ဝီကီပီးဒီးယား:ပါဠိအမည်များ

(ဝီကီပီးဒီးယား:NCPI မှ ပြန်ညွှန်းထားသည်)

ပါဠိဘာသာကို ၎င်းပျံ့နှံ့ရောက်ရှိရာဒေသရှိ အက္ခရာများဖြင့် အသုံးပြုရေးသားနိုင်သည်။ မြန်မာနိုင်ငံတွင် မြန်မာအက္ခရာဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းအက္ခရာဖြင့်လည်းကောင်း၊ သီရိလင်္ကာတွင် သီဟိုဠ်အက္ခရာဖြင့်လည်းကောင်း၊ ကမ္ဘောဒီးယားတွင် ခမာအက္ခရာဖြင့်လည်းကောင်း၊ အိန္ဒိယတွင် ဒေဝနာဂရီအက္ခရာဖြင့်လည်းကောင်း စသဖြင့် အက္ခရာဖလှယ်ရေးသားကြသည်။ ထိုနည်းတူ လန်ဒန် ပါဠိစာမူတော်အသင်း (London Pali Text Society) က ​ရောမအက္ခရာ (Roman script) ဖြင့် ဖလှယ်ရေးသားသည်။ ထို ​ရောမအက္ခရာဖြင့် ဖလှယ်နည်းကို ယခုအခါ နိုင်ငံတကာအသုံးအဖြစ် သတ်မှတ်အသုံးပြုကြသည်။

ထို ရောမအက္ခရာဖြင့် ရေးသားထားသည့် ပါဠိအမည်များကို မြန်မာဘာသာသို့ ဖလှယ်ရာတွင် အသံဖလှယ်နည်းထက် အက္ခရပရိဝတ္တနဟူသည့် အက္ခရာဖလှယ်နည်းကို အသုံးပြုရသည်။ အဆိုပါ အက္ခရာဖလှယ်ပုံကို အောက်တွင် အသေးစိတ်ဖော်ပြထားသည်။

ပါဠိဘာသာတွင် သရ ၈ လုံး ရှိသည်။

ရောမအက္ခရာ a ā i ī u ū e o
မြန်မာအက္ခရာ အာ
သင်္ကေတ ​ေ ​ော

ပါဠိဘာသာတွင် ဗျည်း ၃၂ လုံး၊ နိဂ္ဂဟိတ် တစ်လုံး၊ စုစုပေါင်း ၃၃ လုံးရှိသည်။

အစုရှိဗျည်းများ ပြင်ဆင်ရန်

က ဝဂ် ပြင်ဆင်ရန်

ရောမအက္ခရာ k kh g gh
မြန်မာအက္ခရာ က် ခ် ဂ် ဃ် င်

စ ဝဂ် ပြင်ဆင်ရန်

ရောမအက္ခရာ c ch j jh ñ
မြန်မာအက္ခရာ စ် ဆ် ဇ် ဈ် ဉ်

ဋ ဝဂ် ပြင်ဆင်ရန်

ရောမအက္ခရာ ṭh ḍh
မြန်မာအက္ခရာ ဋ် ဌ် ဍ် ဎ် ဏ်

တ ဝဂ် ပြင်ဆင်ရန်

ရောမအက္ခရာ t th d dh n
မြန်မာအက္ခရာ တ် ထ် ဒ် ဓ် န်

ပ ဝဂ် ပြင်ဆင်ရန်

ရောမအက္ခရာ p ph b bh m
မြန်မာအက္ခရာ ပ် ဖ် ဗ် ဘ် မ်

အစုမဲ့ဗျည်းများ ပြင်ဆင်ရန်

ရောမအက္ခရာ y r l v s h
မြန်မာအက္ခရာ ယ် ရ် လ် ဝ် သ် ဟ် ဠ်

ပေါင်းစပ်ပုံ ပြင်ဆင်ရန်

ဗျည်းနှင့်သရ ​ပေါင်းစပ်ပုံ ပြင်ဆင်ရန်

သရတွင် ကိုယ်ပိုင်အသံရှိသော်လည်း ဗျည်းတွင် ကိုယ်ပိုင်အသံမရှိပါ။ ဗျည်းနှင့်သရ ပေါင်းစပ်မှသာ အသံဖြစ်ပေါ်လာသည်။

