သင်္ကြာန္တိ ဟူသော နှစ်အကူးအပြောင်း ဟူသည့် ပါဠိနှင့် မြန်မာစကားလုံး စာကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ နှစ်ကူးမည့်နေ့ရက်ချိန်ခါနှင့်နှစ်သစ်တွင်ဖြစ်ပေါ်မည့်မိုးလေဝသ သီးနှံထွက်စသည်အခြေအနေများကိုဟောထားသောစာတမ်း ဖြစ်သည်။[၁]

မြန်မာမင်းတို့၏ အဆင်အဆက်က ယုံကြည်ကြသည်မှာ သင်္ကြန်ကာလတွင် သိကြားမင်းသည် တာဝတိံသာမှ လူ့ပြည်သို့ စစ်ဆေးရန် လာရောက်လေ့ ရှိသည်ဟု ယုံကြည်ကြသည်။ မြန်မာမင်းများ လက်ထက်မှစ၍ ယနေ့ထက်တိုင် သင်္ကြန်စာကို ထုတ်ပြန်လေ့ ရှိပါသည်။ သင်္ကြန်စာတွင် နှစ်သစ်ကို ကူးပြောင်းချိန်၊ နှစ်သစ်၏ ရာသီဥတုအခြေအနေ၊ သီးနှံအခြေအနေ၊ လာမည့်နှစ်တွင် ကြုံတွေ့ရမည့် နိုင်ငံ၏ အခြေအနေများနှင့် စပ်လျဉ်း၍ ဟောကိန်းများ ပါဝင်လေ့ ရှိသည်။ တစ်ခါတစ်ရံ ကမ္ဘာ့အခြေအနေများ ပါဝင်ပြီး သင်္ကြန်စာကို နိုင်ငံတော်၏ ပြက္ခဒိန်တော်ဆက် အဖွဲ့က ထုတ်ဝေလေ့ ရှိသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာအဘိဓာန်၊ ၂၀၀၈။
  2. သူရဇ္ဇမဂ္ဂဇင်း (မေလ၊ ၂၀၁၂)