သင်းကျစ်
သင်းကျစ်ဟူသည်ကား လက်ယာနားပန်မှ လက်ဝဲ နားပန်တိုင်အောင် နဖူးပြင်ကို ပြည့်စေလျက် ဆင်ယင်ရသော မင်းတို့၏အဆောင်အယောင် မင်းမြှောက်တန်ဆာတစ်ပါး ဖြစ်သည်။ ရွှေစင်အတိ ပြီးသောဟူ၏။ ဘုရားအလောင်းတို့အား လက်ယာနားပန် တိုင်အောင် နဖူးပြင်ကိုပြည့်စေလျက် အသားလွှာတက်သော ဥဏှီသလက္ခဏာကို အတုမူ၍ မင်းတို့အား ရွှေပြားသင်းကျစ် ထုံးစံဖြစ်ကြောင်းကို သုမင်္ဂလဝိလာသနီ မည်သော ဒီဃ နိကာယ် အဋ္ဌကထာ စသော ကျမ်းများ၌ ဆိုသည်။ သင်းကျစ် ၂ မျိုးရှိလေသည်။ မကိုဋ်ရွှေပန်းနှင့် တစပ်တည်းပြုလုပ်အပ် သော မကုဋာဗဒ္ဓိက သင်းကျစ်၊ မကိုဋ်ရွှေပန်းနှင့် မစပ် သက်သက်ပြုလုပ်အပ်သော သုဒ္ဓိက သင်းကျစ်ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့် နဖူးသင်းကျစ်၊ ဘွဲ့သင်းကျစ်ဟူ၍ရှိကြောင်း ဖြင့်လည်း ဆိုကြသည်။ နဖူးသင်းကျစ်ကို ရည်၍ သက်တင်စို့ လား၊ နဖူးဖျားဝယ်၊ ရွှေသားသင်းကျစ်၊ ရွှေမွန်ဇာစ်ဖြင့်၊ လျှပ်စစ်ပြောင်ပြောင်၊ ညဉ့်မိုက်မှောင်၌၊ တိမ်တောင်လင်းလင်း၊ ဝင်းဘိသောနှယ်၊ ရွှန်းရွှန်းကယ်မျှ ဟူ၍လည်းကောင်း၊ ဘွဲ့ သင်းကျစ်ကို ရည်၍ စတုမဟာရာဇ်၊ သင်းကျစ် နွဲ့နွဲ့၊ ရွှေဘွဲ့ ရေးရေး၊ အမည်ပေးသား၊ ကျော်သွေးနှံ့ချောက်၊ နတ် လေးယောက် ဟူ၍လည်းကောင်း ပညာရှိတို့ စပ်ဆိုခဲ့ကြ သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)