ဝေးစ်ဘတ်ခ် အိမ်တော်

ဂျာမနီနိုင်ငံ၊ ဝေးစ်ဘတ်စ်မြို့ရှိ အိမ်တော်

ဝေးစ်ဘတ်ခ်အိမ်တော် သည် ဂျာမနီနိုင်ငံ ဝေးစ်ဘတ်ခ်မြို့တွင် တည်ရှိသော နန်းတော် တစ်ခု ဖြစ်သည်။ ဩစတြီးယန်း ဗိသုကာ ပညာရှင် ယိုဟန်း လူးကပ်စ် ဗွန် ဟေလ်ဒီဘရန့်ဒ် နှင့် ဂျာမန် ဗိသုကာ ပညာရှင် မက်ဆီမီလန် ဗွန် ဝဲ့ချ် တို့က ဩစတြီးယန်း နှင့် တောင်ဂျာမန် ဘာရော့စတိုင် ဗိသုကာ ပညာတို့၏ ကိုယ်စားလှယ်များ အဖြစ် နန်းတော်ဆောက်လုပ်ရာတွင် ပါဝင်ခဲ့ကြပြီး ပြင်သစ်စတိုင်လ် ဗိသုကာပညာရှင်များ ဖြစ်သော ရောဘတ်ဒီ ကော့တီ နှင့် ဂျာမိန်း ဘိုဖရန်တို့လည်း ပါဝင်ခဲ့ကြသည်။ ဝေးစ်ဘတ်ခ် ဘစ်ရှော့၏ တော်ဝင် ဗိသုကာပညာရှင် ဖြစ်သော ဘယ်လ်သဆာ နျူမန် သည် ထိုနန်းတော်၏ ဗိသုကာ ပညာရှင် အကြီးအမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအဆောက်အဦးကို ဝေးစ်ဘတ်ခ်၏ ဘစ်ရှော့ ဖြစ်သော ယိုဟန်း ဖိလစ် ဖရန့်ဇ် ဗွန် ရှောင်ဗွန်း နှင့် ၎င်းနှင့် ညီအစ်ကို တော်စပ်သူ ဖရိုင်းဒရစ် ကားလ် ဗွန် ရှောင်ဗွန်း တို့က ၁၇၂၀ တွင် စစ်ဆေး ခဲ့ပြီး ၁၇၄၄ တွင် အပြီးသတ်ခဲ့သည်။ ဗင်းနစ်မြို့သား ပန်းချီဆရာ ဂျီအိုဗန်နီ ဘာတစ်စတာ တိုင်ပိုလို က အဆောက်အဦးအတွင်း ရေဆေးပန်းချီများကို ရေးဆွဲခဲ့ပြီး ၎င်း၏ သားဖြစ်သူ ဒိုမန်နီကိုမှ ကူညီခဲ့သည်။

ဝေးစ်ဘတ်ခ် အိမ်တော်၊ တော်ဝင်ဥယျာဉ် နှင့် အိမ်တော်ရင်ပြင်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဂျာမနီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii
ကိုးကား ၁၆၉
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ



ကိုးကား ပြင်ဆင်ရန်