ဝှစ်တနီ ဟယူစတန်
ဝှစ်တနီ ဟယူစတန် (Whitney Elizabeth Houston) သည် ဂရမ်မီဆုရခဲ့ဖူးသူ အမေရိကန် တေးသံရှင်တစ်ဦးဖြစ်သည့်အပြင် ရုပ်ရှင်သရုပ်ဆောင်နှင့် ထုတ်လုပ်သူလည်း ဖြစ်သည်။ ယခင်က မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ သူမ ၁၉၈၀ ပြည့်နှစ်များအတွင်း ဖြန့်ချိသည့် Saving All My Love for You၊ How will I Know၊ The Greatest Love of All၊ Where Do Broken Hearts Go၊I Wanna Dance With Somebody (Who Love Me) တို့မှာ အရောင်းရဆုံး တေးအယ်လ်ဘမ်များ ဖြစ်သည်။[၃] "I will always love you" မှာ ကမ္ဘာတလွှား လူ့သိအများဆုံးသော သူမ၏ သီချင်းတစ်ပုဒ် ဖြစ်သည်။[၄]
ဝှစ်တနီ ဟယူစတန် | |
---|---|
Whitney Houston performing at Good Morning America in Central Park on September 1, 2009. | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | Whitney Elizabeth Houston |
မွေးဖွား | Newark, New Jersey, U.S. | ဩဂုတ် ၉၊ ၁၉၆၃
ကွယ်လွန် | ဖေဖော်ဝါရီ ၁၁၊ ၂၀၁၂ Beverly Hills, California, U.S. | (အသက် ၄၈)
ဂီတဟန် | Pop, soul, R&B, dance, gospel |
အလုပ်အကိုင် | Singer, actress, model, film producer,[၁] record producer,[၂] songwriter |
တူရိယာ | Vocals, piano |
တက်ကြွသည့်နှစ်များ | 1977–2012 |
တေးသံသွင်း ကုမ္ပဏီ | Arista, RCA |
ပူးတွဲ ပါဝင်မှု | Cissy Houston, Dionne Warwick, Aretha Franklin, Jermaine Jackson, Mariah Carey, Enrique Iglesias, Bobby Brown |
ဝက်ဘ်ဆိုက် | တရားဝင် ဝက်ဘ်ဆိုဒ် |
၁၉၉၀ ပြည့်နှစ်များအတွင်း The Bodyguard ဇာတ်ကားအပါအဝင် ရုပ်ရှင်ဇာတ်ကား အမြောက်အမြားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ အနုပညာနယ်ပယ်တွင် အောင်မြင်ခဲ့သော်လည်း မူးယစ်ဆေးနှင့် အရက်ကြောင့် ဒုက္ခရောက်ခဲ့ရကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် ဘီဗာလီဟေးလ်ရှိ ဘီဗာလီ ဟီလ်တန်ဟိုတယ် (Beverly Hilton Hotel) ၌ ကွယ်လွန်ခဲ့သည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ Whitney Houston။ Filmbug (January 1, 2000)။ January 2, 2012 တွင် ပြန်စစ်ပြီး။
- ↑ WHITNEY – The Producer။ Whitney-Info.Com။ 15 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 2, 2012 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ကမ္ဘာကျော် အမျိုးသမီးအဆိုတော် ဝှစ်တနီဟူစတန် အသက် ၄၈ နှစ်အရွယ်တွင် ကွယ်လွန်။ Eleven Media Group။ 1 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ Feb 11, 2012 တွင် ပြန်စစ်ပြီး။
- ↑ ကမ္ဘာကျော် အဆိုတော် Whitney Houston ကွယ်လွန်။ ဘီဘီစီ။ Feb 11, 2012 တွင် ပြန်စစ်ပြီး။