ဝီလျံ ဝေါ့ဇ်ဝေါ့သ်
ဝီလျံ ဝပ်ဇဝပ် (William Wordsworth) သည် ထင်ရှားသော အင်္ဂလိပ်ကဗျာစာဆိုတော်ဖြစ် သည့်အပြင် ဂျွန် မီလတန်နောက် ထွက်ပေါ်သော ကဗျာစာဆိုများအနက် အထူးချွန်ဆုံးဟူ၍ အသိအမှတ်ပြုခြင်းခံရသူလည်း ဖြစ်ပေသည်။ ဝပ်ဇဝပ် သည် သဘာဝအလှကို စိတ်ကူးဉာဏ်ဖြင့် ဆန်းကြယ်စွာတန်ဆာဆင်၍ သီကုံးနှုန်းဖွဲ့ဆိုနိုင်စွမ်းရှိသောကြောင့် အင်္ဂလိပ်စာပေလောက၌ ဘဝအကျိုး မြင်ဝါဒကို စတင်ထုတ်ဖော်သူဖြစ်သည်ဟူ၍လည်း ဆိုကြသည်။ ဝက်စမင် စတာတန်တား၊ တင်တန်းအက်ဗေး၊ အက်ဖိုဒီပန်းကဲ့သို့သော ရိုးရိုး အကြောင်းရပ်များကို ဂန္ထဝင်မြောက်အောင် ရေးစပ်ဖွဲ့ဆိုနိုင်ခဲ့သည်။
ဝီလျံ ဝပ်ဇဝပ်သည် မြေပိုင်ရှင်မိဖများမှဆင်းသက်လာသူဖြစ်၍ ကမ်ဗာလန် တောင်တန်းဒေသရှိ ကော့ကားမောက်မြို့တွင် ၁၇၇ဝ ပြည့်နှစ် ဧပြီလ ၇ ရက်နေ့၌ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဂျွန်မှာ ရှေ့နေတစ်ဦးဖြစ်သည်။ ဝါ့ဒ်စ် ဝါ့သ်၏ မိခင်ဖြစ်သူသည် ၁၇၇၈ ခုနှစ်တွင် ကွယ်လွန်သောအခါ ဝီလျံကို အိမ်နှင့်ဝေးရာ အလယ်တန်းကျောင်းသို့ ကျောင်းအိပ်ကျောင်းစားပို့ထားသည်။ ဝါ့ဒ်စ် ဝါ့သ်၏ ဖခင်မှာလည်း ၁၇၈၃ ခုနှစ်တွင် ကွယ်လွန်ပြန်ရာ ကျန်ရစ်သည့် သားသမီးငါးယောက်ကို ဦးလေးနှစ်ယောက်က စောင့်ရှောက်ထားရသည်။
ငယ်စဉ်ကတည်းက မိမိနေထိုင်ရာ ပတ် ဝန်းကျင်ရှိ သဘာဝအလှကိုလည်းကောင်း၊ တောရွာဓလေ့ကိုလည်းကောင်း ချစ်ခင်မြတ်နိုးလာခဲ့သူဖြစ်သည်။ ဝါဒါမီယာတောင်ကြားရှိ ဟော့ကစဟက် စာသင်ကျောင်းတွင် လည်းကောင်း၊ ကိမ်းဗရစ် တက္ကသိုလ် စိန်ဂျွန်းကောလိပ် ကျောင်းတွင်လည်းကောင် ပညာသင်ကြားခဲ့သည်။ ၁၇၉၁ ခုနှစ်တွင် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုရရှိသည်။ ဝပ်ဇဝပ်သည် ကျောင်းအားလပ်ချိန်တွင် ပြင်သစ်နိုင်ငံ၊ ဆွစ်ဇာ လန်နိုင်ငံ၊ ဂျာမနီနိုင်ငံများသို့ သွားရောက် လည်ပတ်လေ့ ရှိသည်။ ၁၇၉၁ ခုနှစ်တွင် ဒုတိယအကြိမ် ဥရောပတိုက်သို့ သွားရောက်သောအခါ ပြင်သစ် တို့၏ ပြင်းပြသော တော်လှန်ရေးစိတ် တက်ကြွမှုကို တွေ့ခဲ့ရလေသည်။ ဝပ်ဇဝပ်သည် ပြင်သစ်တော်လှန်ရေးသမားတို့၏ နိုင်ငံရေး သဘောတရားများကို နှစ်သက်သဖြင့် စိတ်ရောကိုယ်ပါ ထောက်ခံအားပေးရန် ကြံစည် ခဲ့သည်။ မိဘများက တားဆီးသဖြင့် ၁၇၉၂ ခုနှစ်၌ အင်္ဂလန်နိုင်ငံသို့ ပြန်ခဲ့ ရလေသည်။
ဝါ့ဒ်စ် ဝါ့သ်သည် ကင်းဗရစ်ချ်တက္ကသိုလ်မှ ဘွဲ့ရသည်။ ကဗျာဆရာ ဆင်မျူရယ်တေလာ ကိုးရစ်ချ်(Samuel Taylor Coleridge) နှင့် တွေ့ဆုံ မိတ်ဆွေဖြစ်ပြီး Lyrical Ballads အမည်ရှိ ကဗျာစာအုပ်ကို ထုတ်ဝေသည်။