ရောမအက္ခရာ k+a=ka k+ā=kā k+i=ki k+ī=kī k+u=ku k+ū=kū k+e=ke k+o=ko
မြန်မာအက္ခရာ က်+အ=က က်+အာ=ကာ က်+ဣ=ကိ က်+ဤ=ကီ က်+ဥ=ကု က်+ဦ=ကူ က်+ဧ=ကေ က်+ဩ=ကော

သရနှင့်နိဂ္ဂဟိတ် ​ပေါင်းစပ်ပုံ ပြင်ဆင်ရန်

နိဂ္ဂဟိတ် (ံ) ရှေ့တွင် အ၊ ဣ၊ ဥ သရအတို သုံးလုံးသာ ရှိရသည်။

ရောမအက္ခရာ a+ṃ=aṃ ā+ṃ=aṃ i+ṃ=iṃ ī+ṃ=iṃ u+ṃ=uṃ ū+ṃ=uṃ
မြန်မာအက္ခရာ အ+ံ=အံ အာ+ံ=အံ ဣ+ံ=အိံ ဤ+ံ=အိံ ဥ+ံ=အံု ဦ+ံ=အံု

ဗျည်းနှင့် နိဂ္ဂဟိတ် ပေါင်းစပ်ထားသောသရတို့ ပေါင်းစပ်ပုံ ပြင်ဆင်ရန်

ရောမအက္ခရာ ka+ṃ=aṃ kā+ṃ=aṃ ki+ṃ=iṃ kī+ṃ=iṃ ku+ṃ=uṃ kū+ṃ=uṃ
မြန်မာအက္ခရာ က+ံ=ကံ ကာ+ံ=ကံ ကိ+ံ=ကိံ ကီ+ံ=ကိံ ကု+ံ=ကံု ကူ+ံ=ကံု

ဗျည်းနှစ်လုံးဆင့်ခြင်း ပြင်ဆင်ရန်

အုပ်စုတွင်း ပထမအက္ခရာချင်း နှစ်လုံးဆင့်ခြင်း ပြင်ဆင်ရန်

k+k=kk က်+က်=က္က sakka သက္က
c+c=cc စ်+စ်=စ္စ amacca အမစ္စ
ṭ+ṭ=ṭṭ ဋ်+ဋ်=ဋ္ဋ vaṭṭa ဝဋ္ဋ
t+t=tt တ်+တ်=တ္တ putta ပုတ္တ
p+p=pp ပ်+ပ်=ပ္ပ kappa ကပ္ပ

အုပ်စုတွင်း ပထမအက္ခရာနှင့် ဒုတိယအက္ခရာတို့ နှစ်လုံးဆင့်ခြင်း ပြင်ဆင်ရန်

k+kh=kkh က်+ခ်=က္ခ dukkha ဒုက္ခ
c+ch=cch စ်+ဆ်=စ္ဆ maccha မစ္ဆ
ṭ+ṭh=ṭṭh ဋ်+ဌ်=ဋ္ဌ raṭṭha ရဋ္ဌ
t+th=tth တ်+ထ်=တ္ထ hattha ဟတ္ထ
p+ph=pph ပ်+ဖ်=ပ္ဖ puppha ပုပ္ဖ

အုပ်စုတွင်း တတိယအက္ခရာချင်း နှစ်လုံးဆင့်ခြင်း ပြင်ဆင်ရန်

g+g=gg ဂ်+ဂ်=ဂ္ဂ magga မဂ္ဂ
j+j=jj ဇ်+ဇ်=ဇ္ဇ majja မဇ္ဇ
d+d=dd ဒ်+ဒ်=ဒ္ဒ bhaddā ဘဒ္ဒါ
b+b=bb ဗ်+ဗ်=ဗ္ဗ nibbāna နိဗ္ဗာန

