သဂျ်ဝီးဒ် (အင်္ဂလိပ်: Tajweed, အာရပ်: تجويدtajwīd, IPA: [tædʒˈwiːd]) ဆိုသည်မှာ အဘိဓာန်တွင်ပြီးပြည့်စုံခြင်း၊ ကောင်းမွန်ခြင်း၊ ကောင်းအောင်ပြုလုပ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ဖော်ပြခဲ့သည့် အသုံးအနှုန်းများအပေါ် အခြေခံ၍ ကုရ်အာန်ကို မှန်ကန်ကောင်းမွန်စွာ ဖတ်ရွတ်ခြင်းဟု ဆိုရပေမည်။ သဂျ်ဝီးဒ် ပညာရပ်တွင် အက္ခရာများကို အသံထွက်ပုံ၊ အခြားအက္ခရာများနှင့် အတူပေါင်းစပ်ရာတွင် အသံထွက်ပုံတို့ကို ရည်ညွှန်းပြသသော ပညာရပ်ဖြစ်သည်။ နောက်ထပ် ထိုပညာရပ်သည် ကုရ်အာန်ဖတ်ရွတ်ရာတွင် အာယသ်တော်များ၏ အဓိပ္ပာယ်အပေါ် မူတည်၍ သင်္ကေတများ သတ်မှတ်ကာ ရပ်နားချိန်နှင့် ဆက်ဖတ်ချိန်တွင် မည်သို့မည်ပုံ ဖတ်ရမည်ကို ပြဋ္ဌာန်းသည့် ပညာရပ်ဖြစ်သည်။

ကုရ်အာန်သည် ကရာအသ် ဖတ်ပုံဖတ်နည်း ၇ မျိုးရှိသည့်အနက် အာဆွင်မ်ကရာအသ် သည် အစ္စလာမ်လောကတွင် နာမည်အကျော်ဆုံး ကရာအသ်ဖြစ်သည်။[၁]  စကားလုံးများကို အကောင်းဆုံးပီပြင်စွာ ဖတ်ရွတ်စေနိုင်မည့် ကရာအသ် ဖြစ်သည်။ သဂျ်ဝီးဒ်ကို နဇရ်ရီးနှင့်အမလီ ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ သဂျ်ဝီးဒ်နဇဲရ်ရီး ဆိုသည်မှာ မွတ်စလင်မ် သာသနာ့ပညာရှင်များက ကုရ်အာန်၏ ဝေါဟာရများကို မှန်ကန်စွာ ဖတ်ရွတ်နိုင်ရန် ခြုံငုံ၍ သတ်မှတ်ပြဋ္ဌာန်းပေးထားသော အပိုင်းဖြစ်သည်။ ပမာအားဖြင့် အက္ခရာတို့၏ အသံထွက်၊ ဂုဏ်ပုဒ် အသံထွက်ရာတွင် အထူအပါးအတိုအရှည် အဆွဲအငင် စသည်တို့ ဖြစ်သည်။ သဂျ်ဝီးဒ်အမလီး ဆိုသည်မှာ ကုရ်အာန်ဖတ်ရွတ်ရာတွင် အက္ခရာတို့၏ အသံထွက်အမှန်ကို ဂရုပြုပြီး အကောင်းဆုံး အရဗီအသံထွက်ဖြင့် ပိုင်နိုင်ကျွမ်းကျင်စွာ ဖတ်ရွတ်ခြင်းကို ခေါ်သည်။ သဂျ်ဝီးဒ် ပညာရပ်သည် လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်အောင် ပြုလုပ်ရသည့် ပညာရပ် ဖြစ်သည်။[၂]

