ဝီကီပီးဒီးယား ဆွေးနွေးချက်:ဂျပန်အမည်များ

ဆွေးနွေးချက် ပေါင်းထည့်ရန်
သက်ဝင်နေသော ဆွေးနွေးချက်များ

Proposal for အသံဖလှယ်ခြင်းပြင်ဆင်

Naming convention (Japanese) အတွက် section တစ်ခုဖြစ်တဲ့ အသံဖလှယ်တဲ့အကြောင်းပါ။ Japanese က အသံအနိမ့်အမြင့် ရှိတဲ့ Pitch-accent language ဖြစ်ပြီး၊ Burmese က တက်ကျသံရှိတဲ့ tonal language ဖြစ်တဲ့အတွက် သရသံတွေမှာ flexible ဖြစ်အောင် လုပ်ထားပါတယ်။ အဆင်ပြေ/ မပြေ စသဖြင့် ဖြည့်စွက်ဆွေးနွေးပေးကြစေလိုပါတယ်။ ~ ထနောင်း (🔔📝) ၀၉:၁၉၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)

ပြင်ရန် အကြံပြု
A အ၊ အာ
E အယ်၊ အဲ့။ အဲဆိုပါက ee ဖြစ်သွားမည်။
Fu ဖု၊ ဖူ။ ဖု တလုံးတည်းဆိုပါက fuji ဖူဂျီတောင်ကို ဖုဂျီတောင်လို့ ပြန်ပြင်ရမည့်ကိန်း။
an အန်း
en အဲန်း
ei အေး ဆို ရပါပြီ အဲအိစရာ မလို၊ အဲဆိုရင်လည်း e ဖြစ်သွားမည်။
ai တခု ထည့်ရန် အိုင်၊ အိုင်း Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၄:၅၂၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)
Thanks for your discussion. I've fixed for 'fu' and 'ai'. But there're some points to ponder.
  1. For 'a': အာ့ နှင့် အ အသံချင်းတူသော်လည်း အသံပြည့်ထွက်ကြောင်း သိသာစေရန် အာ့ ကို သုံးပါသည်။ အ သည် ရံဖန်ရံခါ အသံတစ်ဝက်သာ ထွက်တတ်သောကြောင့် ဖြစ်ပါသည်။ သာဓက အမေ၊ ​အဖေ စသည်တွင် အပြည့်မထွက်ကြောင်း ထင်ရှားသည်။
  2. For 'e': e သည် နောက်ဆုံးမှာရှိနေပြီး နောက်ပိုင်းကိုအသံမြှင့်ရသည့် accent ပါပါက အဲ ဟု ထွက်ပါသည်။ သာဓက ချိုချဉ်ဟု အဓိပ္ပာယ်ရသည့် 飴 (ame) ကို အာမဲ ဟု ထွက်ရသည်။ (မိုး ဟု အဓိပ္ပာယ်ရသည့် 雨 (ame) ကမူ အရှေ့ကိုအသံမြှင့်ရသည့်အတွက် အာ့မယ် ဟု ထွက်သည်။)
  3. For 'ei': ရုပ်ရှင် 映画 (eiga) ကို အဲအိဂါ့ ဟုသာ ထွက်ကြပါသည်။ တစ်ဖန် 先生 (sensei) ကို ဂျပန်တို့ကိုယ်တိုင် sense ဆဲန်းဆဲ ဟု ထွက်ကြသည်လည်း ရှိသည်။ ~ ထနောင်း (🔔📝) ၁၅:၂၇၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)
