ဝီဂါ ဘာသာစကား (ဝီဂါ: ئۇيغۇر تىلى‎) သည် ယခင်က အရှေ့တာကီစကားဟု လူသိများသော တာကစ် ဘာသာစကားတမျိုး ဖြစ်သည်။ ဝီဂါ ပါဆို-အာရဘစ် အက္ခရာဖြင့် ရေးသည်။ သုံးစွဲသူ ၁၀-၁၅ သန်းမျှ ရှိပြီး တရုပ်အနောက်ဘက်ရှိ ရှင်းကျန်း-ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ ဝီဂါလူမျိုးတို့ အဓိကသုံးသည်။ [၁][၂]

အသုံးများသောအသိုင်းအဝိုင်းမှာ ကာဇက်စတန်ကာဂျစ္စတန်နှင့် ဥဇဘက္ကစ္စတန်တို့တွင် ဖြစ်ပြီး ယင်းနိုင်ငံရှိ နယ်စပ်ဒေသတချို့တွင်လည်း ဤစကားကို သုံးသည်။ ရှင်းကျန်း-ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရုံးသုံးစကားအဖြစ် သတ်မှတ်ထားသည်။ သတင်းစာ၊ ရုပ်သံနှင့် ရေဒီယိုအစီအစဉ်များတွင်လည်း သုံးသည်။

ကိုးကား ပြင်ဆင်ရန်

  1. "Uyghur". Omniglot. Retrieved 6 April 2012.
  2. Eberhard, David M.; Simons, Garry F.; Fennig, Charles D. "Uyghur Archived 16 July 2012 at the Wayback Machine.". Ethnologue: Languages of the World. Dallas, Texas: Ethnologue. Retrieved 6 April 2012.