ဝီလီယံ ကမ်ကွမ်ဘာ
မာလဝီလူမျိုး တီထွင်သူနှင့် စာရေးဆရာ
ဝီလီယံ ကမ်ကွမ်ဘာ (အင်္ဂလိပ်: William Kamkwamba) သည် မာလဝီနိုင်ငံသား လမ်းသစ်ထွင်သူ၊ အင်ဂျင်နီယာနှင့် စာရေးသူ ဖြစ်သည်။ ၂၀၀၆ ခုက လေတာဘိုင် တည်ပြီးနောက် မာလဝီ၌ ကျော်ကြားသွားသည်။ အဆိုပါတာဘိုင်သည် မလေးရှားပိတောက်ပင်၊ စက်ဘီးပစ္စည်းများနှင့် အမှိုက်ပုံမှ အတိုအစများကို စပ်ဆက်ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့နောက် နေရောင်ခြည်သုံး ရေစုပ်စက်ထွင်ကာ ရွာ၌ သောက်ရေ ပေးသည်။ အခြား လေတာဘိုင် ၂ ခု ဆောက်ခဲ့ပြီး နောက်ထပ်ဆောက်ရန်လည်း စီစဉ်နေသည်။
ဝီ ကမ်ကွမ်ဘာ | |
---|---|
တက် (TED) ဟောပြောပွဲ ၌ ဝီလီယံ ကမ်ကွမ်ဘာအား တွေ့ရစဉ် (၂၀၀၇) | |
မွေးဖွား | ကာဆန်ဂူ (Kasungu)၊ မာလဝီ | ၅ ဩဂုတ်၊ ၁၉၈၇
နိုင်ငံလူမျိုး | မာလဝီ |
ပညာရေး | ဒါးမောက် ကောလိပ် |
အလုပ်အကိုင် | လမ်းသစ်ထွင်သူ |