အက္ခရာဖလှယ်နေတာမဟုတ်လား။ အသံကို တိတိကျကျ ဖလှယ်ချင်လို့လား။ a ကို အ သို့ အာ ထားခိုင်းတာက နာမည်တခုမှာ a ဆယ်လုံးပါရင် ဗမာက ာ့ ဆယ်ခါ ရေးနေရမှာ စိုးလို့လေ။ ခုက ဂျပန်လို မတတ်တဲ့ လူတွေအတွက် name convention ဆိုလား လုပ်နေတာဆို တသမတ်တည်းနဲ့ အသုံးများတာ သတ်မှတ်ပေးထားရမှာပေါ့။ ခု ပြောတာ ချိုချဉ်ဆို ဒီလိုပြန်၊ မိုးဆို ဒီလိုရေး၊ ဘာသာပြန်မယ့်သူက ဂျပန်စာ တတ်သူမဟုတ်ဘူးဆိုရင် သူက သိပါ့မလား။ အသုံးအများဆုံး အသံတခုပဲ ပင်တိုင်ထားပေးလိုက်တာပေါ့။ ခုနင်က အဲအိင ဆိုတာ မှန်တယ် အဲလိုထွက်တဲ့ အသံထွက်က သိပ်မရှိဘူး။ သူတို့ကျတော့ ခြွင်းချက်ပေါ့။ စဲန်းစေးကို ဂျပန်တွေ ဘယ်လို ထွက်ထွက်လေ အသုံးများဆုံး အသံထွက် ယူမှာမဟုတ်လား။ မြန်မာမှာ ဘာနဲ့ တူလဲဆိုရင် လျှာဖျားဆွတ်လိုက်သလို အပြည့်အစုံ မခေါ်တော့ပုံ။ ဥပမာ ဟေ့ကောင် ကို ဟယောင်။ ဂျပန်တွေက ဒီလိုအသံထွက်တာကို ဒီအတိုင်း ရေးနိုင် ပြန်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ဒါမဲ့ vachira မှာတော့ ဝဆီရ ဆိုပြီး အသံအတိုင်း မလိုက်ဘဲ ပြန်ထားတယ်နော်။ ထိုင်းအတွက် name convention ဆိုတာ ရှိရင် ch ကို ချ ထားဖို့ ပြောလိုပါတယ်။ ဒါမှ အကို ပြောတဲ့အတိုင်း သူတို့ ထွက်တဲ့ အသံတိုင်း ရမှာလေ။ ထပ်ထည့်ရန် တခု ရှိသေးတယ်။ g ကို အစမှာ ဂသံ၊ အလယ်နဲ့ အဆုံးမှာ ငသံ ထွက်ရမယ်ဆိုတာလေး ထပ်ထည့်လိုက်ပါဦး။ Gakkō ဂတ်ခိုး၊ eiga အေးင၊ အေးင ရေးပေမယ့် အဲယိငလို့ ဖတ်ပါတယ်။ ဂျပန်နာမည်တွေမှာ ခြွင်းချက်တွေ ပါမှာ မဟုတ်လောက်ပါ။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၆:၀၃၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)
အသံဖလှယ်နေကြောင်း ခေါင်းစီးတပ်ထားပြီး ဖြစ်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် အသံထွက်ပုံမတူသဖြင့် ကြားပုံလည်း မတူသောကြောင့် ဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစားရခြင်း ဖြစ်ပါသည်။ ဂျပန်စာတ်သူဖြစ်စေ မတတ်သူဖြစ်စေ မိမိတို့ကြားရာကို သင့်လျော်သလို ဖော်ပြနိုင်ကြရန် ရွေးချယ်စရာများ ထားခြင်းဖြစ်ပါသည်။ (မည်သည်ကို မည်သို့ရေးဆိုသည်မှာ ရှင်းလင်းအောင် သာဓကဆောင်ခြင်း ဖြစ်ပါသည်။ ထိုသို့သာ ဖြစ်ရမည်ဟု သတ်မှတ်ခြင်းမဟုတ်ပါ။) ဂျပန်မတတ်သူများအတွက် လုပ်ခြင်းမဟုတ်ဘဲ ဂျပန်နှင့် ပတ်သက်သည့် ဆောင်းပါးများ ရေးသားလိုသူတိုင်းအတွက် ဖြစ်ပါသည်။ ဝီကီပီးဒီးယား တည်းဖြတ်သူတိုင်းသည် ဂျပန်ဘာသာစကားကို နားလည်ရန် မဖြစ်နိုင်သည့်အတွက်ဟု နိဒါန်းချီသည်မှာ Romaji ကိုပါ အသုံးပြုဖော်ပြထားကြောင်း ဆိုလိုရင်းဖြစ်ပါသည်။ eiga ကဲ့သို့ အသံမျိုး များများစားစား မရှိသော်လည်း ထိုကဲ့သို့ အသံရှိကြောင်း eiga က ပြနေသည်ကို သတိချပ်စေလိုပါသည်။ အနည်းငယ်မျှပင် ဖြစ်စေကာမူ ရှိနေသည့်အတွက် ထည့်ပေးရန် လိုအပ်ပါသည်။ sensei အတွက်မူ ဂျပန်တွေ ဘယ်လိုထွက်ထွက်ဟု ဆိုနိုင်သော်လည်း アクセント (accent) သဘောတရား နားလည်သော သူများက ရှေ့ဆံုး se နှင့် နောက်ဆံုး i တို့ကို နှိမ့်ပြီး၊ အလယ်က nse ကို မြှင့်ပြောပါသည်။ ထို့ကြောင့် i သံ မထင်ရှားခြင်း ဖြစ်ပါသည်။ (လျှာဖျားဆွတ်လိုက်၍ မဟုတ်ပါ။) ထိုသို့ နားလည်သူများလည်း မြန်မာဝီကီပီးဒီးယားတွင် တစ်ယောက်မျှမရှိဟု အတပ်မပြောနိုင်ပါ။ ထိုင်းကိစ္စကိုတော့ ထိုင်းအလှည့်ရောက်မှ ပြောပါမည်။ g ကို အစမှာ ဂသံ၊ အလယ်နဲ့ အဆုံးမှာ ငသံ ထွက်ရမယ် ဆိုသည်မှာ တစ်ပွဲတိုးမှတ်နည်းမျှသာ ဖြစ်ပါသည်။ အမြဲတမ်းထိုသို့ ထွက်ရမည်ဟု ယူဆ၍ မရနိုင်ပါ။ ထို င သံမှာ "ဖြစ်တတ်တာ" ကို "ဖြစ်တတ်ထာ" ဟု အသက်ကြီးပိုင်း မြန်မာများ အသံထွက်ပုံနှင့် ဆင်ပါသည်။ (ဆိုလိုသည်ကို သဘောပေါက်မည်ဟု ယူဆပါသည်။) eiga တွင် ဂါ့ ဟုသာ ထွက်ရကြောင်း အဘိဓာန်က ပြပါသည်။ စည်းမျဉ်းအရ မှတ်မည်ဆိုသော် /n, m/ စသည် နှာသံပေါ်မှ င ထွက်ရသည်ဟူလို။ a အတွက် အ တစ်လုံး ထပ်တိုးလိုက်ပါသည်။ ဆွေးနွေးပေးမှုအတွက် များစွာကျေးဇူးတင်ပါသည်။ ~ ထနောင်း (🔔📝) ၀၃:၃၆၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
ရှေ့မှာ ဂ လယ်ဆုံး ငဆိုတာ ဒီ ယူတု ဗွီဒီယိုမှာ ဖေ့ဘုတ်မှာ လင့်ပေးမယ်။ ဒီမှာ တက်တာ spam ဖြစ်။ ထုံးစံအတိုင်း ခြွင်းချက် ရှိတာပေါ့၊ ကိန်းဂဏန်းတွေမှာ မပြောင်း။ အချို့စာလုံးတွေ မပြောင်း၊ ဒါမဲ့ ဒါက လိုက်နာရမယ့် စည်းမျဉ်းပါ။ ဂျပန်နာမည်မှာ ကိန်းဂဏန်းနဲ့ ခြွင်းချက် စာလုံးတွေ ပါလာမလား။ ပါလာရင် တတ်တဲ့လူက ပြန်ပြောင်းပေး လုပ်လိုက်ပေါ့။ akusento နဲ့ name cov နဲ့ ညှိလို့ ရပါ့မလား။ ခုလုပ်နေတာ name cov လား accent မှန်ရေးလား။ vachira မှာ accent ကိုလည်း လိုက်မထားဘူး ပါဠိသက္ကတအတိုင်း