ဝဋသုတ်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် မိုး၏ အန္တရာယ်ငါးမျိုးကို ဟောကြားတော်မူခဲ့သည်။[]

ရဟန်းတို့ မိုး၏ အန္တရာယ်တို့သည် ဤငါးမျိုးတို့တည်း၊ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိတ်သည် မသက်ဝင်နိုင်။[]

အဘယ်ငါးမျိုးနည်းဟူမူ -

ရဟန်းတို့ အထက်ကောင်းကင်၌ တေဇောဓာတ်သည် ပျက်စီး၏ ‘ဖောက်ပြန်၏’။ ထို့ကြောင့်ပေါ်ပေါက်လာသော မိုးတို့သည် တဖန် ပျောက်ကင်းကုန်၏။ ရဟန်းတို့ ဤသည်ကား မိုး၏ ပဌမ အန္တရာယ်ပင်တည်း။ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိတ်သည် မသက်ဝင်နိုင်။[]

ရဟန်းတို့ နောက်တမျိုးကား အထက်ကောင်းကင်၌ ဝါယောဓာတ်သည် ပျက်စီး၏ ‘ဖောက်ပြန်၏’။ ထို့ကြောင့် ပေါ်ပေါက်လာသော မိုးတို့သည် တဖန်ပျောက်ကင်းကုန်၏။ ရဟန်းတို့ ဤသည်ကား မိုး၏ ဒုတိယအန္တရာယ်ပင်တည်း။ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိတ်သည် မသက်ဝင်နိုင်။[]

ရဟန်းတို့ နောက်တမျိုးကား ရာဟုအသုရိန်သည် လက်ဖြင့် မိုးရေကို ခံယူပြီးလျှင် သမုဒ္ဒရာ၌ စွန့်ပစ်၏။ ရဟန်းတို့ ဤသည်ကား မိုး၏ တတိယအန္တရာယ်ပင်တည်း။ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိတ်သည် မသက်ဝင်နိုင်။ []

ရဟန်းတို့ နောက်တစ်မျိုးကား မိုးတိမ် ‘တဿဝလာဟက’ နတ်တို့သည် မေ့လျော့ကုန်၏။ ရဟန်းတို့ ဤသည်ကား မိုး၏ စတုတ္ထ အန္တရာပင်တည်း။ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိတ်သည် မသက်ဝင်နိုင်။[]

ရဟန်းတို့ နောက်တမျိုးကား လူတို့သည် တရား မစောင့်ကုန်။ ရဟန်းတို့ ဤသည်ကား မိုး၏ ပဉ္စမ အန္တရာယ်ပင်တည်း။ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိတ်သည် မသက်ဝင်နိုင်။[]

ရဟန်းတို့ မိုး၏ အန္တရာယ်တို့သည် ဤငါးမျိုးတို့တည်း၊ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိတ်သည် မသက်ဝင်နိုင်ဟု (မိန့်တော်မူ၏)။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ)၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၄) စတုတ္ထပဏ္ဏာသက (၂၀) ၅- ဗြဟ္မဏဝဂ် ၇-ဝဿသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၆၆၊ ၂၆၇။