ဝံသ (ပါဠိ: Vaṃsa) သည် ပါဠိဘာသာစကားမှဆင်းသက်လာသော ဝေါဟာရတစ်ခုဖြစ်၍ "အမျိုးအနွယ်" ဟူ၍ အနက်အဓိပ္ပာယ်ရရှိသည်။ သက္ကတဘာသာဖြင့် "ဝံသျှ" (vamsha) ဟု ရေးသားကြသည်။[၁][၂][၃][၄] ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာတို့၏ ခေတ်ဦးနှင့် ခေတ်လယ်ပိုင်းရှိ စာပေအမျိုးအစားတစ်ခုလည်းဖြစ်သည်။ ဤစာပေအမျိုးအစား၌ မျိုးရိုးဆင်းသက်ပုံများကို အလေးပေးဖော်ပြထားကြ၍ ဥရောပစာပေတွင်တွေ့ရှိရသော ရိုးရာသမိုင်းအဖွဲ့များနှင့်ဆင်တူ၏ ။ သို့သော် ဝံသကျမ်းများ၌ ရာဇဝင်၊ ဒဏ္ဍာရီနှင့် ပြန်လည်မွေးဖွားခြင်း/ဝင်စားခြင်း ကဲ့သို့သော ဘာသာရေးနွှယ် စိတ်ပိုင်းဆိုင်ရာအကြောင်းအရာများလည်းပါဝင်နိုင်ပေသည်။ ဝံသကျမ်းတစ်အုပ်သည် မင်းဆက်တစ်ဆက်၊ မိသားစုတစ်ခု၊ အယူအဆ (သို့) ဂိုဏ်းတစ်ဂိုဏ်းကိုတည်ထောင်သော တစ်ဦးတစ်ယောက်အကြောင်းများကိုလည်း အထူးအလေးပေး ဖော်ပြနိုင်ကာ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်နေရာတစ်ခုအကြောင်းလည်း ဖြစ်နိုင်ပေသည်။ ဤကျမ်းစာများကို အများအားဖြင့် "---ဝံသ" ဟူ၍ နောက်ဆက်ပုဒ်ဖြင့် ခေါင်းစဉ်တပ်ရေးသားကြသည်။[၂][၃][၄]

ပါဠိဘာသာလာ "ဝံသ" ကို မြန်မာတို့က ထိုအတိုင်းခေါ်ဝေါ်ကြသကဲ့သို့ "ဝင်" ဟူ၍လည်း သုံးနှုန်းကြသည်။ ဥပမာအနေဖြင့် အစဉ်အဆက်ကိုပြသော ကျမ်းကိုးခုကို "ဝင်ကိုးဝင်" ဟု ခေါ်ဝေါ်ကြ၍ ၎င်းတို့မှာ ဗုဒ္ဓဝင်မဟာဝင်ရာဇဝင်၊ အနာဂတဝင်၊ ဒါဌာ ဓာတုဝင်၊ ဒီပဝင်၊ ထူပဝင်၊ ဗောဓိဝင် နှင့် သာသနာဝင် တို့ဖြစ်ကြသည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. definition of "ဝံသ" at Myanmar-Myanmar Dictionary compiled by Myanmar Language Commission, 1993.
  2. ၂.၀ ၂.၁ Vamsa: Buddhist Literature, Encyclopaedia Britannica
  3. ၃.၀ ၃.၁ Romila Thapar (1978)။ Ancient Indian Social History: Some Interpretations။ Orient Blackswan။ pp. 292–297။ ISBN 978-81-250-0808-8
  4. ၄.၀ ၄.၁ vaMza Monier Williams Sanskrit-English Dictionary (2008 revision), University of Koeln, Germany
  5. definition of "ဝင်ကိုးဝင်" at Myanmar-Myanmar Dictionary compiled by Myanmar Language Commission, 1993.