ရာစုနှစ်များစွာ အရင်ကတည်းက အီရန်နှင့်ဟိန္ဒူစသာန် တွင် တောင်းဆု ဒိုအာများနှင့် ဓမ္မတေးများကို သံစဉ်များနှင့် လှပစွာ ရွတ်ဆိုခဲ့ကြသည်။ အမှန်တကယ် ဝေါဟာရများကို ပီပီပြင်ပြင် သဂျ်ဝီးဒ်ကို အခြေခံ၍ ဖတ်ရွတ်သည့် မိုအရဗ်-ဂါးသ် ဖြစ်သည်။ ဂါးသ် ဆိုသည်မှာ အသံနေအသံထားဖြင့် ဖတ်ရွတ်ခြင်းကို ဆိုလိုသည်။ သဂျ်ဝီးဒ်သည် အမလီပညာရပ်တွင် အခက်ခဲဆုံးဖြစ်သော်လည်း မည်သူမဆို ကြိုးစားအားထုတ်ခြင်းဖြင့် တတ်မြောက်နိုင်သော ပညာရပ်ဖြစ်ပြီး ကရာအသ်ကို အကောင်းဆုံး ပြုလုပ်နိုင်မည် ဖြစ်သည်။[၃]

သဂျ်ဝီးဒ်ပညာရပ် အရေးပါပုံကို «... ورَتِّلِ القُرءانَ تَرتیلا» (စူရာမိုဇမ်မိလ်-၄) အာယသ်တော်၏ သဖှ်စီအကျယ်ဖွင့်တွင် အေမာမ်အလီ(အစ) က ထိုသို့မိန့်ထားသည်။ (သရ်သီးလ်ဆိုသည်မှာ အက္ခရာနှင့် အဖြတ်အတောက်ကို အကောင်းဆုံး လှပမှန်ကန်စွာ ဖတ်ရွတ်ခြင်းကို ဆိုလိုသည်။[၄]

ကုရ်အာန်တွင် သဂျ်ဝီးဒ်နှင့် ပတ်သက်သော သင်္ကေတများ ပြင်ဆင်ရန်

ကုရ်အာန်တွင်သင်္ကေတပုံစံများမှာအောက်ပါအတိုင်းဖြစ်သည်။

  1. ဟရ်ကသ် - အက္ခရာကို အသံထွက်စေရန် သတ်မှတ်ရေးသားထားသော သင်္ကေတ (ဖှသ်ဟာ၊ သွမ်မာ၊ ကပ်စ်ရာ ရဖှ်အ်၊ နပ်စ် ္ဘ၊ ဂျရ်၊ အလစ်ဖှေမပ်ဒီး၊ ယာယေမဒ်ဒီး၊ ဝှောင်ဝေမဒ်ဒီး၊ စိုကူးန်)
  2. ရပ်ရမည့် သင်္ကေတများ (မီးမ်-ရပ်နားရန်လိုအပ်သည်၊ လာမ်အလှဖှ်-မရပ်နားသင့်၊ ကဖှ်လာမ်ယာ-ရပ်နားလျှင် ပိုကောင်းသည်၊ ဆွာဒ်လာမ်ယာ-ဆက်ဖတ်လျှင် ပိုကောင်းသည်၊ ဂျီးမ်-ရပ်နားရန် ခွင့်ပြုသည်။)
  3. ပညတ်ပိုင်းဆိုင်ရာ သင်္ကေတများ (မဒ်၊ ရှဒ်၊ ဝဆ်လ်၊ အရှ်ဘာဟ်၊ အမာလဲ၊ ဂွန်နာ၊ စစ်က်-သ- ၊ အစ်ဒဂါမ်၊ အစ်ဇ်ဟါရ် အခ်ဖွာ)

ရှေးယခင်သင်္ကေတများမှာ ကဖှာဟ် (စစ်က်-သ-)-သွာ-ကှာဖှ်(ဝပ်က်ဖှေသားမ်)-ကားဖှ်(ကာဖှီ) -ဇေ- စီးန်-ကားဖှ်(ဟွတ်စ်န်)-ဆွားဒ်ဘာ(နောက်လာမည့်စကားလုံးနှင့်ဆက်ရမည်)-ဆွာဒ်ကားဖှ် (ရှေ့ကစကားလုံးနှင့် ဆက်ရမည်)

[၅]

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 2 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2018 တွင် ပြန်စစ်ပြီး။
  2. دانشنامه جهان اسلام. سرواژه: تجوید
  3. ستایشگر، ۲۳۱
  4. الصافی، ج1، ص71؛ النشر، ج1، ص209؛ بحارالانوار، ج81، ص188
  5. تجویدالقرآن ازبیگلری

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်