ဝေ့ကျွမ်း
လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(လီပင်းရှန်)ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အသက် ၃၀ အရွယ် ဓားသမားတစ်ဦး ဖြစ်သည်။
ဝေ့ကျွမ်း | |
---|---|
လပြည့်ညရဲ့စိန်ခေါ်သံ ဇာတ်ကောင် | |
ဝေ့ကျွမ်း | |
ပထမဆုံး ပါဝင်ခြင်း | အတွဲ ၁ |
အချက်အလက်များ | |
လိင် | ပုလ္လိင် |
နိုင်ငံသား | ဟန်နိုင်ငံသား |
ယခင်အလုပ် | ဟန်နိုင်ငံစစ်သူကြီး |
လက်ရှိအလုပ် | လျှိုရှားအဖွဲ့ခေါင်းဆောင် |
လက်နက် | ငါးမန်းသွားဓား |
စိတ်နေသဘောထား
ပြင်ဆင်ရန်လျှို့ဝှက်သည်။ ခံစားချက်ကို ထုတ်ပြောလေ့မရှိ။
စွမ်းရည်
ပြင်ဆင်ရန်လပြည့်ညရဲ့စိန်ခေါ်သံ ဇာတ်လမ်းတွဲတွင် အသက်ရှင်ဆဲ ဓားသမားများ၌ ဒုတိယအတော်ဆုံးဖြစ်သည်။
လက်နက်
ပြင်ဆင်ရန်ဓားကိုလက်နက်အဖြစ်အသုံးပြုသည်။ ငယ်စဉ်အခါ သိုင်းသင်စဉ်က သစ်သားဓားကိုသုံးသည်။ ယခုလက်ရှိတွင် ငါးမန်းသွားဓားဟု နာမည်ကျော်သောဓားကိုသုံးသည်။
ဝတ်စုံအဆင်
ပြင်ဆင်ရန်ငယ်စဉ်အခါ သိုင်းသင်စဉ်က တစ်စုံဝတ်သည်။ ဇာမဏီဖြူ၏အတိတ်ဇာတ်လမ်းတွင်မူ အခြားဝတ်စုံတစ်စုံဖြင့်ပါဝင်လာသည်။ ယခုလက်ရှိတွင် နောက်တစ်စုံဝတ်သည်။ ဝတ်စုံပေါ်မှ အပေါ်ရုံထပ်ဝတ်သည်။ အပေါ်ရုံ၂ထည်ရှိသည်။ အတွဲ၁မှ အတွဲ၄အလယ်ခန့်အထိ တထည် အတွဲ၄ အလယ်ခန့်မှ အတွဲ၄အဆုံးအထိ တထည်ဖြစ်သည်။ ပထမအထည်မှာ ခေါင်းစွပ်မပါပေ။ ဒုတိယအထည်တွင်မူ ခေါင်းစွပ်ပါသည်။ အတွဲ၅တွင် ပထမတထည်ကို ပြန်ဝတ်သည်။
ဇာတ်ကွက်
ပြင်ဆင်ရန်ကွေကူ(သရဲတောင်ကြား)ဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး ကယ်နယဲ့၏ ဆရာတူညီဖြစ်သည်။ ငယ်စဉ်က ကယ်နယဲ့နှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့ဖူးသည်။ ဝေ့ကျွမ်းသည် ချင်တပ်ဖွဲ့နှင့် ကုန်းစူးဂိုဏ်း၏အကူအညီဖြင့် လျှိုရှားအဖွဲ့ကို ဦးဆောင်ကာ မော့ဂိုဏ်းစက်မှုမြို့တော်ကို ချေမှုန်းခဲ့သည်။ စန်းဟိုင်မြို့စခန်းသို့ မော့ဂိုဏ်း ပြောင်းရွှေ့သောအခါ လျှိုရှားအဖွဲ့လည်း စန်းဟိုင်သို့သွားခဲ့သည်။ မော့ဂိုဏ်းသားများ စန်းဟိုင်မြို့တွင်အခြေကျသောအခါ ကွန်ဖြူးရှပ်ကျောင်းမှ ကျန်းလျန်၏ စေ့စပ်ပေးမှုဖြင့် မော့ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- Qin's Moon - Wuxia Edge Wiki
- 秦时明月特别篇:空山鸟语 动漫 视频_播客_个人多媒体 土豆 Archived 18 March 2015 at the Wayback Machine.
- JunMeng game Archived 4 March 2015 at the Wayback Machine.
- 《秦时明月》系列游戏官方网站-骏梦游戏 Archived 24 November 2015 at the Wayback Machine.
- Qin's Moon Official Website Log in[လင့်ခ်သေ]
- 个人主页
- 秦时明月 张良VS卫庄