သကျမဟာသီရိဘုရားကြီး သည် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ မြို့လယ်တွင် တည်ရှိသည့် ကြေးသွန်းရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ရုပ်ပွားတော်မှာ တင်ပျဉ်ခွေအထိုင် ဘူမိဖဿမုဒြာဟန် ဖြစ်သည်။ ဉာဏ်တော် ကိုးတောင်ရှိပြီး ကြေးပိဿာချိန် ၉၉၉၉ ပိဿာ ၉၉ ကျပ် ၉ မူးသား ဖြင့် ရုပ်ပွားတော်ကို သွန်းလုပ်ခဲ့သည်။ ရုပ်ပွားတော်ကို ၁၂၅၂ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်နေ့တွင် စတင်တည်ခဲ့သည်။ ဘုရားကြီးသည် နဝင်းငါးလီကျနေသည်ကို တွေ့ရသဖြင့် ထူးခြားသည့် ဘုရားတစ်ဆူ ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်