သင်္ခါသာရ
သင်္ခါသာရ (၁၁၁၇-၁၁၅၇) သည် ဆင်ဖြူရှင်းမင်းတရားကြီးလက်ထက်တွင် ထင်ရှားခဲ့သည့် ပျို့စာဆို ဖြစ်သည်။[၁]
ဘဝ
ပြင်ဆင်ရန်သင်္ခါသာရကို ၁၁၁၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ကြာသပတေးနေ့တွင် မင်းခေါင်လှနော်ရထာ၏ နှမ ရှင်မွတ်နှင့် မြို့စာရေးကြီး ဦးရွှေသီးတို့မှ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ပွား ဖြစ်သည်။
ငယ်စဉ်အခါက အဝမြို့နန်းဦးကျောင်း ဆရာတော်ထံတွင် စာပေများ သင်ကြားတတ်မြောက်ခဲ့သည်။ သာမဏေဝတ်စဉ် ၁၁၃၀ ပြည့်နှစ်တွင် သူရိယကုမ္မာပျို့ကို ရေးသား၍ ဆင်ဖြူ့ရှင်မင်းတရားအား ဆက်သွင်းခဲ့သည်။
၁၁၃၆ ခုနှစ်တွင် ဆင်ဖြူ့ရှင်မင်းတရားကြီး အမိန့်တော်ဖြင့် ရှင်လူထွက်ပြီးနောက် သင်္ခါသာရဘွဲ့ဖြင့် မြို့စာရေးအဖြစ် ထမ်းရွက်ခဲ့သည်။
ဆင်ဖြူရှင်နတ်ရွာစံသည့်အခါ စဉ့်ကူးမင်းထံတွင် ဆက်လက်ခစားခဲ့သည်။ သို့ရာတွင် ချီးမြှောက်ခြင်း မခံခဲ့ရပေ။ သင်္ခါသင်္ကာရမှ ဖောင်ကားစားမောင်မောင်၏ ဆရာရင်း ဖြစ်၍ ဖောင်ကားစားအား အခါပေး၍ တော်လှန်စေရာ ဘိုးတော်ဘုရားက ထီးနန်းသိမ်းပိုက်လိုက်သဖြင့် ဖောင်ကားစားမှာ ၇ ရက်မျှနှင့် နန်းသက်ကုန်ခဲ့သည်။ ထို့ကြောင့် သင်္ခါသာရသည် ၁၁၄၃ ခုနှစ်တွင် စစ်ကိုင်းတောင်ဖီလာချောင်၌ ရသေ့ပြု၍ နေခဲ့သည်။ [၁]
ကွယ်လွန်ခြင်း
ပြင်ဆင်ရန်သင်္ခါသာရသည် ၁၁၅၇ ခုနှစ်လောက်တွင် အနိစ္စရောက်ခဲ့သည်။[၁]
စာပေများ ပြုစုခြင်း
ပြင်ဆင်ရန်သင်္ခါသာရသည် အောက်ပါစာပေများကို ပြုစုခဲ့သည်။ ၁။ အာသင်္ကာပျို့၊
၂။ ဂရုဓမ္မပျို့၊
၃။ သူရိယကုမ္မာပျိုံ၊
၄။ သီရိယာမပျို့။[၁]