ဒေါ်သင်းသင်းနွဲ့(၁၉၅၉ ဖွား) သည် လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်သည်။[၁] [၂] သူမသည် ထိုတာဝန် မယူမီ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်ခဲ့သည်။ ဝဏ္ဏကျော်ထင် ဘွဲ့ အပ်နှင်း ခံရသော အမျိုးသမီးတရားသူကြီးလည်းဖြစ်သည်။


သင်းသင်းနွဲ့
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၅ မတ် ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်သက်တမ်း
၇ ဖေဖော်ဝါရီ ၂၀၂၁ – ၁၅ မတ် ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးလှအေး(၂၀၁၈-၂၀၂၀)
ဆက်ခံသူဒေါ်စန္ဒာသွယ်
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၇ ဖေဖော်ဝါရီ ၂၀၂၁
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၉
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ပညာရေး ပြင်ဆင်ရန်

၁၉၈၁ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဥပဒေဘွဲ့ (LL.M) ကို ရရှိသည်။

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

၁၉၈၃ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်း အဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး တရားရုံးချုပ် (ရန်ကုန်) ၌ တွဲဖက်ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန်ထမ်းဆောင်သည်။ တရားရုံး အဆင့်ဆင့်တွင် တရားရေးလုပ်သက် (၂၈) နှစ်ကျော် ရှိခဲ့သည်။

တရားလွှတ်တော်တရားသူကြီးဘဝ ပြင်ဆင်ရန်

၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခံရသည်။ စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် သူမကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ၌ တရားသူကြီးချုပ်အဖြစ် ခန့်အပ်သည်။[၃]ယင်းနောက်ဒေါ်သင်းသင်းနွဲ့သည် တိုင်းလွှတ်တော်တရားသူကြီးချုပ်အဖြစ်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှစ၍ ထပ်မံ ခန့်အပ်ခဲ့ရသည်။[၄] [၅]

မိသားစုဘဝ ပြင်ဆင်ရန်

ဒေါ်သင်းသင်းနွဲ့သည် အိမ်ထောင်မရှိသူတစ်ဦး ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးသုံးဦးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ခန့်အပ်Eleven Media Group (၁၅ မတ် ၂၀၂၂)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ရန်ကုန်တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်များရန်ကုန်တိုင်းတရားလွှတ်တော် ၂၀၂၂ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာ (၂၀၂၃)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးMWD Webportal (၁၄ မတ် ၂၀၂၂)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ရာဇဝတ်အထူး အယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၇)မှုတို့ကို စီရင်ချက်ချမှတ် တရားမအထူးအယူခံမှု (၂)မှု ရုံးထိုင်ကြားနာMyanmar Digital News (၆ ဖေဖော်ဝါရီ ၂၀၂၃)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။