copyrighted materials

ရင်းမြစ်သည် ဝီကီပီးဒီးယားနှင့် ဆီလျော်သော လိုင်စင် (ဥပမာ CC BY-SA) အောက်တွင် ရှိနှင့်နေခြင်း သို့မဟုတ် သင်သည် အခမဲ့လွတ်လပ်လိုင်စင်အောက်တွင် သင့်ရင်းမြစ်များကို ပေးလှူခြင်းများမှ လွဲ၍ ယေဘုယျအားဖြင့် မရပါ။ အခမဲ့လွတ်လပ်လိုင်စင်သည် ရင်းမြစ်များကို မည်သူမဆို ရယူနိုင်အောင် ပြုလုပ်ခြင်း ဖြစ်သည်။ ဝီကီပီးဒီးယားတွင်သာမက၊ ဝီကီပီးဒီးယား အသုံးပြုသူ မည်သူမဆို စီးပွားရေးဆိုင်ရာများတွင် အပါအဝင် မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို အသုံးပြုခြင်း၊ ပြင်ဆင်ခြင်းနှင်း ကူးယူနိုင်ခြင်း ဖြစ်သည်။ အသစ် သို့မဟုတ် အတွေ့အကြုံနည်းသော တည်းဖြတ်သူများအတွက် သူတို့ပိုင်ဆိုင်သော (သို့မဟုတ် လုပ်ကိုင်သော) ဝက်ဘ်ဆိုဒ်များမှ ကူးယူထားသည်များ ဖယ်ရှားခံရခြင်း၊ သို့မဟုတ် ဆောင်းပါးများကို မဆိုင်းမတွ ဖျက်ပစ်ရန် သတ်မှတ်ခံရခြင်းတို့သည် သူတို့အတွက် စိတ်ပျက်ဖွယ်ရာ ဖြစ်စေခြင်းသည် ကံမကောင်းစွာပင် မကြာခဏတွေ့ရလေ့ရှိသည်။ အကြောင်းအရာများသည် ဆီလျော်သော လိုင်စင် သို့မဟုတ် public domainတွင် ရှိကြောင်း စိစစ်အတည်မပြုနိုင်ပါက ဝီကီပီးဒီးယားသည် ယင်းအကြောင်းအရာများကို ထိန်းသိမ်းထားလိမ့်မည် မဟုတ်ပါ။ ယင်းတို့သည် ဆီလျော်နေသော်လည်း အသုံးပြုနိုင်ရန်အတွက် အခြားသော အကြောင်းအရာမူဝါဒများနှင့် ကိုက်ညီမှု ရှိနေရမည် ဖြစ်သည်။ များသောအားဖြင့် ရင်းမြစ်တွင် ဖော်ပြထားသည့် လေသံ၊ စကားလုံး ဝါကျ ဖွဲ့စည်းပုံများသည် စွယ်စုံကျမ်းဆောင်းပါးတစ်ခုအနေဖြင့် မသင့်လျော်တတ်ပေ။ ဝီကီပီးဒီးယားပေါ်ရှိ အကြောင်းအရာများသည် မူလရင်းမြစ်များ (primary sources) များထက် ဆင့်ပွားရင်းမြစ်များ (secondary) ကိုသာ အခြေတည်လေ့ရှိသည်။

စာသားများကို အနည်းငယ်ပြောင်းလဲပြီး ကူးယူနိုင်ပါသလား? ပြင်ဆင်ရန်

နောက်ထပ် အချက်အလက်များ။ Wikipedia:Close paraphrasing

မရပါ။ မူပိုင်ခွင့်ရှိ စာသားများအား အပေါ်ယံပြင်ဆင်ခြင်းဖြင့် မလုံလောက်ပါ။ ဝီကီပီးဒီးယား ဆောင်းပါးများကို တည်းဖြတ်သူ၏ ကိုယ်ပိုင်စကားလုံးများဖြင့် ရေးသားရမည်။ အကယ်၍ ရင်းမြစ်တွင် တစ်စုံတစ်ရာသည် အရေးကြီးသည်ဟု ဆိုလာပါက အဆိုအမိန့်ကို အသုံးချပါ။

စာသားများကို အသုံးပြုသူ စာမျက်နှာ သို့မဟုတ် ဆွေးနွေးချက် စာမျက်နှာများသို့ ဆက်လက်လုပ်ဆောင်ရန် ကူးယူထားနိုင်ပါသလား? ပြင်ဆင်ရန်

မရပါ။ သင့်အသုံးပြုသူ စာမျက်နှာနှင့် ဆွေးနွေးချက် စာမျက်နှာများတွင် မူပိုင်ခွင့်ရှိ စာသားများ ပါဝင်နေပါက၊ ဝီကီပီးဒီးယားသည် မူပိုင်ခွင့်အကြောင်းအရာများနှင့် မကိုက်ညီသော အကြောင်းအရာများကို ဆွေးနွေးချက်စာမျက်နှာ သို့မဟုတ် အသုံးပြုသူ စာမျက်နှာများ အပါအဝင် မည်သည့်နေရာတွင်မဆို ယာယီအနေဖြင့်လည်း လွှင့်တင်ခွင့် ပြုမည် မဟုတ်ပါ။

အဆိုအမိန့်တွေ ဆိုရင်ကော? ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - Wikipedia:Non-free content
နောက်ထပ် အချက်အလက်များ။ Wikipedia:Quotations

