ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ

လွန်ခဲ့သော အနှစ် (၂ဝ) ကာလ ၁၉၈၉ ခုနှစ်က "ဝ" ပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကို ပြန်လည်ရယူနိုင်ရန်နှင့် "ဝ" ပြည် ကို ပြန်လည်ဖော်ထုတ်နိုင်ရန် "ဝ" အမျိုးသား ခေါင်းဆောင်ကြီးများနှင့် "ဝ" အမျိုးသားတပ်မတော်တို့သည် ရဲရင့် ပြတ်သား သောစိတ်ဓာတ်ဖြင့် "ဝ" ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ UWSPနှင့် ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်UWSA တို့ကို စတင်ဖွဲ့စည်း ထူထောင်လာခဲ့ကြသည်။

ဝပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ
အင်္ဂလိပ် အမည်United Wa State Party
ဥက္ကဋ္ဌZhao Ni-Lai
တည်ထောင်ခြင်း၁၉၈၉ (၁၉၈၉)
ခွဲထွက်ဗမာပြည်ကွန်မြူနစ်ပါတီ
ဌာနချုပ်ပန်ဆန်းမြို့ဝပြည်နယ်
လက်နက်ကိုင် အဖွဲ့အစည်းဝပြည် သွေးစည်းရေး တပ်မတော်
နိုင်ငံရေး သဘောတရားဝလူမျိုး အခွင့်အရေး
အရောင်အနီ၊ အစိမ်းနှင့် အပြာ
ဝက်ဘ်ဆိုဒ်
Gawng Hak tiex Vax
ပါတီအလံ

သမိုင်းကြောင်း ပြင်ဆင်ရန်

ဝ ဒေသသည်ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ ရှိပြီး တောင်တန်းထူထပ်သည့်အပြင် အင်္ဂလိပ်ကိုလိုနီခေတ်ကာလကပင် အုပ်ချုပ်ရေးအာဏာ မသက်ရောက်ခဲ့သည့် ဒေသဖြစ်သည်။ လွတ်လပ်ရေးရပြီး ကာလမှာလည်း ဝ ဒေသ သို့ ပြည်မအစိုးရ ဩဇာအာဏာသက်ရောက်မှု မရှိခဲ့ပေ။ ၁၉၅၀-နောက်ပိုင်း တရုတ်ပြည်မှ စစ်ရှုံးပြီး ဝင်ရောက်လာသည့် ကူမင်တန်တပ်များနှင့် နယ်ခံကာကွယ်ရေးတပ်များ၏ ဗိုလ်ကျမှုကို ခုခံတိုက်ခိုက်သည့် ဝ လယ်သမားသူပုန်အဖွဲ့များသည် ၁၉၆၆ ဝန်းကျင်မှစ၍ ဝဒေသတွင် ပေါ်ပေါက်ခဲ့သည်။ ထိုလယ်သမား ပြောက်ကျားတပ်ဖွဲ့များတွင် ခွင်းမားဒေသမှ ပေါက်ယိုချမ်း၊ ပေါက်စမ်ပန်းတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ အိုက်ချိန်ဒေသမှ အိုက်ခိန်း၊ အိုက်ခလုံးတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ ပန်ဝိုင်ဒေသမှ ကျောက်ညီလိုင် ဦးစီးသည့် ပြောက်ကျားတပ်၊ ဟူစွမ်ဒေသမှ လူရှင်းကော့ ဦးစီးသည့် ပြောက်ကျားတပ်တို့မှာ ထင်ရှားသည်။