လိုက်ထား။ တကယ်လို့ sensei ဆိုတဲ့ ဆောင်းပါး ရှိလာတယ်။ အဲဒါကိုဘာသာပြန်ပြီ ဆိုစို့။ သူက accent ရှိတယ်။ name cov မှာ ei ကို အဲအိ အဲ အေး သုံးခု ပြထားတယ်။ ပြန်တဲ့သူက စဲန်းစဲအိ၊ စဲန်းစေး၊ စဲန်းစဲ တခုခု ရွေးထည့်ပြီး ပြန်လိုက်မယ်။ name cov အတိုင်း ပြန်တာ ဖြစ်လို့ လက်ခံရမလား။ ခြွင်းချက်ပုံစံတွေ ထားပေးရမယ်ထင်။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၆:၃၇၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
ထိုင်းအကြောင်းကို ထိုင်းအလှည့်ရောက်မှ ပြောပါမည့်အကြောင်း ထပ်မံပြောလိုပါသည်။ (ယခုတွင် အကျဉ်းမျှဆိုရသော် ထိုင်းသည် tonal language ဖြစ်သည့်အတွက် tone သာ ရှိပါသည်။ ဂျပန်ကဲ့သို့ pitch accent မရှိပါ။) "အမြဲတမ်းထိုသို့ ထွက်ရမည်ဟု ယူဆ၍ မရနိုင်ပါ။"သည် "ထုံးစံအတိုင်း ခြွင်းချက် ရှိတာပေါ့၊"ကိုပင် ဆိုလိုကြောင်း သိသာပါသည်။ ဂျပန်အမည် Ryūsei ကို ရယူးဆေး၊ ရယူးဆဲအိ၊ ရယူးဆဲ မည်သို့ပင်ဆိုဆို မှန်သည်ဟု ယူဆသင့်ပါသည်။ ရယူးဆေးကိုသာ ​ရွေးသင့်ကြောင်းကိုတော့ အသိဉာဏ်နှင့်ယှဉ်၍ ဆုံးဖြတ်ရမည်သာဖြစ်ပါသည်။ ~ ထနောင်း (🔔📝) ၀၇:၁၁၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
Pitch accent သည် ဂျပန်ဘာသာစကား၏ ဝိသေသလက္ခဏာတစ်ရပ်ဖြစ်သောကြောင့် ထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်ပါသည်။ အသံဖလှယ်ရာ၌ ဒါတွေ့ရင် ဒါသာလုပ်လိုက်ဟုလည်း ကန့်မထားသင့်ပါ။ ရှုထောင့်ပေါင်းစုံက သုံးသပ်သင့်ပါသည်။ ~ ထနောင်း (🔔📝) ၀၇:၃၇၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
ဒီလိုသာ ပြောနေရင် အသံမှန် ရတော့မှာမဟုတ်ဘူး။ စာလုံးဖလှယ်ရ များလာပဲ အဖတ်တင်သွားလိမ့်မယ်။ yamagata, monogatari, kaigi, gogo အသံထွက်တွေ ရေးပြပါလား။ n,m သံ မလာဘူး။ လာတဲ့ စာလုံး manga ကို ထွက်ပြပါလား။ ei ပါတဲ့ စာလုံးတိုင်း ဖလှယ်နိုင်ခြေ သုံးမျိုး ထွက်လာမှာ ဖြစ်တယ်။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၇:၄၄၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
