ဝေယန်လိုပင် ပြင်ဆင်ရန်

ဝေယန်-လိုပင်။ ရောင်ရွှင် လင်းလင်းညီး။ ။ သီးသီးခြား။ များကွန့်မြူး။ ထူးရုံးပေါင်း။ သောင်းလုံးခြား။ စိန်ကြောင်လေ ပတ္တမြား။ ကိုးမျက်ပွင့်သား။ ။ နှုန်းရှား၊ ဘက်ပြိုင်ခါ။ ရွှေနန်းဘုံဆောင်မှာ။ ။ မိုးဣန္ဒာ။ နတ်ဗြဟ္မာ။ တွေးကြမှတ်ထင်ခါ။ ။ နှစ်ပါးပျော်စံရာ။ ။ ထီးဆောင်းမင်းပေါင်း။ ။ စကြာလေ ရွှေဘွား။ ညွတ်တွား ရွက်ဆင်ခါတည့်လေ။ ဆဒ္ဒန်လေ ငွေသား။ အများဆက် ကညာလေတည့်။ ဆက်ကညာ။ ။ ဘယ်ရာဝင်မှသာ။ ကြားဘူးနိုင်အောင်သာ။ ။ သီဟာဘွေမြင့်မှာ။ ရှိကြာရွက်ခါ စက်ဦး။ ။ ခြူးညောင် ဆောင်မြင့်မှာ။ ရွေသန်းညာ။ စံပျော်ကာ။ ။ ရှေ့ပြုပ္ပါကသာ။ စကြာရောက်လှာသီးသီး။ ။ ပြီးစီးမြောက်စေးလျှင်။ ချီးအံ့ကုန်နိုင်ပင်။ နှုန်း အင် ဘက် ကင်း။ ထိန်ဝင်းငယ်မြေပေါ်။ ရွှေတေဇော်လေလျှံကဲ။ ထွန်ပ, လို့ရဲ။ ။ ကျော်သဲ ကျော်သဲ ခြိမ့်အောင်။ ကြူးတဲ့ ကြူးလွန်ဆောင်။ ။ မင်းဝန်တောင်ငယ်လေ-သာကြငှန်း။ ခက်ဖြာစိမ်းလဲ့လန်း။ ။ ဇေယျာမြေမြင့် ညာနန်းဘောင်။ ဧရာခွေလှည့် ရှက်သန်း။ မင်းဝန်တောင်ညွန့်ခန်း။ ။ နန်းရွှေဝ, ဘုံငယ်မှာ။ နှိုင်းရဝတိန်သာ။ ။ သာယာ သာယာ ရင့်ကျူး။ နုပျိုဆန်းလို့ထူး။ ။ စံပျော်မြူးပါလို့။ စံပျော်မြူးပါလို့။ ကြူးအောင်ပင်လေလေတည်။၊ ကြူးအောင်ပင်။

ကျေးဇူးတင်ပါသည် ပြင်ဆင်ရန်

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/