ပြည်မြို့ ဝေပုလ္လဆရာတော်မှာ သက်တော် ၆၈ နှစ်၊ သိက္ခာတော် ၄၈ ဝါ ရှိပြီး ပြည်မြို့ မင်းကြီးတောင်ခြေရှိ ဝေပုလ္လာ ရာမ ကျောင်းတိုက်တွင် သတင်းသုံးကာ သာသနာပြုနေခဲ့ရာ မဟာသဒ္ဓမ္မဇောတိကဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော်တို့ကို နိုင်ငံ တော်မှ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဝေပုလ္လဆရာတော်


၁၃ဝ၆ ခုနှစ် ဝါခေါင်လဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့၌ ခမည်းတော် ဦးဒဟင်၊ မယ်တော် ဒေါ်ကြည်အေးတို့မှ မွန်ပြည်နယ်၊ ကျိုက် မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာတွင် ဆရာတော် လျောင်းလျာကို မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်လွန်းခင် ဖြစ်သည်။ ၁၃၂၃ တပေါင်းလဆန်း ၈ ရက်နေ့ အသက် ၁၇ နှစ်သား အရွယ်၌ ပြည်မြို့တွင် စစ်အင်ဂျင်နီယာ တပ်ဗိုလ်မှူးကြီး မျိုးမြင့်နှင့် မိသားစု၏ ထောက်ပံ့မှုကို ခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၆ ခု၊ ပထမဝါဆိုလဆန်း ၃ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ ၉ ထပ်ကြီး၊ ဗားကရာတိုက် ပဋိယတ္တိတိုက်ခွဲ ဆရာတော် ဘဒ္ဒန္တကေသရအား ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ် ခံယူခဲ့သည်။ ဆရာတော်မှာ လောကုတ္တရာ စာပေများအပြင် လောကီစာအုပ် များကိုပါ ရေးသား ပြုစုတော်မူခဲ့သည်။

ပြည်မြို့ ဝေပုလ္လဆရာတော်မှာ သက်တော် ၆၈ နှစ်၊ သိက္ခာတော် ၄၈ ဝါ ရှိပြီး ပြည်မြို့ မင်းကြီးတောင်ခြေရှိ ဝေပုလ္လာ ရာမ ကျောင်းတိုက်တွင် သတင်းသုံးကာ သာသနာပြုနေခဲ့ရာ မဟာသဒ္ဒမ ဇောတိကဓဇ္ဇ၊ အဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ္ဇ ဘွဲ့တော်တို့ကို နိုင်ငံ တော်မှ ဆက်ကပ်လှူဒါန်းခဲ့သည်။

၂၀၁၂ခု၊ ဇူလိုင်လ၂၅ ရက်နေ့ ည ၁၁ နာရီ အချိန်က နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ပြည် မြို့ ဝေပုလ္လာရာမကျောင်း ဆရာတော် ရုတ်တရက် ဘဝနတ်ထံ ပျံလွန်တော်မူသွားသည်။

ကိုးကား ပြင်ဆင်ရန်