ရှင်သီလာစာရ (သက်ငယ်ကျင်းဆရာတော်)

(သက်ငယ်ကျင်းဆရာတော် မှ ပြန်ညွှန်းထားသည်)

သက်ငယ်ကျင်းဆရာတော် ရှင်သီလာစာရ (၁၁၃၁ - ၁၂၀၀) သည် ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို သက္ကရာဇ် ၁၁၃၁ ခုနှစ်တွင် ဇရစ်ရွာ[မှတ်စု ၁]၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေပု ဖြစ်သည်။ ခမည်းတော်မှာ မောင်ရွှေလုံး၊ မယ်တော်မှာ ရှင်လှတုတ် ဖြစ်သည်။

“ရှင်သီလ” ဟူသည့် ဘွဲ့ဖြင့် သာမဏေ ပြုခဲ့သည်။ ရဟန်းဝတ်သည့်အခါ “ရှင်သီလာစာရ” ဘွဲ့ ခံယူခဲ့သည်။

ရတနပုရစတုတ္ထမြို့တည် မင်းတရားလက်ထက်တွင် သမီးတော် စစ်ကိုင်းမြို့စားက ကိုးကွယ်ခဲ့သည်။ မြို့တော်၏ အရှေ့တောင်ထောင့် တာဝတိံသာကျောင်းတိုက်တွင် လည်ပေါ်ကျောင်း ဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။ အမရပူရမြို့သို့ ရောက်သည့်အခါ မြို့တော်မြောက်မျက်နှာ ကတိုးတိုက်တွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “သီရိပရမဝံသာဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၀၀ ပြည့်နှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာနိသျ၊

၂။ သဒ္ဒါ ၈ စောင်နိသျ။[၁]

မှတ်စု ပြင်ဆင်ရန်

  1. ပိဋကတ်တော်သမိုင်းကျမ်စဉ် ၇၉၀ - ၉၂၂ တို့၌ အလုံစီရင်စုသက်ငယ်ကျင်းရွာဇတိဟု ဖော်ပြသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၄။