ဝေဒဂူသုတ်
ဝေဒဂူသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သိတတ်သည်၏ အဖြစ်ကြောင့် ဝေဒဂူမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၁]
ဝေဒဂူသုတ်
ပြင်ဆင်ရန်သိတတ်သည်၏ အဖြစ်ကြောင့် ဝေဒဂူ မည်၏။ [၁]
- ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို သိတတ်၏။
- မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို သိတတ်၏။
- ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” ကို သိတတ်၏။
- စွဲမက်မှု ‘ရာဂ’ ကို သိတတ်၏။
- အမျက်ထွက်မှု ‘ဒေါသ’ ကို သိတတ်၏။
- တွေဝေမှု ‘မောဟ’ ကို သိတတ်၏။
- ထောင်လွှာမှု ‘မာန’ ကို သိတတ်၏။ [၁]
ရဟန်းတို့ ဤသိတတ်သည်၏ အဖြစ်ကြောင့် ဝေဒဂူမည်၏ ဟု(မိန့်တော်မူ၏)။[၁]