အုပ်စုတွင်း တတိယအက္ခရာနှင့် စတုတ္ထအက္ခရာတို့ နှစ်လုံးဆင့်ခြင်း ပြင်ဆင်ရန်

g+gh=gh ဂ်+ဃ်=ဂ္ဃ byaggha ဗျဂ္ဃ
j+jh=jjh ဇ်+ဈ်=ဇ္ဈ yujjha ယုဇ္ဈ
ḍ+ḍh=ḍḍh ဍ်+ဎ်=ဍ္ဎ vaḍḍa ဝုဍ္ဎ
d+d=ddh ဒ်+ဓ်=ဒ္ဓ Buddha ဗုဒ္ဓ
b+bh=bbh ဗ်+ဘ်=ဗ္ဘ abbhuta အဗ္ဘုတ

ပဉ္မမအက္ခရာနှင့် အုပ်စုတွင်းအက္ခရာများ နှစ်လုံးဆင့်ခြင်း ပြင်ဆင်ရန်

ṅ+k=ṅk င်+က်=င်္က paṅka ပင်္က
ñ+c=ñc ဉ်+စ်=ဉ္စ muñca မုဉ္စ
ṇ+ṭ=ṇṭ ဏ်+ဋ်=ဏ္ဋ kaṇṭa ကဏ္ဋ
n+t=nt န်+တ်=န္တ danta ဒန္တ
m+p=mp မ်+ပ်=မ္ပ limpa လိမ္ပ

အစုမဲ့ဗျည်းများ ပါဝင်သော နှစ်လုံးဆင့်ခြင်း ပြင်ဆင်ရန်

အစုမဲ့ဗျည်း ၈ လုံးအနက် ယ၊ ရ၊ ဝ၊ ဟ လေးလုံးတို့သည် နှစ်လုံးဆင့်လျှင် ျ၊ ြ၊ ွ၊ ှ အဖြစ် ​ပြောင်းလဲသွားသည်။ သ နှစ်လုံးဆင့်ပါက ဿ ဖြစ်သွားသည်။

အစုမဲ့ဗျည်းချင်း နှစ်လုံးဆင့်ခြင်း ပြင်ဆင်ရန်

y+y=yy ယ်+ယ်=ယျ် seyya သေယျ
y+v=yv ယ်+ဝ်=ယွ် yvāyaṃ ယွာယံ
y+h=yh ယ်+ဟ်=ယှ် mayhaṃ မယှံ
v+v=vv ဝ်+ဝ်=ဝွ် sivva သိဝွ
v+y=vy ဝ်+ယ်=ဝျ် vyādhi ဝျာဓိ
l+l=ll လ်+လ်=လ္လ pulliṅga ပုလ္လိင်္ဂ
l+y=ly လ်+ယ်=လျ် kalyā ကလျာ
s+s=ss သ်+သ်=ဿ် sissa သိဿ
s+v=sv သ်+ဝ်=သွ် svāhaṃ သွာဟံ

အစုရှိဗျည်းနှင့် အစုမဲ့ဗျည်းတို့ နှစ်လုံးဆင့်ခြင်း ပြင်ဆင်ရန်

b+y=by ဗ်+ယ်=ဗျ် byasana ဗျသန
t+r=tr တ်+ရ်=တြ် tatra တတြ
n+v=nv န်+ဝ်=နွ် anveti အနွေတိ
ṇ+h=ṇh ဏ်+ဟ်=ဏှ် uṇha ဥဏှ

ဥဒါဟရုဏ် ပြင်ဆင်ရန်

မြန်မာအက္ခရာမှ ရောမအက္ခရာသို့ ပြင်ဆင်ရန်

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ၊
ခေဒံ ဂတော လောကာဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ။
Yo kappakoṭīhipi appameyyaṃ,
kālaṃ karonto atidukkarāni,
khedaṃ gato lokāhitāya nātho,
namo mahākāruṇikassa tassa.

ရောမအက္ခရာမှ မြန်မာအက္ခရာသို့ ပြင်ဆင်ရန်

Phullantā sukhapaṅkajā,
mettāpuṇṇindusaṅgamā,
manosarasi sabbesaṃ,
pavāyantu sugandhakā.
ဖုလ္လန္တာ သုခပင်္ကဇာ၊
မေတ္တာပုဏ္ဏိန္ဒုသင်္ဂမာ၊
မနောသရသိ သဗ္ဗေသံ၊
ပဝါယန္တု သုဂန္ဓကာ။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်