မူပိုင်ခွင့် စာသားများမှ အဆိုအမိန့် အကျဉ်းချုပ်ကို အကြံဉာဏ်၊ ထင်မြင်ယူဆချက်၊ အတွေးအမြင် သို့မဟုတ် စကားစပ်၊ အချက်အလက်တစ်ခုခုအား ပုံဖော်ပြနိုင်ရန် အသုံးပြုနိုင်သည်။ မူပိုင်ခွင့်ရှိ စာသားများ အသုံးပြုခြင်းသည် Wikipedia:အခမဲ့မဟုတ်သော အကြောင်းအရာသတ်မှတ်ချက် မူဝါဒနှင့် ကိုက်ညီရမည် ဖြစ်သည်။ ဆိုလိုသည်မှာ အဆိုအမိန့်အား အခမဲ့လွတ်လပ်စာသားဖြင့် အစားထိုးရမည်မဟုတ်ဘဲ တိုတောင်းရမည်၊ အရေးပါသည့် ဆိုလိုချက်များ ပါဝင်ရမည်ဖြစ်ပြီး ယခင်ကလည်း တစ်နေရာရာတွင် ထုတ်ဝေဖြန့်ချီပြီး ဖြစ်ရမည် ဖြစ်သည်။

ဝီကီပီးဒီးယား ဆောင်းပါးတစ်ခုမှ အခြားတစ်ခုသို့ ကူးယူခြင်း ဆိုလျှင်ကော? ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - WP:COPYWITHIN

ရပါသည်။ ဝီကီပီးဒီးယား ဆောင်းပါးတစ်ခုမှ တစ်ခုသို့ ကူးယူထည့်သွင်းနိုင်ပြီး တည်းဖြတ်မှု အကျဉ်းချုပ်တွင် ရင်းမြစ်ဆောင်းပါးကို လင့်ခ်ချိတ်ပေးရန် လိုအပ်ပါသည်။ အသုံးပြုသူများမှ ပံ့ပိုးပေးထားသော မူလအကြောင်းအရာများသည် မူလဖန်တီးသူကို သင့်လျော်စွာ ဖော်ပြထားပါက လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ အကယ်၍ စာသားများကို ကူးယူခဲ့သော်လည်း တည်းဖြတ်မှု အကျဉ်းချုပ်တွင် ဖော်ပြရန် မေ့လျော့ခဲ့ပါက ယင်းအား လွယ်ကူစွာ ပြန်လည် ပြင်ဆင်နိုင်ပါသည်။ သင့်အနေဖြင့် ဆောင်းပါးတွင်းတွင် မည်မည်ရရမဟုတ်သော ပြင်ဆင်ချက် (ဥပမာ ဆောင်းပါးအောက်ဆုံးတွင် ဗလာစာကြောင်း ထည့်သွင်းခြင်း) ကို ပြုလုပ်ခြင်းဖြင့် အစမ်းလေ့ကျင့် တည်းဖြတ်မှုကို ပြုလုပ်ကာ၊ ရင်းမြစ်ဆောင်းပါးကို တည်းဖြတ်မှုအကျဉ်းချုပ်တွင် ပြန်လည် ချိတ်ဆက်နိုင်သည်။ "[[ရင်းမြစ်ဆောင်းပါး]]မှ ၁ ဇန်နဝါရီ ၂၀၁၂ တွင် ကူးယူခြင်း" ကဲ့သို့သော မှတ်ချက်မျိုးသည် အဆင်ပြေပါသည်။

အ​ကျဉ်း​ချုပ်​ -

 

အရေးမကြီးသော ​ပြင်​ဆင်​မှု ​ဖြစ်​သည်​ ဤစာမျက်နှာကို စောင့်ကြည့်ရန်

ဤပြောင်းလဲချက်များကို သိမ်းဆည်းခြင်းဖြင့် သင်သည် အသုံးပြုခြင်းဆိုင်ရာ သိမှတ်စရာများကို သဘောတူညီပြီး ဖြစ်ပြီး၊ သင့်ဆောင်ရွက်ချက်များအား CC BY-SA 4.0 လိုင်စင်နှင့် GFDL လိုင်စင်များဖြင့် ဖြန့်ချိခြင်းကို ယတိပြတ် သဘောတူသည်။ hyperlink သို့မဟုတ် URL သည်လည်း Creative Commons လိုင်စင်အောက်တွင် လုံလောက်သော ဖြန့်ချိမှုဖြစ်ကြောင်းကိုလည်း သဘောတူညီသည်။

ပြောင်းလဲမှုများကို လွှင့်တင်ရန် န​မူ​နာ​ပြ​ရန် ပြင်​ဆင်​ထား​သည်​များ​ကို​ ပြရန် မလုပ်တော့ပါ

ရင်းမြစ်ဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာတွင်လည်း ကူးယူထားကြောင်း မှတ်စုတိုတစ်ခုကို ရေးသားရန်လည်း အကြံပြုပါသည်။ {{copied}} ကို အသုံးပြုနိုင်ပြီး ယင်းကို ရည်ရွယ်ရာဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။

မှတ်စုများ ပြင်ဆင်ရန်

  1. ဝက်ဘ်ဆိုဒ်အများစု (နှင့် အခြားသော ရင်းမြစ်များ)သည် ဖန်တီးသူသည် မူပိုင်ခွင့် မသတ်မှတ်ထားပါက သို့မဟုတ် သူတို့၏ ဖန်တီးမှုတွင် မူပိုင်ခွင့် သတိပေးချက် မထည့်သွင်းထားသော်လည်း Berne Convention ကဲ့သို့သော မူပိုင်ခွင့်ဥပဒေများဖြင့် အလိုအလျောက် ကာကွယ်ထားသည်။