၁၉၆၈-ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲများ အရှေ့မြောက် နယ်စပ်သို့ ဝင်ရောက်လာသည့် နောက်တွင် ဝ လယ်သမား ပြောက်ကျားတပ်ဖွဲ့များအား စည်းရုံးသိမ်းသွင်းခဲ့သည်။ အဆိုပါ ဝ လယ်သမား ပြောက်ကျားခေါင်းဆောင်များမှ တဆင့် ဝလူထုအား စည်းရုံးသိမ်းသွင်း နိုင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီထဲတွင် အင်အားကောင်းသော တိုက်ရည်ခိုက်ရည်ရှိသော ဝတပ်ဖွဲ့ ပေါ်ထွက်လာခဲ့ပြီး ဝဒေသအများစုကို လွတ်မြောက်စေနိုင်ခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ဝခေါင်းဆောင် ကျောက်ညီလိုင်နှင့် ပေါက်ယိုချမ်းတို့ ဦးစီးသည့် ဝတပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်ပြီး UWSP/UWSA ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ/ ဝ ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်အဖြစ် ရပ်တည်ခဲ့သည်။ ထို့နောက် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး နဝတက ရှမ်းအထူးဒေသ ၂ အဖြစ်သတ်မှတ် ပေးခဲ့သည်။ လက်ရှိ UWSP/UWSA တပ်ဖွဲ့ အနေနှင့် ရပ်တည်ခဲ့သည်မှာ ၃၂-နှစ် ရှိခဲ့ပြီး၊ လယ်သမား ပြောက်ကျား သူပုန်၊ ဗမာပြည်ကွန်မြူနစ်ပါတီကာလများကတည်းက တွက်လျင် ၅၅-နှစ်ခန့် လက်နက်ကိုင်သက်တမ်းရှိပြီဖြစ်သည်။

ခေါင်းဆောင်မှု ပြင်ဆင်ရန်

UWSP သည် ဝ ဒေသ၏ အဓိက ခေါင်းဆောင်မှုဖြစ်သည်။ UWSPအား အဓိက ခေါင်းဆောင်သည် ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီ ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် (၈)ဦး ရှိသည်။

  1. ဦးပေါက်ယိုချမ်း (အထွေထွေ အတွင်းရေးမှူး)
  2. ဦးရှောက်မင်လျံ (ဒု အထွေထွေ အတွင်းရေးမှူး)
  3. ဦးကျောက်ကျုံးတန်း
  4. ဦးဝေရှောက်ကမ်း ခေါ် ဦးစိန်ဝင်း
  5. ဦးကျောက်ကော့အန်း
  6. ဦးပေါက်ယိုလျံ
  7. ဦးဝေရှောက်လျံ ခေါ် အိုက်လောင်း
  8. ဦးပေါက်ယိုရိ (ဒု အထွေထွေ အတွင်းရေးမှူး)တို့ ဖြစ်သည်။

၎င်းအမြဲတမ်းကော်မတီ အောက်တွင် ဗဟိုကော်မတီဝင် ၁၈ ဦး၊ အရံ ဗဟိုကော်မတီဝင် ၂၁ ဦး ပါဝင်သည့် ဗဟိုကော်မတီ ရှိသည်။

နိုင်ငံရေးဌာန ပြင်ဆင်ရန်

  • ဌာနကြီးမှူး - ကျောက်အိုက်နပ်လိုင်
  • ဒုဌာနကြီးမှူး - ညီကျော်
  • ဘဏ္ဏာရေးဌာန ဌာနကြီးမှူး - ပေါက်ယိုလျံ
  • ဒုဌာနကြီးမှူး - ပေါက်ကျင်ဖုန်း
  • ဒုဌာနကြီးမှူး - ပေါက်ဆမ်ဆွဲ
  • ပြင်ပဆက်ဆံရေးဌာန ဌာနကြီးမှူး - ကျောက်ဒကာ့အန်း
  • ဒုဌာနကြီးမှူး - ပေါက်ဆမ်ခွန်

UWSP အောက်တွင် ဝပြည်နယ်ပြည်သူ့အစိုးရနှင့် UWSA ကို ဖွဲ့စည်းထားရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်မောင်စိုး ရေး၊ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တပ်ဖွဲ့များ pdf file၊ ၁၈.၅.၂၀၂၁