သက်တမ်းဝက် (သင်္ကေတ t1⁄2) ဆိုသည်မှာ အရာဝတ္ထုတခု၏ ပမာဏသည် ယင်း၏ ကနဦးတန်ဖိုးမှ ထက်ဝက် လျော့ကျရန် လိုအပ်သော အချိန်ပမာဏဖြစ်သည်။ သက်တမ်းဝက်ဆိုသောစကားလုံးကို နယူးကလိယား ရူပဗေဒတွင် အက်တမ်တခု၏ သက်တမ်းမည်မျှ ရှည်ကြာသည် သို့မဟုတ် အက်တမ်တခုသည် မတည်မငြိမ်ဖြစ်ပြီး ရေဒီယိုသတ္တိကြွ ပြိုကွဲမှုဖြစ်ရန် မည်မျှရှည်ကြာသည်ဆိုသည်ကို ဖော်ပြရာ၌ အသုံးပြုလေ့ရှိသည်။

အံစာတုံးကိုအသုံးပြု၍ သက်တမ်းဝက်ကို ကျောင်းသင်ခန်းစာ လက်တွေ့လေ့ကျင့်ခန်းတွင် သင်ကြားနေပုံ

မူလအခေါ်အဝေါ်မှာ သက်တမ်းဝက် ကာလ (half-life period) ဖြစ်ပြီး အားနပ်စ် ရူသာဖို့ဒ်က ၁၉၀၇ ခုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ ၁၉၅၀ ခုနှစ်များတွင် သက်တမ်းဝက်ဟု အတိုကောက် ခေါ်ဆိုခဲ့သည်။[၁]


ကိုးကား ပြင်ဆင်

  1. John Ayto, 20th Century Words (1989), Cambridge University Press.