သခင်ကိုကျွန်မလေး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

၁၂၅၉ ခုနှစ် ဂြိုဟ်အသွာအလာ နှင့် သိုက်စာ တို့အရ ဖွဲ့ဆိုထားသည့် သံချိုဖြစ်သည်။

သခင်ကိုကျွန်မလေး ပြင်ဆင်ရန်

မငြိမ်းချမ်းပြီဘု၊ ကိန်းခန်းရယ်ကခေတ်မကုန်။

ရှမ်းတရုပ်ရယ်တို့၊ ဂျွမ်းလုပ်ကာ၊ ဗျူဟာဆင်တတ်သတဲ့၊ တူရာသီခွင်ပြည့်စန်းရယ်က၊ စခန်းယာယီရွေ့မှာ၊ ဘေးတွေ့မယ့်ပုံ။

အနိစ္စကိုလ၊ စိတ်ချကာအမှန်ရှုနိုင်မှ၊ အကုသိုလ်အဖြစ်နည်းကြလိမ့်၊ ခေတ်ထဲက ကြက်ခြေကွင်းပါလို့၊ စာရင်းပါမည်စိုးသော်ကြောင့်၊ နောင်ကျိုးဆရာမျှော်၍၊ စာအသရော် အပူတိုက်ပြန်ရ၊ လူမိုက်တွေအနန္တာမို့၊ သံသရာနယ်အကန့်တွင်မှ၊ ကံကြမ္မာဘယ်မဆန့်ပြီဘု၊ ကိုးတန့်နဝင်ဂူနှင့်၊ ပဉ္စကူတစုနှိုးခဲ့၊ အရိုးတောင်လိုပုံတတ်သတဲ့၊ မယုံလျှင်တခါမှတ်ကြတော့၊ ကုန်အစင်တာပသတို့၊ ဝါဒအယူပြားသော်ကြောင့်၊ လူသားရှင်လိုလိုနှင့်၊ သခင်ကို ကျွန်မလေးပြီကွယ်၊ နောပဉ္စရေး။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဗျူဟာ = စစ်။

၂။ အဋဂြဟာ = ဂြို်ဟ်၏ထက်ဝက်။

၃။ အနန္တာ = အများအပြား။

၄။ နဝင်္ဂူ = နဝင်္ဂသီလ၊ ကိုးပါးသီလ။

၅။ ပဉ္စကူ = ပဉ္စသီလ၊ ငါးပါးသီလ။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။