n, m ဟု မဆိုဘဲ /n, m/ ဟု ဆိုသည်က စာလုံးထက် အသံကိုပြကြောင်း သဘောပေါက်သင့်သည်။ "/n, m/ စသည်"ဟု ဆိုထားသည့်အတွက် /n, m/ သာမက တခြားလဲ ဖြစ်နိုင်သည်။ ပါးစပ်ကရော နှာခေါင်းကပါ လေထွက်သည့် နှာသံသရများလည်း ပါကြောင်းကို ဆိုလိုသည်။ kaigi တွင် ai ကို အများစု ဆိုကြသည့် အိုင်း သည် ၎င်းနှာသံသရဖြစ်သည်။ ခိုင်းဂိဟုဆိုလည်း မမှားပါချေ။ အထက်တွင် ဆိုခဲ့သည့် "ဖြစ်တတ်တာ"ကို "ဖြစ်တတ်ထာ"ဟု အသံထွက်သည့် ဥပမာကို နားမလည်၍ထင်ပါသည်။ ကြိုက်တာ ကို ကြိုက်ထာ စသည့်အသံများကို အသက်အတန်ရ မြန်မာများ (ဒေါ်အောင်ဆန်းစုကြည်၊ ပါချုပ်ဆရာတော်ကြီး အပါအဝင်) ထွက်တတ်ကြသည်။ ယခင်ကတည်းက ထိုသို့ထွက်ကြဟန်တူသည်။ သို့သော် လူငယ်၊ လူရွယ်၊ လူလတ်များ ထို့သို့မထွက်ကြတော့ပါ။ ရေးထားသည့်အတိုင်း တ ကို တ ဟုသာ ထွက်ကြပါတော့သည်။ ဂျပန်ဘာသာ၌ ဂ နှင့် င သည်လည်း ထိုနည်းတူပင် ဖြစ်ကြောင်း ဆိုလိုပါသည်။ တိုကျိုတစ်ဝိုက်၌ ga ကို င ဟု ထွက်ပုံကို အဘိုးအဘွားများထံမှသာ ကြားရသောဟူ၏။ သို့သော် မိမိဆိုလျှင် က်၊ စ်၊ တ်၊ ပ် ​နောက်က သံညှင်း (က၊ စ၊ တ၊ ပ) ကို သံပြင်း (ဂ၊ ဇ၊ ဒ၊ ​ဗ) ထွက်ရကြောင်း လေ့လာမိသဖြင့် ထိုသို့ထွက်သည့်အခါလည်း ရှိပါသည်။ ga ကိုလည်း ထိုနည်းတူပင် ဖြစ်ပါသည်။ တစ်ခုရှိသည်မှာ romaji ဖတ်တတ်သူတိုင်း ၎င်းတို့အသိဉာဏ်အရ ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်၍ သင့်လျော်ရာ အသုံးပြုနိုင်ကြရန် ဖြစ်ပါသည်။ ရွေးချယ်စရာပေးဖို့က ကိုယ့်အလုပ်၊ ရွေးချယ်ဖို့က သူတို့အလုပ်ဟု ဆိုချင်ပါသည်။ PS: ယာမာ့ဂါ့တ၊ မိုနိုဂါ့တာရိ၊ ခိုင်းဂိ၊ ဂေါ့ဂေါ့၊ မန်းဂါ့။ ~ ထနောင်း (🔔📝) ၀၈:၄၃၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
https:// youtu.be/wL7QI2g8N3I ဟုတ်ကဲ့။ ဒီ ယူတုလင့်ခ်မှာ သွား နားထောင်ပြီး ပြန်ပြောပေးပါ။ ု Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၉:၂၉၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
"အထက်တွင် ဆိုခဲ့သည့် "ဖြစ်တတ်တာ"ကို "ဖြစ်တတ်ထာ"ဟု အသံထွက်သည့် ဥပမာကို နားမလည်၍ထင်ပါသည်။ ကြိုက်တာ ကို ကြိုက်ထာ စသည့်အသံများကို အသက်အတန်ရ မြန်မာများ (ဒေါ်အောင်ဆန်းစုကြည်၊ ပါချုပ်ဆရာတော်ကြီး အပါအဝင်) ထွက်တတ်ကြသည်။ ယခင်ကတည်းက ထိုသို့ထွက်ကြဟန်တူသည်။ သို့သော် လူငယ်၊ လူရွယ်၊ လူလတ်များ ထို့သို့မထွက်ကြတော့ပါ။ ရေးထားသည့်အတိုင်း တ ကို တ ဟုသာ ထွက်ကြပါတော့သည်။ ဂျပန်ဘာသာ၌ ဂ နှင့် င သည်လည်း ထိုနည်းတူပင် ဖြစ်ကြောင်း ဆိုလိုပါသည်။ တိုကျိုတစ်ဝိုက်၌ ga ကို င ဟု ထွက်ပုံကို အဘိုးအဘွားများထံမှသာ ကြားရသောဟူ၏။ သို့သော် မိမိဆိုလျှင် က်၊ စ်၊ တ်၊ ပ် ​နောက်က သံညှင်း (က၊ စ၊ တ၊ ပ) ကို သံပြင်း (ဂ၊ ဇ၊ ဒ၊ ​ဗ) ထွက်ရကြောင်း လေ့လာမိသဖြင့် ထိုသို့ထွက်သည့်အခါလည်း ရှိပါသည်။ ga ကိုလည်း ထိုနည်းတူပင် ဖြစ်ပါသည်။" ~ ထနောင်း (🔔📝) ၀၉:၄၀၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
ယာမငတ၊ မိုနိုငတရိ၊ ခိုင်းငိ၊ ဂေါ့ငေါ့၊ မန်းင ပါဗျ။ ဘယ်နှယ့် ပေါက်ေပါက်ရှာရှာ။ ထာ ပြောတာက အသံကို လုပ်ပြောတာ ပျော့ပျောင်းတယ်လို့ ယူဆကြတာ။ ခုမပြောတာမဟုတ်။ အချို့တွေက တခါတလေ လုပ်ပြောတာ ရှိတယ်။ ဟထိုးသံ ပါပြီး ပြောတာ ရှိတယ်။ ဟုတ်လှား။ ဟုတ်ထှာပေါ့။ တချို့က သူ့အရပ် ဒေသိယစကားနဲ့ နွယ်သွားလို့။ လူငယ်တွေ မထွက်တော့ပါ မဟုတ်ဘူး။ လုပ်ပြောတဲ့အခါ ထွက်တုန်းပဲ။ သင်ပြောတဲ့အတိုင်း ရွေးချယ်စရာပေးဖို့က ကိုယ့်အလုပ်၊ ရွေးချယ်ဖို့က သူတို့အလုပ်ဟု ဆိုချင်ပါသည်။ ဆိုလျှင်၊ g မှာ ငသံရှိတယ်ဆိုတာ လက်ခံလျှင်၊ ဂ၊ င လို့ ထည့်သင့်တယ်။ en:japanese phonology#consonant က weakening မှာ ရှု။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၀:၄၃၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
en:Japanese phonology#Weakening မှာ ပြထားသည်ကို အပြည့်အစုံဖတ်ကြည့်ပါက အုပ်စုသုံးစား အပြားရှိကြောင်း သိသာပါသည်။ ဂ၊ င အဆင်ပြေရာ ထွက်သူ အများစု၊ င ဟုသာ ထွက်သူ အနည်းစု၊ အများအားဖြင့် ဂ ကိုသာ ထွက်သော အနောက်ပိုင်းသားအစု။ ဂျပန်တို့ကိုယ်တိုင် ထွက်သောအသံကို ​သေချာနားထောင်ကြည့်က ဂ နှင့် င ကြားက အသံဟုသာ ဆိုနိုင်ပါသည်။ (g မှာ င သံရှိကြောင်း လက်ခံ/ မခံ ဟိုးအစကတည်းက ဆိုခဲ့သည်ကို နားလည်က ထိုစကားဆိုမည်မဟုတ်ပါ။ ဘယ်နေရာမှာ လာရင် ဘယ်လိုလုပ် ဆိုသည်မှာ သဒ္ဒဗေဒနည်းကျ မဟုတ်သောကြောင့် အမြဲထိုသို့ဖြစ်နေမည်ဟု ယူဆ၍ မရနိုင်ပါ။ ထို့ကြောင့် တစ်ပွဲတိုးဟု ​ပြောပါသည်။) ထာ ဟု ​ပြောကြသည်က ​ပျော့ပျောင်းရုံမျှဖြင့် မဟုတ်ရပါ။ သဒ္ဒဗေဒနည်းအရ ဖြစ်ပါသည်။ ၎င်းပြောင်းပုံကို