ဝပ်ဇဝပ်သည် ပြင်သစ်နိုင်ငံ၌ရှိနေစဉ် မာရီအန်းဗာလွန်ဆိုသူ အမျိုးသမီးနှင့် ရည်ငံခဲ့သော်လည်း လက်မထပ်ဖြစ်ချေ။ ဝပ်ဇဝပ်သည် သုံးနှစ်မျှ မတည်မကျ နေထိုင်ခဲ့ပြီးနောက် ၁၇၉၅ ခုနှစ်တွင် အမွေတစ်ရပ်ကို ဆက်ခံရရှိသဖြင့် ဒေါဆက်ရှိုင်ယာနယ် ရေ့စ ဒေါင်းမြို့၌ အိမ်တစ်ဆောင်ဝယ်၍ နှမဖြစ်သူ ဒေါ်ရသီနှင့်အတူ နေထိုင်လေ သည်။ ထို့နောက် ကဗျာစာဆို ဆယ်မျူယယ် တေလာ ကိုးလားရစ်နှင့် မိတ်ကျွမ်းဝင်ခဲ့သည်။ ၁၇၉၇ ခုနှစ်တွင် ဝပ်ဇဝပ်တို့မောင်နှမနှစ်ယောက် သည် ကိုးလားရစ်နှင့် နီးနီးကပ်ကပ် နေထိုင်နိုင်ရန် ဆမ္မာဆက်ရှိုင်ယာနယ်၊ အယ်လဖောက်စဒင်မြို့သို့ ပြောင်းရွှေ့လာကြသည်။ ထိုအခါ သူတော်ချင်း ချင်း၊ သတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့ ဟူသော စကားအတိုင်း ကဗျာ စာဆိုနှစ်ဦးတို့သည် အတူသွား အတူလာရင်း ၁၇၉၈ ခုနှစ်တွင် နှစ်ဦး ပေါင်းစပ်၍ လစ်ရစ်ကယ် ဗဲလက်ခေါ် ကဗျာ့ပဒေသာစာစောင်ကို ရေး သားထုတ်ဝေခဲ့ကြသည်။ ထိုစာစောင်တွင် ကိုးလားရစ်၏ ရှေးသင်္ဘော သား ကဗျာနှင့် ဝပ်ဇဝပ်၏ တင်တန်းအက်ဗေး ကဗျာတို့သည် စိတ် ကူးဆန်းသော သဘာဝကဗျာ လက်ရာမွန်များ ဖြစ်ပေသည်။
တစ်ဖန် ဝပ်ဇဝပ်သည် အင်္ဂလန်နိုင်ငံ မြောက်ပိုင်းအိုင်ဒေသရှိ ဂရပ်စမီယာမြို့သို့ ပြောင်းရွှေ့နေထိုင်သည်။ ၁၈ဝ၂ ခုနှစ်တွင် ငယ်သူငယ်ချင်းဖြစ်သူ မေရီဟတ် ချင်ဆန်ဆိုသူ အမျိုးသမီးနှင့် လက်ထပ်သည်။ သားသမီးလေးဦး ထွန်းကားသည်။ ထို့နောက် ကဗျာပုဒ်ရေများ စွာ ဖွဲ့စပ်ရေးသားခဲ့လေသည်။ ထိုခေတ်ကဗျာဆရာတို့သည် ခက်ခဲနက်နဲ သော ကဗျာများကိုသာ ရေးစပ်ဖွဲ့ဆိုလေ့ရှိကြရာ ယင်းအစဉ်အလာကို သွေဖည်၍ ရိုးလှသည့် ဝပ်ဇဝပ်၏ကဗျာများကို အင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ သို့ရာတွင် ဝပ်ဇဝပ်သည် မိမိရေးဟန်ကို မစွန့်ခဲ့ချေ၊ ၁၈၁၃ ခုနှစ်တွင် ရိုင် ဒယ်မောင့်အရပ်သို့ တစ်ဖန်ပြောင်ရွှေ့နေထိုင်သည်။ ဝပ်ဇဝပ်သည် သည်ပရီလျု ခေါ် ကဗျာရှည်ကြီးတွင် မိမိ ငယ်စဉ်က ဘဝအကြောင်းကို ဖော်ပြထားသည်။ စာပေလောက၌လည်း တဖြည်းဖြည်း ထင်ရှားလာသည်။
၁၈၀၇ ခုနှစ်တွင် ကဗျာပေါင်းချုပ်နှစ်တွဲ ထုတ်ဝေသည်။
ထိုသို့အားဖြင့် ၁၈၄၃ ခုနှစ်တွင် ကဗျာ စာဆိုတော်ကြီး ဆောက်သီ ကွယ်လွန်သောအခါ ဝိတိုရိယဘုရင်မက ဝီလျံ ဝပ်ဇဝပ်အား ဘုရင့်စာဆိုတော်ဘွဲ့ဖြင့် ချီးမြှင့်မြောက်စားခဲ့သည်။ ဆယ်မျူ ယယ်ကိုးလားရစ်၊ ရောဗတ်ဆောက်သီနှင့် ဝီလျံဝပ်ဇဝပ်တို့သည် အိုင်ဒေသ တွင် နေထိုင်ကြသဖြင့် ယင်းတို့ကို အိုင်ဒေသ ကဗျာဆရာများဟူ၍ ခေါ် စမှတ်ပြုကြသည်။ ဝီလျံ ဝပ်ဇဝပ်သည် ၁၈၅ဝ ပြည့်နှစ်၊ ဧပြီလ ၂၃ ရက်နေ့ အသက် ၈ဝ အရွယ်တွင် အဆုတ်မြှေးယောင်ရောဂါဖြင့် ကွယ်လွန်လေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)