ဤသည်မှာ တရုတ်အမည် တစ်ခု ဖြစ်၍ မျိုးရိုးအမည်မှာ Wu ဖြစ်သည်။

ဝူမင်စိန်း (တရုတ်: 吴敏生; ၁၉၄၆ ဩဂုတ် - ၂၀၁၉ စက်တင်ဘာ ၇)သည် တရုတ် စက်အင်ဂျင်နီယာ ဖြစ်သည်။ ရှင်းဟွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဖူကျိုးတက္ကသိုလ်ဥက္ကဋ္ဌ(၂၀၀၂-၂၀၁၀)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကိုယ်ရေး ပြင်ဆင်ရန်

၁၉၄၆ ဩဂုတ်တွင် တရုတ်ပြည်၊ ဖူကျန့်ပြည်နယ်၊ ဖင်ထန်ခရိုင်၌ လယ်ယာငါးဖမ်းသည့် မိသားစု၌ ဝူမင်စိန်းကို မွေးသည်။ [၁][၂]

၁၉၆၅ တွင် ရှင်းဟွာတက္ကသိုလ်၏ စက်အင်ဂျင်နီယာဌာနသို့ တက်ရောက်ပြီး၊ ၁၉၇၀ တွင် ဘွဲ့ရပြီးနောက် အလုပ်သင်အဖွဲ့ဝင် ဖြစ်လာသည်။ နောင်သော် ဂျာမနီ၌ ပညာသင်ယူပြီး၊ RWTH Aachen မှ အင်ဂျင်နီယာဒေါက်တာဘွဲ့ ရရှိသည်။[၂]

ဝူသည် တရုတ်ပြည်၌ ဝါဒင်ကြောင်းလိုက်ရာတွင် စွန့်ဦးလမ်းဖောက်သူ ဖြစ်သည်။ သုတေသန စာတမ်းပေါင်း ၁၀၀ ကျော်နှင့် အကြောင်းအရာစာတမ်းပေါင်းများစွာ ထုတ်ဝေခဲ့သည်။ နှစ်ပေါင်း ၅၀ နီးပါး စာသင်ကြားပို့ချခဲ့ရာ၊ ၁၉၉၃ တွင် ရှင်းဟွာတက္ကသိုလ်၌ ပါမောက္ခ ခန့်ခံရသည်။ နောင်တွင် ရှင်းဟွာဘွဲ့ရသင်တန်းကျောင်း ဒုဥက္ကဋ္ဌ၊ ရှင်းဟွာ၏ စိန်းကျိန့်ဘွဲ့ရသင်တန်းကျောင်း ဦးဆုံးဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်သည်။[၁][၂]

၂၀၀၂ ဩဂုတ်တွင် ဝူကို ဖူကျိုးတက္ကသိုလ် ဥက္ကဋ္ဌ ခန့်အပ်သည်။ ရှစ်နှစ်တာ ရာထူးကို ထမ်းဆောင်စဉ်၊ သူသည် တက္ကသိုလ်၏ ရန်ပုံငွေ မြင့်တက်လာအောင်နှင့် အရှိန်အဝါတက်လာအောင် လုပ်ဆောင်ခဲ့သည်။ သူ့ ဦးဆောင်မှုအောက်တွင်၊ တက္ကသိုလ် သုတေသနရန်ပုံငွေသည် ၂၀၀၂ တွင် ယွမ် သန်း ၂၀ မှ ၂၀၀၇ တွင် သန်း ၁၀၀ ကျော်ထိ ပွားများလာသည်။ ၂၀၁၀ မေတွင် ရာထူးမှ သူအနားယူသည်။[၁][၂]

အသက် ၇၃ နှစ် ၂၀၁၉ စက်တင်ဘာ ၇ တွင် ဖူကျိုး၌ ဝူ ကွယ်လွန်သည်။[၂][၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Li Jingtong 李京统 (2019-09-09)။ 福州大学原校长、清华原教务长吴敏生逝世။ 2019-09-12 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Tang Qi 汤琪 (2019-09-09)။ 福州大学原校长吴敏生逝世,曾任清华深圳研究生院首任院长။ 2019-09-12 တွင် ပြန်စစ်ပြီး။
  3. 福州大学原校长吴敏生同志因病逝世 (2019-09-09)။ 2019-09-12 တွင် ပြန်စစ်ပြီး။