အထက်တွင် အကျဉ်းမျှ ဆိုပြီးပါပြီ။ ပြန်ဖတ်ပါလေ။ တစ်ဆက်တည်း ​မေးပါအံ့။ "ဆွမ်း" ကို /ဆွမ်း/ ဟု ထွက်ပါသလား၊ /ဆွန်း/ ဟု ထွက်ပါသလား။ မိမိ၏ g သံအဖြေ (အယူအဆ) သည် ၎င်း ဆွမ်း အတွက် ရသည့် အဖြေ (အယူအဆ) နှင့်အတူတူပင်။ PS: အထအနကောက်လိုပါက မိမိကဲ့သို့ တစ်ကြောင်းချင်းစီ တုံ့ပြန်သင့်ပါသည်။ ရှေ့တွင် アクセント အကြောင်း ​ပြောနေပါလျက် g ကိစ္စသာ တုံ့ပြန်ပြီး アクセント အကြောင်း တစ်ပါဒမျှ မပါတော့သည်မှာလည်း ထူးဆန်းလှသည်။ ~ ထနောင်း (🔔📝) ၀၇:၃၁၊ ၂၈ ဩဂုတ် ၂၀၂၁ (UTC)
အသံဖလှယ်ခြင်းခေါင်းစဉ် အစမှာ "ယေဘုယျ"ဆိုတာ ထည့်လိုက်ပါတယ်။ ~ ထနောင်း (🔔📝) ၀၉:၃၇၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
Accent အကြောင်း မနေ့က ပြတဲ့ video မှာ ပါတယ်။ ဒီတော့ မပြောပြီ။ အုပ်စု ၃ ခု အရ မိမိက b အုပ်စု ဝင်နေပြီး၊ ခင်ဗျားက c အုပ်စု ဝင်နေတာပေါ့။ ဘာကြောင့်။ g တွေ့တိုင်း အသံပြောင်း မဖတ်တာ။ ဒါက ဘာနဲ့တူလဲဆိုတော့ ကြိုးကြိုးစားစား (ကြိုးဂြိုးစားဇား) ကို အသံပြောင်းမဖတ်တာနဲ့ တူတယ်။ မြန်မာမှာဆိုရင် နိုင်ငံခြားသားမှန်း အရမ်းသိသာတာပဲ ဆိုသလို ဂျပန်လူမျိုးတွေကလည်း ဂေါ့ဂေါ့ဟု အသံကြားလျှင် ပြုံးပြီး ကြည့်နေမှာသာ ဖြစ်တယ်။ a အုပ်စု အလိုအရ င သံကို ထည့်ပေးသင့်။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၉:၀၈၊ ၂၈ ဩဂုတ် ၂၀၂၁ (UTC)
Read all my replies above functionally and think critically again. (I couldn't be active on mywiki for some time.) ~ ထနောင်း (🔔📝) ၀၉:၄၈၊ ၂၉ ဩဂုတ် ၂၀၂၁ (UTC)

Romaji redirectsပြင်ဆင်

en:NCKO မှာ "Please be sure to create redirects from both romanizations and any other likely romanizations and common misspellings." ရေးထားတာတွေ့မိလို့ ဒီမှာရော ဒီအချက်ထည့်ရင် အဆင်ပြေမလား ဆွေးနွေးပေးကြစေလိုပါတယ်။ ~ ထနောင်း (🔔📝) ၀၉:၂၀၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)

en:WP:MJ#Determining common usage မှာလဲ အဲဒီလိုမျိုးပဲ ပြောထားပါတယ်။ ~ ထနောင်း (🔔📝) ၀၉:၂၆၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
ပရောဂျက်စာမျက်နှာ "ဂျပန်အမည်များ" သို့ ပြန်သွားရန်။