သင်္ဂြိုဟ်ဝိုးဝါး အပါယ်လား၊ ရှေ့နေဝိုးဝါး အရှုံးများ၊ သမားဝိုးဝါး အသေများ

သင်္ဂြိုဟ်ဝိုးဝါး အပါယ်လား၊ ရှေ့နေဝိုးဝါး အရှုံးများ၊ သမားဝိုးဝါး အသေများ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ် ပြင်ဆင်ရန်

သင်္ဂြိုဟ်ကျမ်းလာ အဘိဓမ္မာသဘော၌ ဝိုးတိုးဝါးတားဖြစ်၍ အယူအဆမှားလျှင် အပါယ်လားနိုင်သည်။ ရှေ့နေသည် အမှုလိုက်ရာ၌ ဝိုးတိုးဝါးတား ဖြစ်လျှင် အရှုံးများနိုင်သည်။ ဆေးသမားသည် ဆေးကုရာ၌ ဝိုးတိုးဝါးတား ဖြစ်လျှင် လူနာ အသေအပျောက်များနိုင်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။